Sponsored

ရန်ကုန်တိုင်း၊ လသာမြို့နယ်ရှိ လမ်းမတော်လမ်းသံဈေးမှာ ဒီမနက် ၆ နာရီလောက်က စတင်တဲ့ မီးလောင်ကျွမ်းမှုကို Level 5 အဆင့် မီးငြှိမ်းသတ်နေရာမှာ ၈ နာရီခွဲအချိန်မှာ မီး ထိန်းနိုင်ခဲ့ပြီး မနက် ၉ နာရီ ၁၀ မိနစ်မှာ မီးငြိမ်းသွားပြီလို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

လမ်းမတော် သံဈေးမီးလောင်မှုမှ ပိတ်မိနေသည့် လူအားလုံး ကယ်ထုတ်နိုင်ပြီဟု လို့ လည်းထွက်ပေါ်လာတဲ့ သတင်းများအရ ကြားသိရပါတယ်။

Photo – Ye Ko / MPA

ကယ်ထုတ်ထားသည့် လူများအနက်မှ အသက်ရှုမွန်ကျပ်လူနာ သက်ကြီးပိုင်း ၃ ဦးခန့်နှင့် ၇ နှစ်အရွယ် ကလေးငယ်တဦးကို ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သိရသည်။

Sponsored

ကယ်ဆယ်ရေးသမား ကိုကျော်မင်းဦးက “၈၃ ယောက်ကယ်ထုတ်ပြီးပြီ၊ အထဲမှာရှိနေသေးလား ရှာဖွေနေတုန်းပဲ” ဟု ပြောသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ နံနက် ၈ နာရီခွဲခန့်တွင် မီးထိန်းနိုင်ခဲ့ပြီဖြစ်သည်။ ထို့ပြင် ၎င်းတို့၏နောက်ဆုံးအချက်အလက်များအရ လူပေါင်း ၈၃ ဦး ကို ကယ်ထုတ်ပြီးပြီဟု သိရသည်။

“အခုအပြီးသတ်နေပါပြီ နောက်တစ်နာရီလောက်အတွင်းမှာ မီးငြိမ်းနိုင်ပါပြီ” ဟု ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ‌ေပြောသည်။

Photo – Ye Ko / MPA

မီးသတ်ကား အစီး ၁၀၀ နှင့် မီးသတ်တပ်ဖွဲ့ဝင်အင်အား ၃၀၀ ခန့်ဖြင့် ငြိမ်းသတ်နိုင်ခဲ့သည်ဟုဆိုသည်။

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် လမ်းမတော်လမ်းရှိ လူနေအိမ်များနှင့် ဈေး ပူးပေါင်းဆောက်လုပ်ထားသည့် သံဈေးသည် ယနေ့ နံနက် ၅ နာရီကတည်းက မီး စတင်လောင်ကျွမ်းခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြသည်။

မီးလောင်တဲ့နေရာကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးအပါအဝင် အစိုးရတာဝန်ရှိသူတွေ မီးလောင်ပြင်ကို လာရောက် ကြည့်ရှုစစ်ဆေးနေပါတယ်။

မီးလောင်ရခြင်းအကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုပမာဏကိုတော့ အခုချိန်ထိမသိရသေးပါဘူး။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *