Sponsored

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်သူ မိုက်ကယ်အိုဝင်ကတော့ အသင်းေ ဟာင်း ယူနိုက်တက်အသင်းအပေါ်မှာဝေဖန်မူတစ်ခုပြုလိုက်လုပ်တာပဲဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီးနောက် ခြေစွမ်းဆုတ်ယုတ်သွားခဲ့ကြတဲ့ အလက်ဆစ် ဆန်းချက်ဇ်နဲ့ ဒီမာရီယာတို့ကို ဥပမာပေးပြီး မိုက်ကယ်အိုဝင်က သုံးသပ်ဝေဖန်သွားခဲ့တာဖြစ် ပါတယ်။

Goal

ယူနိုက်တက်အသင်းဟာလက်ရှိအချိန်မှာလည်း ပေါင်းသန်းရာချီတန်ဖိုးရှိတဲ့ ကစားသမားကောင်းတွေ ကို ဝယ်ယူဖို့ရှိနေပြီး တန်းဖိုးမြင့်ထိပ်တန်းကစားသမားတွေမဝယ်ခင်မှာ ခြေစွမ်းဆုတ်ယုတ်သွား တက် တဲ့ ကစားသမားတွေရှိခဲ့တဲ့အ ကြောင်း သတိပေးမူတစ်ခုပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

Sponsored

မိုက် ကယ်အိုဝင်က Premier League Production နဲ့ အင်တာဗျူးမှာ တော့ “ မန်ချက်စတာယူ နိုက်တက် အသင်းကို ပြောင်းရွှေ့သွားချိန်မှာ ကစားသမားအများစုက ခြေစွမ်းဆုတ်ယုတ်သွား ကြ တယ်။ ဒါက အခြေခံအားဖြင့်တစ်ခုခုတော့ မှားယွင်းနေတာလား။အသင်းကို ရောက်လာတဲ့ ကစား သမားတွေတွေဟာ အပြောင်းအလဲတွေကြုံတွေ့ရပြီး ကစားသမားသမားဘဝရဲ့ ဆုတ်ယုတ်မူတွေ ဖြစ်ပေါ်လာနေတယ်။ဒါက အရာအားလုံးထက်ပိုပြီး ယူနိုက်တက်အတွက် စိုးရိမ်စရာကောင်းနေ တဲ့အ ချက်ဖြစ်ပါတယ်။

Goal

ဒီကိစ္စကို သဘောတူတယ်ဖြစ်စေမတူသည်ဖြစ်စေ လွန်ခဲ့တဲ့ ၂နှစ်လောက်က အလက်ဆစ် ဆန်းချက်ဇ် လို့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတစ်ယောက်ကတော့ ခြေစွမ်းဆုတ်ယုတ်သွားခဲ့ရတယ်။သူက အလွန် ကောင်းမွန်တဲ့ ခြေစွမ်းပိုင်ဆိုင်ခဲ့သူပါ။ဒါပေမယ့် ယူနိုက် တက်မှာ ခြေစွမ်းကျဆင်းသွားတာကတော့သေချာပါတယ်။ လွန်ခဲ့တဲ့ ၆နှစ် ရနှစ် အတွင်း မှာ” ငါတို့ ခေါ်ယူလိုက်တယ်။အခုတော့ ကောင်းမွန်တဲ့ ကစားသမားဖြစ်လာတယ်။သူက ကစားသမား တစ်ယောက်အဖြစ် ခြေစွမ်းကောင်းမွန်လာတယ်” ဆိုပြီးပြောနိုင်တဲ့ ကစားသမား အသင်းမှာ မမြင်မိပါဘူး။ ဒီမာရီယာဆိုရင်လည်း အဲဒီလိုပါပဲ။ဒါဟာ တမင်တိုက်ဆိုင်မူသက်သက်တော့မဟုတ် ပါဘူး” လို့ မိုက်ကယ်အိုဝင်ကသုံးသပ်ပြောပြသွားခဲ့တာဖြစ်ပါတယ်။

Jack ( Sports Reader )

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *