ပိုက္ဆံရွိမိဘမ်ား သားသမီးမ်ားကို ပုဂၢလိကေက်ာင္းထားသည့္အစဥ္အလာကို အားမေပးလိုဟု ႏိုင္ ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ဆို

ဓာတ္ပံု - အတုိင္ပင္ခံရံုး

ပိုက္ဆံရွိ သည့္မိဘမ်ားအေနႏွင့္၄င္းတို႔၏သားသမီးမ်ားအား ပုဂၢလိက ေက်ာင္းထားသည့္အစဥ္အလာ ကို အားမေပးခ်င္ဟုႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ ဆန္းစုၾကည္ကေျပာသည္။

ဩဂုတ္ ၁၂ ရက္၊ ေနျပည္ ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ ရာကြန္ဗင္းရွင္းဗဟိုဌာန-၂တြင္ က်င္းပသည့္အျပည္ျပည္ဆိုင္ရာ လူငယ္မ်ားေန႔အခမ္းအနား၌ ၄င္းက အထက္ပါအတိုင္း ထည့္ သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

“”ပိုက္ဆံရွိတဲ့မိဘမ်ားဟာ သူတို႔ရဲ႕သားသမီးေတြကို ပုဂၢလိ ကေက်ာင္းေတြကို လႊတ္တယ္ဆို တဲ့အစဥ္အလာကို ကြၽန္မအားမ ေပးခ်င္ပါဘူး””ဟု ၄င္းကေျပာ သည္။

တခ်ိဳ႕ေသာႏိုင္ငံမ်ားတြင္ အစိုးရေက်ာင္းသည္ ပုဂၢလိက ေက်ာင္းမ်ားထက္ပင္ ပို၍ေကာင္း ေၾကာင္း ယင္းသို႔ေသာစနစ္မ်ိဳး ကို ျမန္မာႏိုင္ငံ၌ ထူေထာင္ခ်င္ ေၾကာင္း ၄င္းကေျပာသည္။

ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ားအ ေနျဖင့္ ဆင္းရဲခ်မ္းသာ၊ ေတာေန ၿမိဳ႕ေနမေ႐ြး အားလုံးအေကာင္း ဆုံးပညာေရးကိုရရွိႏိုင္သည့္ ႏိုင္ငံ မ်ိဳးျဖစ္ေစခ်င္သည္ဟု ႏိုင္ငံေတာ္ အတိုင္ပင္ခံကဆိုသည္။

ဓာတ္ပံု – အတုိင္ပင္ခံရံုး

“”အမွတ္အမ်ားဆုံးသူက အ ေတာ္ဆုံးဆိုသည့္ အေျမာ္အျမင္ ရွိသည့္အတြက္ မည္သူကအမွတ္ အမ်ားဆုံးရမလဲဆိုေသာ စိတ္ ဓာတ္ျဖင့္ ေဆာင္႐ြက္ျခင္းေၾကာင့္ ပညာသင္ျခင္း၏ အျခားေသာ တန္ဖိုးမ်ားကို ေမ့သြားတတ္ေၾကာင္း ပညာသင္ျခင္းသည္ အမွတ္မ်ား မ်ားရေအာင္ လုပ္ျခင္းဟုထင္ျမင္ လာျခင္း စသည့္စိတ္မ်ားကို ေျပာင္း လဲရန္လိုအပ္ေၾကာင္း ယင္းသို႔ ေျပာင္းလဲရာတြင္ ဆရာႏွင့္ေက်ာင္း သားမ်ား၌သာမဟုတ္ဘဲ မိဘမ်ား တြင္လည္း တာဝန္ရွိေၾကာင္း ၄င္း က ေျပာသည္။

“”လူငယ္မ်ားအားလုံး ပါဝင္ ၿပီး ပညာေရးစနစ္ျပဳျပင္ေျပာင္း လဲဖို႔လုပ္တဲ့ေနရာမွာ လူငယ္ေတြ က ကိုယ့္ကိုယ္ကိုယ္ကစၿပီးျပဳျပင္ ေျပာင္းလဲရပါလိမ့္မယ္။ ကိုယ့္ ကိုယ္ကိုယ္ မျပဳျပင္မေျပာင္းလဲ ဘဲနဲ႔ တျခားကိစၥေတြကို ျပဳျပင္ ေျပာင္းလဲလို႔မရပါဘူး။ ပညာေရး စနစ္အတြက္ အဓိကတာဝန္ယူ ထားတဲ့ အစိုးရဘက္ကလည္း ျပဳ ျပင္ေျပာင္းလဲရပါလိမ့္မယ္။ အစိုး ရပညာေရးဌာနကလည္း အားလုံး ဝိုင္းၿပီးေတာ့ျပဳျပင္ေျပာင္းလဲသင့္တဲ့ေနရာမွာ ျပဳျပင္ေျပာင္းလဲရ မွာျဖစ္ပါတယ္”” ဟု၄င္းကေျပာ သည္။

ပညာေရးႏွင့္ပတ္သက္ၿပီး ယခု ႏွစ္ႏွစ္၊ သုံးႏွစ္အတြင္း အ ေျပာင္းအလဲေတာ္ေတာ္မ်ားမ်ား ရွိသည္ကို တခ်ိဳ႕လည္း သတိျပဳ မိမည္ဟုထင္ေၾကာင္း ေဒၚေအာင္ ဆန္းစုၾကည္ကေျပာသည္။

“”ႏွစ္ႏွစ္ဆိုတဲ့ကာလဟာ မ မ်ားပါဘူး။ႏွစ္ႏွစ္အတြင္းမွာ သိ သိသာသာအေျပာင္းအလဲေတြ ျဖစ္ေအာင္ ကြၽန္မတို႔လုပ္ႏိုင္တယ္ ဆိုရင္ မွန္မွန္ကန္ကန္မူဝါဒေတြ ခ်လိုက္ၿပီဆိုရင္ ကြၽန္မတို႔အမ်ား ႀကီး တိုးတက္ႏိုင္မယ္လို႔ ယူဆ ပါတယ္””ဟု
၄င္းကေျပာသည္။

အခ်ိန္ကို လူငယ္မ်ား ျပည့္ ျပည့္ဝဝတန္ဖိုးရွိေအာင္ အသုံး ခ်ႏိုင္ေရးမွာ အစိုးရႏွင့္အဓိက သက္ဆိုင္ၿပီး အစိုးရ၏မူဝါဒမ်ား အရ လူငယ္မ်ားအားလုံး ပညာ ဆည္းပူးႏိုင္ေရးအတြက္ ႀကိဳးစား ရမည္ဟု ႏိုင္ငံေတာ္အတိုင္ပင္ခံ ကေျပာသည္။
ပညာေရးစနစ္ျပဳျပင္ေျပာင္း လဲရာတြင္ အတိတ္ကက်န္ခဲ့သည့္ အေျခအေနကို ျပန္လည္ျပဳျပင္ ျခင္းႏွင့္ အနာဂတ္အတြက္ဖန္တီး တီထြင္ ျပဳျပင္ေျပာင္းလဲျခင္းျဖစ္ ၿပီး ျမန္မာႏိုင္ငံသည္ ဖြံ႕ၿဖိဳးမႈေနာက္ က်သည့္ႏိုင္ငံျဖစ္သျဖင့္ ျပဳျပင္ ေျပာင္းလဲမႈႏွစ္မ်ိဳးစလုံးလုပ္ေဆာင္ ရန္ လိုအပ္မည္ျဖစ္ေၾကာင္းလည္း ဆက္လက္ေျပာသည္။

“”ပညာခ်ည္းသက္သက္ဆို တာ ဘယ္ႏွတန္းေအာင္ၿပီးၿပီ။ ဘြဲ႕ ဘယ္ေလာက္ရၿပီးၿပီ။ အဲဒီလို ဘြဲ႕ ေတြရ႐ုံနဲ႔လည္း ကြၽန္မတို႔ဟာ အေျမာ္အျမင္ရွိႏိုင္တာမဟုတ္ပါ ဘူး။ ဒါေၾကာင့္မို႔ ကြၽန္မတို႔ရဲ႕ပညာ ေရးစနစ္ဟာ ဉာဏ္ပညာအေျမာ္ အျမင္ရွိေစဖို႔ ဦးတည္တဲ့စြမ္းရည္ရွိ ဖို႔ အမ်ားႀကီးအေရးႀကီးပါတယ္””ဟု ၄င္းကေျပာသည္။

ျမန္မာႏိုင္ငံ၏ တကၠသိုလ္ ပညာေရးသည္ သုံးႏွစ္အတြင္း တက္လာေသာ္လည္း ေဒသတြင္း အျခားႏိုင္ငံမ်ား၏ တကၠသိုလ္မ်ား တိုးတက္မႈႏႈန္းႏွင့္ႏႈိင္းယွဥ္ပါက တိုးတက္မႈေႏွးေနေသးေၾကာင္း ၄င္းကေျပာသည္။

Source: Democracy Today


#Unicode version

ပိုက်ဆံရှိ သည့်မိဘများအနေနှင့်၎င်းတို့၏သားသမီးများအား ပုဂ္ဂလိက ကျောင်းထားသည့်အစဉ်အလာ ကို အားမပေးချင်ဟုနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကပြောသည်။

ဩဂုတ် ၁၂ ရက်၊ နေပြည် တော်ရှိ မြန်မာအပြည်ပြည်ဆိုင် ရာကွန်ဗင်းရှင်းဗဟိုဌာန-၂တွင် ကျင်းပသည့်အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနား၌ ၎င်းက အထက်ပါအတိုင်း ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“”ပိုက်ဆံရှိတဲ့မိဘများဟာ သူတို့ရဲ့သားသမီးတွေကို ပုဂ္ဂလိ ကကျောင်းတွေကို လွှတ်တယ်ဆို တဲ့အစဉ်အလာကို ကျွန်မအားမ ပေးချင်ပါဘူး””ဟု ၎င်းကပြော သည်။

တချို့သောနိုင်ငံများတွင် အစိုးရကျောင်းသည် ပုဂ္ဂလိက ကျောင်းများထက်ပင် ပို၍ကောင်း ကြောင်း ယင်းသို့သောစနစ်မျိုး ကို မြန်မာနိုင်ငံ၌ ထူထောင်ချင် ကြောင်း ၎င်းကပြောသည်။

နိုင်ငံသူ၊ နိုင်ငံသားများအ နေဖြင့် ဆင်းရဲချမ်းသာ၊ တောနေ မြို့နေမရွေး အားလုံးအကောင်း ဆုံးပညာရေးကိုရရှိနိုင်သည့် နိုင်ငံ မျိုးဖြစ်စေချင်သည်ဟု နိုင်ငံတော် အတိုင်ပင်ခံကဆိုသည်။

“”အမှတ်အများဆုံးသူက အ တော်ဆုံးဆိုသည့် အမြော်အမြင် ရှိသည့်အတွက် မည်သူကအမှတ် အများဆုံးရမလဲဆိုသော စိတ် ဓာတ်ဖြင့် ဆောင်ရွက်ခြင်းကြောင့် ပညာသင်ခြင်း၏ အခြားသော တန်ဖိုးများကို မေ့သွားတတ်ကြောင်း ပညာသင်ခြင်းသည် အမှတ်များ များရအောင် လုပ်ခြင်းဟုထင်မြင် လာခြင်း စသည့်စိတ်များကို ပြောင်း လဲရန်လိုအပ်ကြောင်း ယင်းသို့ ပြောင်းလဲရာတွင် ဆရာနှင့်ကျောင်း သားများ၌သာမဟုတ်ဘဲ မိဘများ တွင်လည်း တာဝန်ရှိကြောင်း ၎င်း က ပြောသည်။

“”လူငယ်များအားလုံး ပါဝင် ပြီး ပညာရေးစနစ်ပြုပြင်ပြောင်း လဲဖို့လုပ်တဲ့နေရာမှာ လူငယ်တွေ က ကိုယ့်ကိုယ်ကိုယ်ကစပြီးပြုပြင် ပြောင်းလဲရပါလိမ့်မယ်။ ကိုယ့် ကိုယ်ကိုယ် မပြုပြင်မပြောင်းလဲ ဘဲနဲ့ တခြားကိစ္စတွေကို ပြုပြင် ပြောင်းလဲလို့မရပါဘူး။ ပညာရေး စနစ်အတွက် အဓိကတာဝန်ယူ ထားတဲ့ အစိုးရဘက်ကလည်း ပြု ပြင်ပြောင်းလဲရပါလိမ့်မယ်။ အစိုး ရပညာရေးဌာနကလည်း အားလုံး ဝိုင်းပြီးတော့ပြုပြင်ပြောင်းလဲသင့်တဲ့နေရာမှာ ပြုပြင်ပြောင်းလဲရ မှာဖြစ်ပါတယ်”” ဟု၎င်းကပြော သည်။

ပညာရေးနှင့်ပတ်သက်ပြီး ယခု နှစ်နှစ်၊ သုံးနှစ်အတွင်း အ ပြောင်းအလဲတော်တော်များများ ရှိသည်ကို တချို့လည်း သတိပြု မိမည်ဟုထင်ကြောင်း ဒေါ်အောင် ဆန်းစုကြည်ကပြောသည်။

“”နှစ်နှစ်ဆိုတဲ့ကာလဟာ မ များပါဘူး။နှစ်နှစ်အတွင်းမှာ သိ သိသာသာအပြောင်းအလဲတွေ ဖြစ်အောင် ကျွန်မတို့လုပ်နိုင်တယ် ဆိုရင် မှန်မှန်ကန်ကန်မူဝါဒတွေ ချလိုက်ပြီဆိုရင် ကျွန်မတို့အများ ကြီး တိုးတက်နိုင်မယ်လို့ ယူဆ ပါတယ်””ဟု
၎င်းကပြောသည်။

အချိန်ကို လူငယ်များ ပြည့် ပြည့်ဝဝတန်ဖိုးရှိအောင် အသုံး ချနိုင်ရေးမှာ အစိုးရနှင့်အဓိက သက်ဆိုင်ပြီး အစိုးရ၏မူဝါဒများ အရ လူငယ်များအားလုံး ပညာ ဆည်းပူးနိုင်ရေးအတွက် ကြိုးစား ရမည်ဟု နိုင်ငံတော်အတိုင်ပင်ခံ ကပြောသည်။
ပညာရေးစနစ်ပြုပြင်ပြောင်း လဲရာတွင် အတိတ်ကကျန်ခဲ့သည့် အခြေအနေကို ပြန်လည်ပြုပြင် ခြင်းနှင့် အနာဂတ်အတွက်ဖန်တီး တီထွင် ပြုပြင်ပြောင်းလဲခြင်းဖြစ် ပြီး မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုနောက် ကျသည့်နိုင်ငံဖြစ်သဖြင့် ပြုပြင် ပြောင်းလဲမှုနှစ်မျိုးစလုံးလုပ်ဆောင် ရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ဆက်လက်ပြောသည်။

“”ပညာချည်းသက်သက်ဆို တာ ဘယ်နှတန်းအောင်ပြီးပြီ။ ဘွဲ့ ဘယ်လောက်ရပြီးပြီ။ အဲဒီလို ဘွဲ့ တွေရရုံနဲ့လည်း ကျွန်မတို့ဟာ အမြော်အမြင်ရှိနိုင်တာမဟုတ်ပါ ဘူး။ ဒါကြောင့်မို့ ကျွန်မတို့ရဲ့ပညာ ရေးစနစ်ဟာ ဉာဏ်ပညာအမြော် အမြင်ရှိစေဖို့ ဦးတည်တဲ့စွမ်းရည်ရှိ ဖို့ အများကြီးအရေးကြီးပါတယ်””ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ၏ တက္ကသိုလ် ပညာရေးသည် သုံးနှစ်အတွင်း တက်လာသော်လည်း ဒေသတွင်း အခြားနိုင်ငံများ၏ တက္ကသိုလ်များ တိုးတက်မှုနှုန်းနှင့်နှိုင်းယှဉ်ပါက တိုးတက်မှုနှေးနေသေးကြောင်း ၎င်းကပြောသည်။

Source: Democracy Today