Sponsored

ဘရာဇီးတိုက်စစ်မှူးဟောင်းရော်နယ်ဒင်ဟိုဟာ အသက် ၄၀ ပြည့်မွေးနေ့ကို ပါရာဂွေးအကျဉ်း ထောင်ထဲမှာ တစ်ဦးတည်းဖြတ်သန်းခဲ့ရတယ်လို့သိရပါတယ်။ ကမ္ဘာအကောင်းဆုံးဘောလုံး သ မားဆုရယူနိုင်ခဲ့တဲ့ ဘာစီလိုနာတိုက်စစ်မှူးဟောင်း ရော်နယ်ဒင်ဟိုဟာနိုင်ငံကူးလက်မှတ် အတု ကိုင်ဆောင်ပြီး ပါရာဂွေးနိုင်ငံထဲ ဝင်ရောက်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူလည်းဖြစ် ပါတယ်။

Getty Images

ပါရာဂွေးအကျဉ်းထောင်အတွင်း ရှိအခြားအကျဉ်းသားတွေ ဟာ ရော်နယ်ဒင်ဟို မွေးနေ့ကျင်းပဖို့ မွေးနေ့ကိတ်တစ်ခုနဲ့ BBQ လက်ဆောင်ပေးခဲ့ရာ ရော်နယ်ဒင်ဟိုဟာ ပျော်ရွင်ကျေနပ်နေခဲ့ပါ တယ်။ရော်နယ်ဒင်ဟို ဟာ သူ့အမှုကိုထောင်ထဲမှရင်ဆိုင်ရမှာဖြစ်ရာပါရာဂွေးအကျဉ်းထောင် ထဲမှာအနည်းဆုံး ၆ လခန့်နေထိုင်ရဖွယ်ရှိနေပါတယ်။

ရော်နယ်ဒင်ဟိုဟာ အကျဉ်းထောင်ထဲမှာလည်း ဘောလုံး ပြိုင်ပွဲ ဝင်ရောက်ကစားခဲ့ပြီး အဲဒီပြိုင် ပွဲမှာကိုယ်တိုင်ငါးဂိုးသွင်းယူခဲ့ရာ ဆုကြေးအဖြစ် အလေးချိန် ၁၆ ကီလိုဂရမ်ရှိဝက်တစ်ကောင်ရ ရှိခဲ့ပါတယ်။ ရော်နယ်ဒင်ဟိုဟာအကျဉ်းထောင်အရာရှိတွေနဲ့ ဆွေးနွေးပြီးနောက် ဘောလုံးပြိုင် ပွဲကို ဝင်ရောက်ကစားခဲ့ရာ သူတို့ ဘောလုံးအသင်းဟာအခြားပြိုင်ဘက် အသင်းကို ၁၁ ဂိုး ၂ ဂိုး နဲ့အနိုင်ရခဲ့ပြီး ဆုရရှိခဲ့တာလည်းဖြစ်ပါတယ်။

Sponsored
Getty Images

ရော်နယ်ဒင်ဟိုဟာလက်ရှိအချိန်မှာ သူရဲ့အသက် ၄၀ ပြည့်မွေးနေ့ကို ထောင်ထဲမှာ တစ်ဦးတည်း သာ ကုန်ဆုံးခဲ့ရပြီး အရင်နဲ့ နှိုင်းယှဉ်ရင်များစွာ ကွဲပြားခြားနားသွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အေစီမီလန်တိုက်စစ်မှူးဟောင်းရော်နယ်ဒင်ဟိုဟာ အရင်ကဆိုရင် မွေးနေ့ပွဲကို မိတ်ဆွေ၊ သူ ငယ်ချင်းတွေနဲ့အတူ ဟိုတယ်တွေမှာ သိန်းချီအကုန်ခံကာကျင်းပနိုင်ခဲ့သူဖြစ်ပါတယ်။

ရော်နယ်ဒင်ဟိုဟာ သူရဲ့အသက် ၂၆ နှစ်ပြည့်မွေးနေ့ကိုဘာစီလိုနာမြို့ ရှိ နိုက်ကလပ်မှာ နံနက် ၆ နာရီအထိကျင်းပခဲ့ဖူးပြီး အသက် ၃၂ နှစ် မွေးနေ့ကိုလည်း ငွေသိန်းချီအကုန်ခံကာ ဘရာဇီးနိုင်ငံ ရီယိုဂျနေရိုး မြို့ရှိ ဇီမ်ခံဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

Getty Images

လက်ရှိအချိန်မှာတော့ ရော်နယ်ဒင်ဟိုရဲ့လူနေမှုဘဝကဝမ်းနည်းဖွယ်ကောင်းတဲ့ အခြေနေမျိုး တွေရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ ရော်နယ်ဒင်ဟိုရဲ့မွေးနေ့မှာ ၂၀၀၂ ခုနှစ် ကမ္ဘာဖလားချန်ပီယံဆု ရယူနိုင်တဲ့ဘရာဇီးအသင်း ဖော်ဟောင်းတွေဖြစ်တဲ့ ရော်နယ်ဒို ၊ ရောဘတ်တို ကားလိုစ့်တို့ကအင် စတာဂရမ်ကနေ ဆုတောင်းစကားတွေ ပြောဆိုခဲ့ပါတယ်။

Getty Images

ဒါ့အပြင်ဘာစီလိုနာအသင်းမှာအတူ တွဲကစားခဲ့ဖူးတဲ့ တိုက်စစ်မှူးဟောင်း အီတူးကလည်း ရော်နယ်ဒင်ဟိုအတွက် ပျော်ရွင်စရာမွေး နေ့ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးခဲ့ကြောင်းသိရပါတယ်။

Zego ( Sports Reader )

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *