အိႏိၵယရဲ႕၀င္ခြင့္အခက္ဆံုးေဆးတကၠသုိလ္ကို ေအာင္ျမင္ခဲ့တဲ့ အမိႈက္ေကာက္သူရဲ႕ သား

thelogicalindian

AIIMS (All India Institutes of Medical Sciences) ေဆးေက်ာင္း၀င္ခြင့္ စာေမးပြဲဟာ အိႏိၵယႏိုင္ငံမွာ အခက္ဆံုးစာေမးပြဲတစ္ခု ျဖစ္ပါတယ္။ ေက်ာင္းသားေပါင္း သိန္းနဲ႔ခ်ီၿပီး ၀င္ေျဖၾကတဲ့ အထဲမွာ စာေမးပြဲေအာင္သူဦးေရဟာ (၁)ရာခုိင္ႏႈန္းေတာင္ မျပည့္ပါဘူး။ ဒီေလာက္ခက္ခဲတဲ့ စာေမးပြဲမွာ အက္ရွာရမ္ ရိႈ႕ဟာရီဟာ ေအာင္ျမင္ခဲ့ၿပီး အခုဆိုရင္ အက္ရွာရမ္ဟာ AIIMS ကို ဂ်ိဳပူးၿမိဳ႕ေဆးတကၠသိုလ္မွာ တက္ေရာက္ခြင့္ ရေနၿပီ ျဖစ္ပါတယ္။

thelogicalindian

စာအရမ္းၾကိဳးစားလုိ႔ ေဆးေက်ာင္း၀င္ခြင့္ရတာဟာ မထူးဆန္းေပမယ့္ အက္ရွာရမ္မွာ ေနာက္ထပ္ ထူးျခားခ်က္တစ္ခု ရွိေနပါေသးတယ္။ အက္ရွာရမ္ဟာ မက္ဒ္ယာပရာဒက္ရွ္ခရိုင္ ဒီ၀ါၿမိဳ႕က တဲပုတ္တစ္ခုမွာေနထိုင္တဲ့ အမိႈ္က္ေကာက္သမားတစ္ဦးရဲ႕ သားျဖစ္ပါတယ္။ ေနရတဲ့အိမ္က တဲပုတ္သာသာျဖစ္လို႔ လွ်ပ္စစ္မီးေတာင္ လံုလံုေလာက္ေလာက္မသံုးရတဲ့ အေျခအေနမ်ိဳးမွာ အက္ရွာရမ္ဟာ ၾကီးျပင္းခဲ့တာပါ။

thelogicalindian

The Logical Indian ကို အက္ရွာရမ္က အခုလိုေျပာျပခဲ့ပါတယ္။ “ကြ်န္ေတာ္ငယ္ငယ္တုန္းက အေဖက ရူပီး ၂၀၊၃၀ ေလာက္ပဲရွာႏိုင္တာ။ ရြာမွာက ေဒါက္တာရမ္းကုတစ္ေယာက္ရွိတယ္။ ရြာသားေတြက တစ္ခုခုဆို သူ႔ဆီပဲ သြားၾကတာဆုိေတာ့ လက္ဖ်ားေငြသီးတာေပါ့။ အဆင္ေျပလိုက္တာဆိုတာ။ ကြ်န္ေတာ္လည္း သူ႔ၾကည့္ၿပီးေတာ့ ဆရာ၀န္လုပ္ဖို႔ စိတ္ကူးရသြားတာပဲ။ ကြ်န္ေတာ္က ဘ၀ကို အဆင္ေျပေျပ ေနခ်င္တာဗ်။

အက္ရွာရမ္ဟာ (၁၀)တန္းစာေမးပြဲၿပီးတဲ့ေနာက္မွာ ဒက္ခ္နရွာနာေဖာင္ေဒးရွင္း၀င္ခြင့္စာေမးပြဲကို ေအာင္ျမင္ခဲ့ပါတယ္။ ဒက္ခ္ရွနာေဖာင္ေဒးရွင္းဟာ NGO အဖြဲ႔အစည္းတစ္ခုျဖစ္ၿပီး ဆင္းရဲႏြမ္းပါးတဲ့ ေက်ာင္းသားေက်ာင္းသူေတြကို ပညာေရးကူညီေထာက္ပံ့ေပးတဲ့ အဖြဲ႔လည္းျဖစ္ပါတယ္။ အက္ရွာရမ္ဟာ ပံုမွန္ေက်ာင္းတက္ေနရတဲ့အျပင္ ဒက္ခ္ရွနာရဲ႕ အတန္းေတြကိုလည္း တက္ခဲ့ရပါတယ္။

thelogicalindian

အက္ရွာရမ္က “ေအာင္ျမင္မႈရဖို႔ဆိုတာ လြယ္လြယ္ကူကူေတာ့ ဘယ္ဟုတ္ပါ့မလဲ။ ကြ်န္ေတာ္ တစ္ေန႔လံုး စာဖတ္ရတယ္။ တစ္ေန႔ကို (၂)နာရီ (၃)နာရီေလာက္ပဲ အိပ္ရတာ။ စာေမးပြဲမတိုင္ခင္ေတာ့ တစ္လေလာက္ၾကိဳၿပီး စာေတြအကုန္ျပန္ေႏႊးရတယ္။ လူတိုင္းလည္း အဲ့ဒီအခ်ိန္မွာ အိပ္ျပန္ၿပီး စာက်က္ၾကရတာပဲ။ ကြ်န္ေတာ္ကေတာ့ အိမ္မွာ လွ်ပ္စစ္မီးမရလို႔ ေရနံဆီမီးအိမ္ထြန္း ဒါမွမဟုတ္လည္း သူငယ္ခ်င္းအိမ္သြားၿပီး စာဖတ္ရတယ္။” လို႔သူၾကိဳးစားခဲ့ရပံုကို ေျပာျပခဲ့ပါတယ္။

အခုအခါမွာေတာ့ အက္ရွာရမ္ရဲ႕ ၾကိဳးစားခဲ့ရသမွ်ေတြဟာ အရာထင္လာခဲ့ပါၿပီ။ ေဆးေက်ာင္း၀င္ခြင့္ ေအာင္တဲ့ေန႔မွာေတာ့ အက္ရွာရမ္ရဲ႕ ဖခင္ၾကီးဟာ ၀မ္းသာလြန္းလို႔ တစ္ညလံုး မအိပ္ႏိုင္ရွာဘူးလို႔ သိရပါတယ္။ မိဘေတြက ဆင္းရဲခ်ိဳ႕တဲ့ေပမယ့္ ပညာလိုလားၿပီး ကိုယ္ရဲ႕ ရည္မွန္းခ်က္ျဖစ္တဲ့ ေဆးတကၠသိုလ္ကုိ တက္ႏိုင္ဖို႔ အားသြန္ခြန္စို္က္ ၾကိဳးစားခဲ့တဲ့ အက္ရွာရမ္ကေတာ့ လူငယ္ေတြ အတုယူထိုက္တဲ့ စံျပလူငယ္ေလးတစ္ဦးပဲျဖစ္ပါတယ္။

Ref: thelogicalindian
Via: Shwemom


#Unicode version

AIIMS (All India Institutes of Medical Sciences) ဆေးကျောင်းဝင်ခွင့် စာမေးပွဲဟာ အိန္ဒိယနိုင်ငံမှာ အခက်ဆုံးစာမေးပွဲတစ်ခု ဖြစ်ပါတယ်။ ကျောင်းသားပေါင်း သိန်းနဲ့ချီပြီး ဝင်ဖြေကြတဲ့ အထဲမှာ စာမေးပွဲအောင်သူဦးရေဟာ (၁)ရာခိုင်နှုန်းတောင် မပြည့်ပါဘူး။ ဒီလောက်ခက်ခဲတဲ့ စာမေးပွဲမှာ အက်ရှာရမ် ရှို့ဟာရီဟာ အောင်မြင်ခဲ့ပြီး အခုဆိုရင် အက်ရှာရမ်ဟာ AIIMS ကို ဂျိုပူးမြို့ဆေးတက္ကသိုလ်မှာ တက်ရောက်ခွင့် ရနေပြီ ဖြစ်ပါတယ်။

စာအရမ်းကြိုးစားလို့ ဆေးကျောင်းဝင်ခွင့်ရတာဟာ မထူးဆန်းပေမယ့် အက်ရှာရမ်မှာ နောက်ထပ် ထူးခြားချက်တစ်ခု ရှိနေပါသေးတယ်။ အက်ရှာရမ်ဟာ မက်ဒ်ယာပရာဒက်ရှ်ခရိုင် ဒီဝါမြို့က တဲပုတ်တစ်ခုမှာနေထိုင်တဲ့ အမှိုက်ကောက်သမားတစ်ဦးရဲ့ သားဖြစ်ပါတယ်။ နေရတဲ့အိမ်က တဲပုတ်သာသာဖြစ်လို့ လျှပ်စစ်မီးတောင် လုံလုံလောက်လောက်မသုံးရတဲ့ အခြေအနေမျိုးမှာ အက်ရှာရမ်ဟာ ကြီးပြင်းခဲ့တာပါ။

The Logical Indian ကို အက်ရှာရမ်က အခုလိုပြောပြခဲ့ပါတယ်။ “ကျွန်တော်ငယ်ငယ်တုန်းက အဖေက ရူပီး ၂၀၊၃၀ လောက်ပဲရှာနိုင်တာ။ ရွာမှာက ဒေါက်တာရမ်းကုတစ်ယောက်ရှိတယ်။ ရွာသားတွေက တစ်ခုခုဆို သူ့ဆီပဲ သွားကြတာဆိုတော့ လက်ဖျားငွေသီးတာပေါ့။ အဆင်ပြေလိုက်တာဆိုတာ။ ကျွန်တော်လည်း သူ့ကြည့်ပြီးတော့ ဆရာဝန်လုပ်ဖို့ စိတ်ကူးရသွားတာပဲ။ ကျွန်တော်က ဘဝကို အဆင်ပြေပြေ နေချင်တာဗျ။

အက်ရှာရမ်ဟာ (၁၀)တန်းစာမေးပွဲပြီးတဲ့နောက်မှာ ဒက်ခ်နရှာနာဖောင်ဒေးရှင်းဝင်ခွင့်စာမေးပွဲကို အောင်မြင်ခဲ့ပါတယ်။ ဒက်ခ်ရှနာဖောင်ဒေးရှင်းဟာ NGO အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားကျောင်းသူတွေကို ပညာရေးကူညီထောက်ပံ့ပေးတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ အက်ရှာရမ်ဟာ ပုံမှန်ကျောင်းတက်နေရတဲ့အပြင် ဒက်ခ်ရှနာရဲ့ အတန်းတွေကိုလည်း တက်ခဲ့ရပါတယ်။

အက်ရှာရမ်က “အောင်မြင်မှုရဖို့ဆိုတာ လွယ်လွယ်ကူကူတော့ ဘယ်ဟုတ်ပါ့မလဲ။ ကျွန်တော် တစ်နေ့လုံး စာဖတ်ရတယ်။ တစ်နေ့ကို (၂)နာရီ (၃)နာရီလောက်ပဲ အိပ်ရတာ။ စာမေးပွဲမတိုင်ခင်တော့ တစ်လလောက်ကြိုပြီး စာတွေအကုန်ပြန်နွှေးရတယ်။ လူတိုင်းလည်း အဲ့ဒီအချိန်မှာ အိပ်ပြန်ပြီး စာကျက်ကြရတာပဲ။ ကျွန်တော်ကတော့ အိမ်မှာ လျှပ်စစ်မီးမရလို့ ရေနံဆီမီးအိမ်ထွန်း ဒါမှမဟုတ်လည်း သူငယ်ချင်းအိမ်သွားပြီး စာဖတ်ရတယ်။” လို့သူကြိုးစားခဲ့ရပုံကို ပြောပြခဲ့ပါတယ်။

အခုအခါမှာတော့ အက်ရှာရမ်ရဲ့ ကြိုးစားခဲ့ရသမျှတွေဟာ အရာထင်လာခဲ့ပါပြီ။ ဆေးကျောင်းဝင်ခွင့် အောင်တဲ့နေ့မှာတော့ အက်ရှာရမ်ရဲ့ ဖခင်ကြီးဟာ ဝမ်းသာလွန်းလို့ တစ်ညလုံး မအိပ်နိုင်ရှာဘူးလို့ သိရပါတယ်။ မိဘတွေက ဆင်းရဲချို့တဲ့ပေမယ့် ပညာလိုလားပြီး ကိုယ်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဆေးတက္ကသိုလ်ကို တက်နိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားခဲ့တဲ့ အက်ရှာရမ်ကတော့ လူငယ်တွေ အတုယူထိုက်တဲ့ စံပြလူငယ်လေးတစ်ဦးပဲဖြစ်ပါတယ်။

Ref: thelogicalindian
Via: Shwemom