Sponsored

လတ်တလော ကူးစက်မြန် ရောဂါပိုးမှ ကာကွယ်လိုသူတွေအတွက် နည်းပညာနယ်ပယ်ဟာ ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းတွေကို ထောက်ပံ့ရာနေရာဖြစ်လာပါတယ်။ ဥပမာ လူထူထူ စားသောက်ဆိုင်တွေအစား အင်တာနက် အစားအသောက်ဝန်ဆောင်မှုတွေ၊ သူငယ်ချင်းတွေနဲ့အွန်လိုင်းမှ စကားပြောနိုင် တာတွေ အပြင် ရုံးသမားတွေအတွက်လည်း အိမ်မှတဆင့် အလုပ်လုပ်နိုင်ခြင်း တို့ဖြစ်ပါတယ်။

ယခုဆို နည်းပညာတိုးတက်မှုကို အကူအညီယူပြီး အလုပ်ရှင်တွေဟာ အလုပ်သမားတွေကို အိမ်မှ အလုပ်လုပ်စေခြင်း ၊ အရေးကြီးအစည်အဝေးများကို Group Video Chat မှတဆင့် လုံခြုံစွာပြုလုပ်နိုင်ခြင်းတို့ကို ပြုလုပ်လာနိုင်ကြပါတယ်။ ဒါ့အပြင် သင့်မှာ အင်တာနက်လိုင်းရှိပါက နေ့စဉ်အသုံးအဆောင်တွေကို Amazon လို အင်တာနက် ဈေးဝယ်ဝန်ဆောင်မှုတွေကတဆင့်လည်း အလွယ်တကူမှာယူနိုင်ပြီလည်းဖြစ်ပါတယ်။ ယခုလို နည်းပညာရဲ့အကူအညီအထောက်အပံ့ဟာ လက်တလော ဖြစ်ပေါ်နေတဲ့ Coronavirsu ကို ကာကွယ်နိုင်စေမယ့် နည်းလမ်းတစ်ခုလဲဖြစ်လာပါတယ်။

လက်တလော ရောဂါကူးစက်မှုမြန်ဆန်နေတဲ့ အီတလီလိုနိုင်ငံမျိုးမှာ တစ်မြို့တည်းနေ မိသားစုတွေတောင် Video chatting အသုံးပြုကာ အနီးအနားရှိနေတဲ့ ခံစားချက်မျိုးကိုပေးစွမ်းနိုင်လာပါတယ်။ ဒါ့အပြင် Facetime လို video chatting app တွေဟာ ဆရာဝန်တွေနဲ့ ဆေးပညာအကူအညီတွေကိုပါ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ရောဂါပိုးအကာအကွယ်အသုံးအဆောင်တွေကို လူများတဲ့ ဈေးဝယ်စင်တာတွေမှာသွားတန်စီနေစရာမလိုပဲ အင်တာနက်ကနေတဆင့် အလွယ်တကူမှာယူနိုင်ပါတယ်။ တရုတ်နိုင်ငံမှာဆို online ဝန်ဆောင်မှုတွေကို လူအစားထိုးစက်ရုပ်တွေမှာကင်မရာတပ်ဆင်ကာ ပို့ဆောင်ပေးနေပါပြီ။
သင်ဟာ နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ပါက သင့်အတွက် အမှန်တကယ်အကြိုးဖြစ်ထွန်းစေမယ့်အရာတွေဖြစ်ပါတယ်။ ထိုအထဲမှာ Peloton လို လေ့ကျင့်ရေးစက်ဘီးဝန်ဆောင်မှုပါဝင်ပါတယ်။ ထိုစက်ဘီးပုံ လေ့ကျင့်ခန်းကိရိယာနဲ့အတူ လုပ်ဆောင်ရမယ့် training package တွေကို အတူတကွ ဝယ်ယူနိုင်တဲ့အတွက် GYM သွားစရာမလိုတော့ပါဘူး။

Sponsored

နောက်ထပ်တိုးတက်မှုတစ်ခုက ညဘက်အပြင်ထွက်လေ့ရှိတဲ့ဘော်ဒါတွေအတွက်ပါ။ အွန်လိုင်းဖျော်ဖြေရေးဝန်ဆောင်မှု တွေဟာ အိမ်တွင်းမှာပဲ ဘီယာဆိုင် နဲ့ဘားသွားရတဲ့ ခံစားချက်တူ ခံစားမှုမျိုးကို ရရှိအောင် အပြိုင်အဆိုင်ကြိုးစားလာကြပါတယ်။ ဒါ့အပြင် ဘီယာဆိုင်တွေမှာသောက်သုံးနေကြ ယမကာ နဲ့ တွဲဖက်သုံးဆောင်လေ့ရှိတဲ့ အစားအသောက်တွေကိုလည်း အင်တာနက် အစားအသောက်ဝန်ဆောင်မှုတွေကတဆင့်ရရှိနိုင်တော့မှာဖြစ်ပါတယ်။ ဒါဟာ သောကြာနေ့ညနေ TGIF လည်းလုပ်ချင် ရောဂါကူးမှာလည်း ကြောက်တတ်တဲ့ကိုကို မမ တွေအတွက်ဟန်ကျစေမှာပါ။ ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်မှု အပိုင်းတွေမှာလည်း အွန်လိုင်းကျန်းမာရေးလေ့ကျင့်ခန်းတွေ ၊ နည်းပညာမြင့်အားကစားအသုံးအဆောင်တွေဟာ အလွန်တိုးတက်လို့နေပါပြီ။

တရုတ်နိုင်ငံ၊ ဂျပန်နဲ့ အီတလီတို့လို အရေးပေါ်အခြေအနေကြေငြာထားတဲ့ နိုင်ငံတွေအတွက် Zoom လို ဆော့ဖ်ဝဲတွေဟာ အိမ်မှာနေရင်း ရုံးတစ်ရုံးလုံးနဲ့ အလုပ်လုပ်နေရသလို အဆင်ပြေစေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် စီးပွားရေးလုပ်ငန်းတွေ ရုတ်ချည်းရပ်ဆိုင်းစရာမလိုပဲ ပုံမှန်ချီတက်နိုင်မှာပါ။ Zoom လို ဆော့ဖ်ဝဲ company တွေအတွက်ကတော့ stock value တွေတက်လာတာပေ့ါနော်။ Zoom အကူအညီနဲ့ မန်နေဂျာတွေဟာ ပုံမှန် အုပ်ချုပ်မှုတွေလုပ်နေနိုင်သလို လက်အောက်ဝန်ထမ်းတွေအတွက်လည်း အလွယ်ဆုံးနည်းနဲ့ လုပ်ငန်းတွေပြီးမြောက်နိုင်မှာပါ။

Writer- ZWP
Source – CNA

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *