Sponsored

မြန်မာရုပ်ရှင်ရဲ့ အကယ်ဒမီဆုများရှင် တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ဖွေးဖွေးကတော့ ရယ်လိုက်ရင် ပါးချိုင့်လေးနဲ့မို့ ချစ်စရာကောင်းသူလေးဖြစ်ပါတယ်နော်။ သူမရဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့်ပဲ အကယ်ဒမီဆုတွေ ရခဲ့သလို ပရိသတ်ကလည်း အထူးအားပေးတဲ့ သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။ သူမဟာ စိတ်ထားဖြူစင်သလို ၊ ကူညီတတ်သူလေးတစ်ဦးလေးဖြစ်ပါတယ်။

ဖွေးဖွေး တစ်ယောက် နိုင်ငံခြား ကုမ္မဏီတစ်ခုဖြစ်တဲ့ iFlix က သူမ အပါအဝင် အနုပညာကြေးတွေကို မပေးခဲ့ဘူးလို့ သိရပါတယ်။ ဒီအကြောင်းကိုလည်း သူမက ပရိသတ်ကြီးကို ရင်ဖွင့်ပြောပြထားပါတယ်။

ဖွေးဖွေးက ၎င်း၏ဖေ့စ်ဘွတ်ခ် တွင် ဇန်နဝါရီ ၁၈ ရက်က ရေး သားထား

iFlix ကုမ္ပဏီနှင့် စာချုပ် ချုပ်ဆိုထားသည့် အနုပညာကြေး များမရရှိကြောင်း သရုပ်ဆောင် ဖွေးဖွေးက ၎င်း၏ဖေ့စ်ဘွတ်ခ် တွင် ဇန်နဝါရီ ၁၈ ရက်က ရေး သားထားသည်။

Sponsored

‘‘ဘယ်တော့မှ ကိုယ့်ကြောင့် လူတွေကို စဒုက္ခမပေးချင်ဘူး။ မထင်ထားတဲ့လူတွေက အဲဒီလို လုပ်တတ်တာလား။ ဒါပေမဲ့ကိုယ် မှန်ရင်တော့ ခေါင်းငုံ့ခံနေလို့ လည်း မရပြန်ဘူး။ မြန်မာပြည်က လူတွေကို အဲဒီလိုလာလုပ်လို့ရ တာလားဟင်’’ ဟု ဖွေးဖွေး၏ Fan Page စာမျက်နှာ၌ ရေးသား ထားခြင်းဖြစ်သည်။

iFlix ကုမ္ပဏီက ၎င်းအပါ အဝင် မြန်မာနိုင်ငံမှ အနုပညာရှင် အများစုကို စာချုပ်ချုပ်ဆိုထား သည့်အတိုင်း အနုပညာကြေး ပေးချေခြင်းမရှိကြောင်း ယင်းပို့စ် အောက်တွင် မှတ်ချက်ရေးသား ထားသည်။

အနုပညာရှင် အများစုကို စာချုပ်ချုပ်ဆိုထား သည့်အတိုင်း အနုပညာကြေး ပေးချေခြင်းမရှိကြောင်း

‘‘ဖွေးဘာမှ မဖြစ်ပါဘူး။ စိတ်ထားတတ်ပြီးသားပါ။ သူ့ တန်ဖိုးသူသတ်မှတ်တာပါ။ ကိုယ် လည်း ကိုယ့်တန်ဖိုးနဲ့ကိုယ်ပါပဲ။ အေးဆေး၊ တခြားမှန်ကန်ရိုးသား သူတွေနဲ့ အလုပ်တဝကြီးဆက် လုပ်ရဦးမှာမို့။ မြန်မာပြည်မှာ နောက်ထပ် အဲဒီလိုနိုင်ငံခြား company တွေ လူလည်လာ မကျနိုင်ဖို့ မြန်မာအချင်းချင်းတော့ စည်းလုံးဖို့လိုပါမယ်’’ ဟု ဖွေးဖွေး က ရေးသားထားသည်။

ဖွေးဖွေးသည် iFlix ကုမ္ပဏီ ၏ မြန်မာနိုင်ငံသံတမန်အနေဖြင့် ၂၀၁၇ ကတည်းက လက်တွဲလုပ် ဆောင်ခဲ့သည်။

ဇန်နဝါရီ ၄ ရက်ကလည်း ဖွေးဖွေး၏ ကိုယ်ပိုင်အကောင့် တွင် iFlix ကို မယုံကြည်ရကြောင်း ရေးသား၍ ဖော်ပြရာ ယင်းပို့စ် အောက်၌ အချို့အနုပညာရှင် များက မေးမြန်းထားသည်။

‘ပိုက်ဆံလည်း မပေးဘူး။ ပြန်လည်းမဖြုတ်ဘဲ တင်ထား တယ်။ တစ်နှစ်ခွဲလောက်ရှိပြီထင် တယ်။ ပေးမယ်၊ ပေးမယ်နဲ့မရ တာ။ နောက်ပိုင်းဆက်သွယ်လို့ မရတော့ဘူး’’ဟု iFlix က ငွေမပေး ဘဲ ဇာတ်ကားများတင်သည့်အ ကြောင်းကို ထုတ်လုပ်သူတစ်ဦး ကပြောသည်။

Source: Phway Phway

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *