Sponsored

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ပညာတော်သင် ဝန်ထမ်းတွေကို ဝူဟန်ဗိုင်းရပ်စ် ကူးစက်မှုကာကွယ်ဖို့ သွားရောက်ခေါ်ယူတာမှာ Myanmar National Airline က စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ လေယာဉ်မှုးကြီးနဲ့ လေယာဉ်အဖွဲ့ သားတွေကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှာ အခုလို ပေးအပ် တာဖြစ်ပါတယ်။

Photo: DVB

အခုလိုမျိုးသွားရောက်ခေါ်ယူဖို့အတွက် စေတနာ့ဝန်ထမ်းတွေကို ရွေးချယ်တာမှာ ကိုယ့်ဆန္ဒအရ လိုက်ပါဆောင်ရွက်ခဲ့တာ ဖြစ်ပြီး အခုလို ဂုဏ်ပြုခံရမယ်လို့ မျှော်လင့်မထားခဲ့ဘူးလို့ လေယာဉ်မှုးကြီး ဦးခုပ်ခန့်မုံက ဆိုပါတယ်။

Photo: DVB

“ ဒီလိုမျိုးဂုဏ်ပြုလိမ့်မယ်လို့လည်း ကျွန်တော်မမျှော်လင့်ခဲ့ပါဘူး။ မျှော်လည်း မမျှော်မှန်းထားခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော် တို့ရဲ့ လုပ်ဆောင်ချက်ကလေးတွေကို အသိအမှတ်ပြုပြီး ဂုဏ်ပြုပေးတဲ့အတွက် အတိုင်းမသိ ကျေးဇူးတင် ဝမ်းသာမိပါ တယ် ” လို့ ပြောပါတယ်။

Sponsored
Photo: DVB

အခုလို နိုင်ငံတည်ဆောက်နေတဲ့အချိန်၊ ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတဲ့အချိန်မှာ ဒီလို ကိုယ်ကျိုးစွန့်တဲ့ လူငယ်တွေ၊ စွန့် လွှတ်ရဲတဲ့ လူငယ်တွေ၊ အနစ်နာခံတဲ့ လူငယ်တွေ အများကြီး လိုအပ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးသန့်စင် မောင်က ပြောပါတယ်။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *