Sponsored

လွန်ခဲ့တဲ့ နှစ်တွေက မြန်မာနိုင်ငံရဲ့ အလှဆုံးမင်းသမီးတစ်ဦးအနေနဲ့ ရပ်တည်ခဲ့တဲ့ အကယ်ဒမီများရှင်မေသန်းနုကတော့ လက်ရှိမှာ ငွေ သိန်းပေါင်း (၁၂၀၀) လိမ်လည်မှုနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁နှစ် ချမှတ်ခံခဲ့ရတာကြောင့် ပရိသတ်တွေအားလုံး စိတ်မကောင်းဖြစ်နေကြတာပါ။

အခုချိန်မှာလဲ သရုပ်ဆောင် ရိုတ က မေသန်းနုဆီက အကြွေး သိန်း (၄၀) မရသေးဘူးလို့ အင်တာဗျူးတစ်ခုမှာ ရင်ဖွင့်သွားခဲ့ပါတယ်။ သရုပ်ဆောင် ရိုတ ပြောတာကတော့

@Facebook

ကျွန်တော် ဗီဒီယိုဖိုင်တွေ သိမ်းထားတာ ရှိပါတယ်။ ကျွန်တော့်အတွက်ကတော့ ပိုက်ဆံကတော့ တန်ဖိုးကြီးတာပေါ့လေ။ တဖက်သားကိုလဲ မထိခိုက်စေချင်တော့ မပြောချင်ဘူး။ သူက ကိုယ်ချစ်ရတဲ့သူလေ။ အမုန်းလဲ မပွားချင်ဘူး။ တဆင့် စာချုပ်တွေလဲ ရှိတယ်။ သူပေးနိုင်သလောက် ပေးဖို့လဲ မေတ္တာရပ်ခံပြီး ကျွန်တော် သွားတောင်းသေးတယ်။

Sponsored

(၄၀) ဆိုလဲ (၁၀) လောက်ပေးလိုပေးငြားပေါ့လေ။ ဒါပေမဲ့ မရသေးဘူးပေါ့လေ။ ကျွန်တော် “ချစ်ရင်ချစ်တယ်” တေးစီးရီး မိတ်ဆက်ပွဲတုန်းကလဲ ဒီအကြောင်းကို ချပြချင်သေးတယ်။ ဒါပေမဲ့ အိမ်က “မချပြပါနဲ့ သားရယ်” လို့ ပြောလို့ ကျွန်တော် မချပြခဲ့ပါဘူး။

@Facebook

အရမ်းကို အကူအညီပေးချင်ပြီး ငိုယိုနေတဲ့သူတွေလဲ ရှိတယ်။ အဲလူတွေကိုလဲ ပြောချင်တယ်။ အဲလို ငိုယိုနေမယ့်အစား အရမ်းသနားနေရင် အထုပ်ပိုက်ပြီး ထောင်ထဲ တခါတည်း လိုက်သွားပါလားလို့။ ဒါမှမဟုတ် ငွေကို စိုက်ပေးလိုက်ပါလားလို့ ပြောချင်ပါတယ်။

ကာယကံရှင်လောက် အကြောင်းစုံ သေချာမသိဘဲနဲ့ နာမည်ကြီးချင်တာတစ်ခုတည်းနဲ့ အိုဗာတင်းတွေလုပ်ပြမနေကြနဲ။့ သိပ်ကိုယ်ချင်းစာတတ်နေရင် ထောင်ထဲ အထုပ်ပိုက်ပြီးလိုက်သွားပါ” လို့ ရိုတကတော့ ဖြေကြားသွားခဲ့ပါတယ်။

ရုပ်သံကြည့်ရန် ပုံကိုနှိပ်ပါ

video credit – celegabar

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *