အဂတိလိုက်စားမှုကို ဖုန်းမက်ဆေ့ကနေ သတင်းပို့တိုင်ကြားနိုင်တော့မည်

Source: ACC Myanmar

အသေးစား အဂတိ လိုက်စားမှုလျှော့ချနိုင်ရေး တယ် လီဖုန်း SMS မှတစ်ဆင့် သတင်းပေးပို့နိုင်သည့်စနစ်ကို အောက် တိုဘာ ၉ရက်က နေပြည်တော် တွင် စတင်စမ်းသပ်ခဲ့ပါတယ်။

ဝန်ဆောင်မှုယူမည့်သူ၏ ဖုန်းနံပါတ်ကို ဌာနဆိုင်ရာမှ ရယူမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး (CPU) အဖွဲ့သို့ တင်ပြမည် ဖြစ်ကာ CPU အဖွဲ့က ဝန်ဆောင် မှု ယူသူ၏ ဖုန်းနံပါတ်ကို ဆက်သွယ်၍ ကျေနပ်မှုရှိ၊ မရှိနှင့် အဂတိလိုက်စားမှု ကြုံတွေ့ခြင်းနှင့်သတ်မှတ်ချိန်အတွင်းလုပ်ဆောင်မှုမပေးသည့်ကိစ္စများကို ဆက်သွယ်မေးမြန်းမည်ဟု ဆိုပါတယ်။

ကမ္ဘာ့ဘဏ်အကူအညီဖြင့် မြန်မာနိုင်ငံတွင် အသေးစားအဂိ တိလိုက်စားမှု လျှော့ချရေး လက် သုံးကိရိယာအဖြစ် SMS မှတစ်ဆင့် တိုက်ရိုက်ချိတ်ဆက်ဝန်ဆောင်မှုပေးသည့် CPU Toolkit နည်းပညာကို ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ တွင် အသုံးပြုမည်ဖြစ်ပါတယ်။

Source: ACC Myanmar

သို့သော် အဆိုပါစနစ်သည် တည်ဆဲတိုင်ကြားမှု ယန္တရားကို အစားထိုးခြင်း၊ ဖြည့်စွက်ခြင်း မဟုတ်ကြောင်း၊ အခြေခံပြည်သူ တစ်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ အကြား ဝန်ဆောင်မှုအပေါ် အ ကြံပြုချက်ရယူရန်ချိတ်ဆက်ပေး ထားခြင်းသာဖြစ်ကြောင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မ ရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က အောက်တိုဘာ ၉ ရက်တွင် ပြု လုပ်သော CPU Toolkit နည်း ပညာစတင်စမ်းသပ်အသုံးပြုမှုအ ခမ်းအနားတွင် ပြောပါတယ်။

အရေးကြီးသော ပြည် ထောင်စုဝန်ကြီးဌာန ၁၀ ခုသည် CPU Toolkit ကို အောက်တိုဘာ ဘာ ၉ ရက်ကစ၍ မြို့နယ်အချို့ ၌ စတင်စမ်းသပ်အသုံးပြုမည်ဖြစ် ကြောင်း အဂတိတိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်ပါတယ်။

မိုဘိုင်းဖုန်းဖြင့် စတင်ဆက် သွယ်ဆောင်ရွက်ရာတွင် အဆင် ပြေစွာ အသုံးပြုနိုင်ရေးအတွက် CPU များ၏ Short Code အဖြစ် ‘1111’ ကို သတ်မှတ်ထားပြီး ရဲ တပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ အ ကောက်ခွန်ဦးစီးဌာန၊ ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတို့တွင် စတင်စမ်းသပ်ဆောင်ရွက်မည်ဖြစ် သည်။ ပြည်ထောင်စုဝန်ကြီးဌာနများကိုလည်း မကြာမီ စတင်စမ်းသပ်ရန်စီစဉ်နေတယ်လို့ ဆိုပါတယ်။

Source: ACC Myanmar