Sponsored

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ဂျူဗင်တပ်နောက်ခံလူ ရူဂါနီ ရဲ့ချစ်သူမှာလည်းကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း၊ ရူဂါနီရဲ့ချစ်သူထံမှာကိုယ်ဝန်လေးလရှိနေချိန်မှာ ဗိုင်းရပ်စ်ကူးစက်ခံ နေရတာဖြစ်ကြောင်း သိရပါတယ်။ ရူဂါနီနဲ့ချစ်သူဖြစ်သူပါစီယိုတို့ နှစ်ဦးဟာလက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သီခြားနေထိုင်နေရတယ်လို့သိရပါတယ်။

Getty Images

သီခြားနေထိုင်ရပေမယ့် ချစ်သူပါစီယိုမှာကိုယ်ဝန်လေးလ ရှိနေရာကိုရိုနာဗိုင်းရပ်စ်ကြောင့် စိုးရိမ် စရာဖြစ်နေတယ်လို့ သတင်းတွေကဆိုပါတယ်။ ရူဂါနီ ရဲ့ချစ်သူဖြစ်သူ ပါစီယို က “ ဘာတွေဖြစ် နေသလဲဆိုတာကျွန်မ သိပါတယ်။ကိုရိုနာဗိုင်းရပ်စ်ဟာ ကျွန်မကိုယ်ဝန်ကိုမထိခိုက်စေဖို့ မျှော် လင့်တယ်။ ဆရာဝန်တွေကတော့ ကိုရိုနာဗိုင်းရပ်စ် ဟာ ကျွန် မကိုယ်ဝန်ကိုမထိခိုက်ဘူးလို့ ပြောပေမယ့် ကျွန်မကတော့ စိုးရိမ်နေတယ်။ “ လို့ပြောပါတယ်။

ရူဂါနီမှာကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက်ဂျူဗင်တပ်အသင်းဟာ အသင်းရဲ့ ကစားသမား အားလုံး၊ နည်းပြအဖွဲ့ဝင်တွေအပါအဝင် အသင်းနဲ့ ဆက်စပ်သူလူပေါင်း ၁၂၁ ဦးကို ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရမှု ရှိမရှိ စောင့်ကြည့်နေပြီး ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ဆောင် နေပါတယ်။

Sponsored
Getty Images

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ရူဂါနီဟာလက်ရှိအချိန်မှာ နေထိုင်ရ သက်သာကောင်းမွန် နေကြောင်း ဆိုပါတယ်။ ရူဂါနီရဲ့ချစ်သူ ပါစီယိုဟာ အီတလီရုပ်သံမှာ အစီအစဉ်တင်ဆက်သူဖြစ်ပြီး ရူဂါနီ နဲ့ ချစ်ကြိုက်မှု ၂ နှစ်ကျော်ရှိနေတယ်လို့ အီတလီ မီဒီယာတွေကဆိုပါတယ်။

Zego ( Sports Reader )
Source: Daily Mail

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *