သမ္မတက ပညာရေးအဆင့်မြှင့်ဖို့ ကမ္ဘာ့ဘဏ်က ငွေချေးမှာကို တပ်မတော်ဝေဖန်

ဗိုလ်မှူးနိုင်မြင့်

နိုင်ငံတကာချေးငွေ ချေးယူမယ့် အစိုးရရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး နောင်လာနောက်သားတွေ အကြွေး ပင်လယ်မှာ နစ်မြှုပ်မယ့် အခြေအနေမျိုး မရောက်ရအောင် သတိပြုဖို့လိုတယ်လို့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်က ထောက်ပြလိုက်ပါတယ်။

နိုင်ငံခြားချေးငွေတွေကို ရယူတဲ့အခါ အကြွေးပင်လယ်မှာ တိုင်းပြည်မနစ်မြုပ်စေဖို့နဲ့ ဘုရင်ကအကြွေးယူ တိုင်းသူပြည်သားတွေက ပြန်ဆပ်လို့မဆုံးဆိုတဲ့ ပုံစံမျိုးမဖြစ်အောင် သတိပြုဖို့ ကမ္ဘာ့ဘဏ်က ချေးငွေရယူမယ့်အပေါ် တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးက ထောက်ပြဆွေးနွေးပါတယ်။

ပညာရေးဝန်ကြီးဌာနက သုံးစွဲမယ့် လူတိုင်းအကျုံးဝင် ပညာရေးအစီအစဉ်အတွက် ကမ္ဘာ့ဘဏ်ရဲ့ အပြည်ပြည် ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့(IDA)ဆီကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူမယ့် အစိုးရရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး နိုဝင်ဘာလ ၈ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဗိုလ်မှူးနိုင်မြင့်က အခုလို ထောက်ပြဆွေးနွေးခဲ့တာပါ။

ဒီချေးငွေနဲ့ စီမံကိန်းကို ၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်ကနေ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ထိ ငါးနှစ်ကြာ ဆောင်ရွက် သွားမှာဖြစ်ပြီးတော့ ချေးငွေပြန်ဆပ်ကာလကို နှစ်ပေါင်း ၃၀ နဲ့ အတိုးနှုန်း တစ်နှစ်ကို တစ်ဒသမနှစ်ငါး ရာခိုင်နှုန်းနဲ့ပေးရမှာဖြစ်တယ်လို့သိရပါတယ်။

Source: RFA


#Zawgyi Version

ႏိုင္ငံတကာေခ်းေငြ ေခ်းယူမယ့္ အစိုးရရဲ႕ အစီအစဥ္နဲ႔ ပတ္သက္ၿပီး ေနာင္လာေနာက္သားေတြ အေႂကြး ပင္လယ္မွာ နစ္ျမႇဳပ္မယ့္ အေျခအေနမ်ိဳး မေရာက္ရေအာင္ သတိျပဳဖို႔လိုတယ္လို႔ တပ္မေတာ္သားလႊတ္ေတာ္ ကိုယ္စားလွယ္က ေထာက္ျပလိုက္ပါတယ္။

ႏိုင္ငံျခားေခ်းေငြေတြကို ရယူတဲ့အခါ အေႂကြးပင္လယ္မွာ တိုင္းျပည္မနစ္ျမဳပ္ေစဖို႔နဲ႔ ဘုရင္ကအေႂကြးယူ တိုင္းသူျပည္သားေတြက ျပန္ဆပ္လို႔မဆုံးဆိုတဲ့ ပုံစံမ်ိဳးမျဖစ္ေအာင္ သတိျပဳဖို႔ ကမာၻ႔ဘဏ္က ေခ်းေငြရယူမယ့္အေပၚ တပ္မေတာ္သား ကိုယ္စားလွယ္တစ္ဦးက ေထာက္ျပေဆြးေႏြးပါတယ္။

ပညာေရးဝန္ႀကီးဌာနက သုံးစြဲမယ့္ လူတိုင္းအက်ဳံးဝင္ ပညာေရးအစီအစဥ္အတြက္ ကမာၻ႔ဘဏ္ရဲ႕ အျပည္ျပည္ ဆိုင္ရာဖြံ႕ၿဖိဳးေရးအဖြဲ႕(IDA)ဆီကေန အေမရိကန္ေဒၚလာ သန္း ၁၀၀ ေခ်းယူမယ့္ အစိုးရရဲ႕ အစီအစဥ္နဲ႔ ပတ္သက္ၿပီး ႏိုဝင္ဘာလ ၈ရက္ေန႔ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးမွာ ဗိုလ္မႉးႏိုင္ျမင့္က အခုလို ေထာက္ျပေဆြးေႏြးခဲ့တာပါ။

ဒီေခ်းေငြနဲ႔ စီမံကိန္းကို ၂၀၁၉-၂၀၂ဝဘ႑ာႏွစ္ကေန ၂၀၂၂-၂၀၂၃ ဘ႑ာႏွစ္ထိ ငါးႏွစ္ၾကာ ေဆာင္႐ြက္ သြားမွာျဖစ္ၿပီးေတာ့ ေခ်းေငြျပန္ဆပ္ကာလကို ႏွစ္ေပါင္း ၃၀ နဲ႔ အတိုးႏႈန္း တစ္ႏွစ္ကို တစ္ဒသမႏွစ္ငါး ရာခိုင္ႏႈန္းနဲ႔ေပးရမွာျဖစ္တယ္လို႔သိရပါတယ္။

Source: RFA