Sponsored

Eva Chura ဆိုသူ အမျိုးသမီးဟာ ပီရူးနိုင်ငံက တောင်တွေပေါ်မှာ ရွှေရှာသူ အမျိုးသမီးတွေထဲက တစ်ဦးပါ။ သူမဟာ မိသားစုနဲ့အတူ ပီရူးနိုင်ငံ အန်ဒီးစ်တောင်တန်းတွေနားက ဆင်ခြေဖုံးမြို့လေးမှာ နေထိုင်ပြီး တောင်တန်းပေါ်က ကျောက်စိုင်ကျောက်ခဲတွေကြားရွှေရှာရင်းအသက်မွေးနေသူလည်းဖြစ်ပါတယ်။ သူတို့ကို ရွှေကောက်သူတွေလို့လည်းခေါ်ကြပါတယ်။

Photo: Reuters

လွန်ခဲ့တဲ့ ၁၂နှစ်ခန့် သူမဒီကိုရောက်ရှိလာတာဖြစ်ကာ ယခုနေထိုင်တဲ့ မြို့လေးမှာ လူဦးရေ ၅၀,၀၀၀ လောက်နေထိုင်ပါတယ်။ သူမမှာ ကလေး ၈ယောက်ရှိပြီး ငါးယောက်ကတော့ သူမနဲ့အတူတကွနေထိုင်ပါတယ်။ အကြီးဆုံးကလေးက ၁၃နှစ်အရွယ်ဖြစ်ကာ အငယ်ဆုံးလေးဖြစ်တဲ့ Alizon လေးကတော့ နို့မ ပြတ်သေးပါဘူး။ ဒါ့ကြောင့် သူမရွှေရှာတဲ့အခါ အမြဲခေါ်သွားရပါတယ်။ ရွှေရှာတဲ့နေရာကိုရောက်ဖို့ တစ်နာရီခရီးကိုလမ်းလျောက်ရပြီး ရောက်ရောက်ချင်း အမောဖြေတဲ့အနေနဲ့ ကိုကာ သီးတွေစားကြ Anise အပင်က ထွက်တဲ့အရည်တွေကို ကံကောင်းစေဖို့ သောက်သုံးကြပါတယ်တဲ့။ အချို့ရက်တွေမှာ ရွှေစလေး တွေ ရပြီး မရတဲ့ရက်က များပါတယ်လို့ သူမက ဆိုပါတယ်။

ထိုမြို့က အမျိုးသားတွေကတော့ အမျိုးသမီးတွေယခုလို ရွှေရှာခြင်းဟာ မသင့်လျော်ကြောင့် အန္တရာယ်များကြောင်းနဲ့ တောင်ကြောမှာနေတဲ့ သူတို့ယုံကြည်တဲ့ နတ်ဘုရားမ La Bella Durmiente ကသူမရဲ့ ပိုင်ဆိုင်မှုတွေကို ခိုးယူမှုနဲ့ ဒဏ်ပေးခံရနိုင်ကြောင်း အမြဲလိုလိုသတိပေးပြောကြားကြပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေဟာ တောင်ပေါ်မတက်ကြတော့ပဲ မိုင်းတွင်းကအမျိုးသားတွေ တူးထားတဲ့ မြေပုံတွေကြားကို နေရာပြောင်းရှာဖွေကြပါတော့တယ်။

Sponsored
Photo: Reuters

တောင်စောင်းမတ်မတ်တွေပေါ်မှာ စူးရှတဲ့သူမတို့ရဲ့ မျက်လုံးအစုံနဲ့ ကျောက်စိုင်ကျောက်ခဲတွေကြားရှာဖွေရခြင်းဖြစ်ပါတယ်။ သူတို့ရရှိသမျှလေးတွေကို မှောင်ခိုဈေးက အဝယ်တော်တွေဆီပြန်လည်ရောင်းချရပါတယ်။ ” တစ်ပတ်မှာကျွန်မ ၁ ဂရမ် ဒါမှမဟုတ် ၂ ဂရမ်ရပါတယ်။ ဒါကို မှောင်ခိုဈေးကွက်မှာရောင်းပါတယ်။ ။ ဈေးနှိမ်ကြပေမယ့် လန်ဒန်ရွှေဈေးကို မူတည်တဲ့အတွက် ဒေါ်လာ ၅၀ ကနေ ၁၀၀ ကြားရပါတယ်။ ကျွန်မ ကံကောင်းတဲ့အချိန်ဆို ၂၀ ဂရမ်လောက်တောင်ရပါတယ်။ ခုတော့ မရတာကြာပါပြီ၊ တစ်ဦးချင်းစီ တွေ့ရှိမှုဟာ နည်းပေမယ့် ထိုဒေသမှာရွှေရှာသူ တစ်သောင်းခွဲလောက်ရှိပါတယ်။ ဘဝက ခက်ခဲကြမ်းတမ်း ပေမဲ့ ကျွန်မအတွက်ကတော့ ရွှေရှာနေရတာ အဆင်ပြေပါတယ်။” လို့သူမက ပြောပါတယ်။

ကျွန်မ ကလေးတွေအဖေကို ထည့်မတွက်ပါဘူး။ သူက အဖေတစ်ယောက်အနေနဲ့ကော ယောကျ်ားတစ်ယောက်အနေနဲ့ကော ဘာမှ အားမကိုးရပါဘူး။ ကျွန်မပဲ အဖေ ကျွန်မပဲအမေပါ။ ကျွန်မနဲ့ကလေးတွေဘာမှ မလိုပါဘူး။ ကျွန်မတို့အဆင်ပြေပါတယ်” လို့လည်းပြောပါတယ်။ သူမရဲ့ အခက်အခဲကတော့ ကလေးတွေကျန်းမာရေးမကောင်းရင် စောင့်ရှောက်မယ့်သူမရှိတာပါပဲ။ အမှိုက်ပုံတွေကြား တောင်ကျရေအေးအေးတွေသုံးနေရပေမယ့် ကျွန်မအတွက်ကတော့ ကလေးတွေက အားဆေးတစ်ခွက်ပါပဲလို့ သူမက ဆိုပါတယ်။ “ကျွန်မကလေးတွေကတော့ ဒီဒေသနဲ့အကျွမ်းဝင်နေပါပြီ၊ ဒါပေမဲ့ဆွေမျိုးတွေလာလည်ရင် တော့ သူတို့က ဒီဒေသရဲ့ အခြေအနေကို မနှစ်မြို့ပါဘူး။ ကျွန်မတို့ဒေသဟာ အခုဆိုတော်တော်လေးတိုးတက်နေပါပြီ။ ဘောလုံးကွင်းနဲ့ ဘောလီဘောကွင်းတွေတောင်ရှိနေပါပြီ။” လို့လည်း သူမကဆိုပါသေးတယ်။

Photo: Reuters

ကျွန်မတို့ ရွှေကောက်ဖို့ ပြဒါးကိုသုံးပါတယ်။ ကျွနိမတို့အသုံးပြုနေတဲ့ရေနဲ့ပတ်သတ်ပြီးတော့ မသန့်စင်တဲ့အတွက် ပညာရှင်တွေက တားမြစ်တာတွေရှိပါတယ်။ ထိုရေတွေဟာ Titicaca ကန်ကြီးထဲကို စီးဝင်ပါတယ်” လို့သူမကပြောပါတယ်။ Taticaca ကန်ကြီးဟာ တောင်အမေရိကရဲ့ အကြီးဆုံးကန်ကြီး ဖြစ်ပြီး အနီးအနားက ဒေသတွေအတွက် သောက်သုံးရေနဲ့ ငါးဖမ်းလုပ်ငန်းမှာ အရေးပါတဲ့ ကန်ကြီးလည်းဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် က ဂျာမနီအခြေစိုက် သဘာဝလေ့လာစောင့်ကြည့်ရေးအဖွဲ့က အန္တရာယ်အများဆုံးကန်ကြီးအဖြစ် သတ်မှတ်ခဲ့ဖူးပါတယ်။ ထိုဒေသကထွက်ရှိတဲ့ရွှေရောင်းဝယ်မှုဟာ ဒေသခံတွေ အတွက် အစားအသောက် ဆေးဝါး နဲ့ အသုံးအဆောင်တွေ ဖန်တီးပေးပါတယ်။ သို့ပေမယ့် ၂၀၁၈ ခုနှစ်မှာ ထိုဒေသထွက် သတ္ထုဝယ်ယူမှုကို ပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့တွေရဲ့ဖိအားပေးမှုကြောင့် ဝယ်ယူမှု ရပ်ဆိုင်းခဲ့ပါတယ်။

ဒါ့ကြောင့်စီးပွားရေးခက်ခဲလာကြပီး ခိုးဝှက်မှုတွေမကြာခဏဖြစ်ပေါ်လာပြီး အမျိုးသားတွေဟာ အလုပ်ထက် သောက်စားရာမှာပဲ ပျော်မွေ့လာကြပါတယ်။ Chura ကတော့ သူမသမီးလေးက တော်တော်လေးအားကိုးရေပြီဖြစ်ကြောင်းနဲ့ သူမလိုအလုပ်တွေကိုတော့ မလုပ်စေချင်ကြောင်းလည်း ပြောခဲ့ပါတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source – CNA

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *