Sponsored

ဗိုင်းရပ်စ် ပျံ့နှံ့မှုတွေကို တားဆီးမယ့် အစီအမံ တစ်ရပ်အဖြစ် မလေးရှား နိုင်ငံမှာ ပြည်ဝင်ပြည်ထွက် ခရီးစဉ်တွေ အားလုံးကို နှစ်ပတ်ကြာ ပိတ်ပင်မယ့် အမိန့် ထုတ်ပြန်လိုက်ပါတယ်။

မလေးရှား ဝန်ကြီးချုပ်သစ် မူဟ်ယစ်ဒင် ယာဆင်က မတ်လ ၁၆ ရက်မှာ တစ်နိုင်ငံလုံးကို ရုပ်မြင်သံကြားကနေတဆင့် မိန့်ခွန်း ပြောခဲ့ရာမှာ ဒီအထူးအမိန့်ကို ထည့်သွင်း အတည်ပြုသွားခဲ့ပါတယ်။ အဲဒီ ပိတ်ပင်မှုဟာ Covid-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို တားဆီးဖို့ နိုင်ငံသားတွေရဲ့ လှုပ်ရှားသွားလာမှုကို ထိန်းချုပ်တဲ့ အစီအမံရဲ့ အစိတ်အပိုင်း တစ်ရပ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

@Facebook

မလေးရှားမှာ တွေ့ရှိတဲ့ ကူးစက်လူနာ အားလုံးထဲက ၃၀၀ ကျော်ဟာ ပြီးခဲ့တဲ့ လကုန်ပိုင်းက ကွာလာလမ်ပူမှာရှိတဲ့ ဗလီတစ်ခုမှာ ပြုလုပ်တဲ့ ဘာသာရေး ပွဲတော်တစ်ခုနဲ့ တိုက်ရိုက် ဆက်စပ်နေကြောင်းလည်း သိရပါတယ်။ အဲဒီ ပွဲတော်ကို နိုင်ငံပေါင်းစုံက လူပေါင်း ၁၆၀၀၀ လောက် တက်ရောက်ခဲ့ပြီး ပွဲတော်ကို ရောက်ရှိခဲ့တဲ့ ဘရူနိုင်းနဲ့ စင်ကာပူ နိုင်ငံသား တချို့ပါ ကူးစက်ခံရကြောင်း ဖော်ထုတ် တွေ့ရှိထားပါတယ်။

Sponsored
@Facebook

မြန်မာနိုင်ငံတွင်လည်းကိုရိုနာဗိုင်းရပ်စပ်နှင့်ပတ်သတ်၍ကျန်းမာရေးဝန်ကြီးဌာနမှာအချိန်နှင့်တပြေးညီထုတ်ပြန်လျှက်ရှိပြီးယနေ့အချိန်ထိတော့ဗိုင်းရပ်စ်ကူးစက်သူတစ်ဦးမှမရှိသေးကြောင်းသိရသည်။

ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သတ်၍အစိုးရအဖွ့အစည်းအသီးသီးမှပူးပေါင်းပါဝင်နေကျပြီးယမန်နေ့က နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်နိုင်ငံပိုင်ရုပ်သံလိုင်းများမှတဆင့်အသိပေးကြေငြာချက်များထုတ်ပြန်ကြေငြာခဲ့တာပဲဖြစ်ပါတယ်။

@Facebook

နိုင်ငံတော်အတိုင်ပင်ခံ၏ကြေငြာချက်အပြီးယနေ့မနက်မှာတော့ကိုရိုနာဗိုင်းရပ်စပ်ကာကွယ်ရေးအတွက် မြန်မာတနိုင်ငံလုံးပေါ်ကပရိတ်ရေပက်ဖြန်းမှု့များပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *