Sponsored

COVID – 19 ရောဂါ ရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများ ကုန်ကြမ်းပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး စီးပွားရေးဌာန၊

Photo: Than Htaik

China Enterprise Chamber of Commerce in Myanmar (CECCM ) တို့ ပူးပေါင်းစီစဉ်မှုဖြင့် အထည်ချုပ်စက်ရုံများအတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းနှင့် လေကြောင်းလိုင်းများမှ တင်ပို့လျက်ရှိရာ မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ CMP ကုန်ကြမ်း မော်တော်ယာဉ် အစီး (၅၀)ခန့် နေ့စဉ်တင်သွင်းလျက်ရှိပါတယ်။

ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုးမြို့မှ AQ – 1359 Cargo ကုန်တင်လေယာဉ်ဖြင့် သယ်ဆောင်လာသည့် ကုန်ကြမ်း ပစ္စည်းများမှာ ယမန်နေ့(မတ် ၁၇)ည ၁၀ နာရီခွဲက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ခဲ့ပါတယ်။

Sponsored

ယင်းပစ္စည်းများမှာ မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံ(၁၁)ရုံအတွက် အရေးပေါ်လိုအပ်လျှက်ရှိသော ကုန်ကြမ်းပစ္စည်းများ(စုစုပေါင်း ၁၅တန်)ဖြစ်ကြောင်းသိရသည်။

Source: Myanmar Digital News, MNA

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *