အဂေါ်ဆုံး ကားတွေနဲ့ ပွဲထွက်ခဲ့တဲ့ ဖိုးသားနဲ့ ချစ်စနိုးဦးတို့ရဲ့ မင်္ဂလာပွဲ

@Facebook

အနုပညာရှင်တွေထဲမှာ နောက်ကျပြီးမှ အိမ်ထောင်ပြုပေမဲ့ ကံအကောင်းဆုံး လူသားကတော့ ချစ်စနိုးဦး ဖြစ်ပါတယ်။ တစ်ကျောင်းတည်းထွက် သူငယ်ချင်းနဲ့ အိမ်ထောင်ပြုရသလို ရိုမန့်တစ် အဆန်ဆုံး အမျိုးသားကိုပါ ရရှိထားတာပါ။

မင်္ဂလာပွဲ မတိုင်ခင်တည်းက ဥရောပ ခရီးစဉ် သွားရောက်ခဲ့သလို ပရိသတ်တွေ အားကျရလောက်တဲ့ pre-wedding ဓာတ်ပုံတွေကို ဝေမျှခဲ့တာပါ။ လက်ထပ်ဖို့ အတွက် အခမ်းနားဆုံး propose ကိုလည်း ရုပ်ရှင်ရုံမှာ စပရိုက်အနေနဲ့ လက်ခံ ရရှိခဲ့ပါသေးတယ်။

@Facebook

မင်္ဂလာဦး ဆွမ်းကျွေးကို ဆံတော်ကြို အလံပြ ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပြီး မင်္ဂလာတကယ် ဆောင်သွားပြီလား ထင်ရလောက်တဲ့ အပြင်အဆင်မျိုးတွေနဲ့ အစီအစဉ်တကျ ပြုလုပ်ခဲ့တာပါ။ မင်္ဂလာပွဲကိုတော့ နိုဝင်ဘာလ (၂) ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အနုပညာအသိုင်းအဝိုင်းက လူစုံတက်စုံ တက်ရောက်ချီးမြှင့်ပေးခဲ့ပါတယ်။

မင်္ဂလာဆောင်ကို လာသူတိုင်းက အခမ်းအနားထက် ခန်းမထဲကို ကြွမြန်းလာတဲ့ ကားတွေကို ကြည့်ပြီး အံ့သြမင်သက် ခဲ့ကြပါတယ်။ နောက်ဆုံးပေါ် Lamborghini ကားတွေ တဝီဝီ ဝင်လာပြီး အရံတွေနဲ့ သတို့သား ၊ သတို့သမီး ဝင်ရောက်လာပုံကို ကြည့်ပြီး ပရိသတ်တွေ သွားရေကျခဲ့ရပါတယ်။

@Facebook

သတို့သား ဖိုးသားက car crazy တစ်ယောက်ဖြစ်သလို ပေါ်သမျှ ကားကို ထည်လဲ စီးနိုင်သူ ဖြစ်တာကြောင့် မင်္ဂလာပွဲက အပျံစားကားတွေနဲ့ အခမ်းနားဆုံး ဖြစ်ခဲ့တာပါ။ ဘယ်လိုတွေတောင် မိုက်လဲဆိုတာတော့ ပုံတွေနဲ့ ဗီဒီယိုထဲမှာသာ ကြည့်လိုက်တော့နော်။