Sponsored

ဂျူဗင်တပ်တိုက်စစ်မှူးဒိုင်ဘားလားဟာ ဟီဂွာအင် ပြန်လည် ရောက်ရှိလာမူနဲ့ အတူ ရာသီအစက အသင်းမှာ ခြေစွမ်းပြ ကစားနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါကြောင့် အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ် ခဲ့ပြီး မန်ချက်စတာယူနိုက်တက်နဲ့ စပါးအသင်းတွေနဲ့ ဆွေးနွေးမူတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အသင်းပရိသတ်တွေကိုဆီကို နူတ်ဆက်တဲ့ ဗီဒီယို ဖိုင်တစ်ခုတောင် ရိုက်ကူးခဲ့ပေမယ့်လည်း နောက်ဆုံး မိနစ်အချိန်ပိုင်းအရောက်မှာ ပြောင်းလဲမူဖြစ်သွားခဲ့တာဖြစ်ကြောင်း ဒိုင်ဘားလား ဂါဒီယန်း သတင်းစာနဲ့ အင်တာဗျူးမှာ ဝန်ခံပြောပြသွားခဲ့တာဖြစ်ပါတယ်။

Getty Images

ဒိုင်ဘာလားက “ ကျွန်တော်အသင်းကနေ ထွက်ဖို့အလွန်နီးစပ်ခဲ့ပါတယ်။ဒါက အသင်းရဲ့ အစီအစဉ် ဖြစ်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။နောက်ဆုံးမိနစ်အထိ ကျွန်တော်တို့ စောင့်ဆိုင်းနေခဲ့ပါတယ်” လို့ ပြောပြသွားခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး အနာဂတ်မှာ အသင်းပြောင်းရွှေ့မလားဆိုတဲ့ အကြောင်း အရာနဲ့ ပတ်သက်ပြီး ဒိုင်ဘားလားကဆက်ပြီး ပြောပြသွားခဲ့ပါတယ်။

Sponsored
Getty Images

အသင်းနဲ့ က ၂နှစ်စာချုပ်ကျန်ပါ သေးတယ်။ဒါက တိုတောင်းတဲ့အချိန်ကာလမဟုတ်ပေမယ့် ရှည်လျားတဲ့ ကာလ လည်း မဟုတ် ပါဘူး။အသင်းဘက်က ဘယ်လို အစီအစဉ်ရှိမလဲဆိုတာ ကြည့်ရမှာပါ။ လာမယ့် အပြောင်းအရွှေ့ ဈေးကွက်မှာ အသင်းက ထွက်ခွါခိုင်းမလား ဆက်ရှိနေ စေမလားဆိုတာကတော့ ဆက်ပြီး စောင့်ကြည့် ရမှာဖြစ်ပါတယ်။ ဒါက ကလပ်ဘက်ကဆုံးဖြတ်ရ မယ့်ကိစ္စဖြစ်ပါတယ်။ဘယ်လိုဖြစ်လာမလဲဆိုတာက သိဖို့ ခက်ခဲပြီး အပြောင်းအရွှေ့တွေကတော့ စက္ကန့်ပိုင်းအတွင်းမှာဖြစ်တက်ပါတယ်။ဒါပေမယ့် အခု ချိန်မှာ ကျွန်တော်က ဂျူဗင်တပ်အသင်းမှာပါ။ အသင်းကလည်း ကောင်းကောင်းမွန်မွန် ပြုမူဆက်ဆံ ပါတယ်။ ကျွန်တော် အဆင်ပြေနေပါတယ်” လို့ ဒိုင်ဘားလားက ပြောပြသွားခဲ့တာဖြစ်ပါတယ်။

Getty Images

ဒိုင်ဘားလားကို ပြီးခဲ့တဲ့နွေရာသီက စပါးအသင်းနဲ့ မန်ယူနိုက်တက်အသင်းတွေကခေါ်ယူဖို့ ကြိုးပမ်း ခဲ့ တာဖြစ်ပြီး အပြောင်းအရွှေ့နောက်ဆုံးအချိန်ရောက်မှာ ပျက်ပြယ်သွားခဲ့ရတာဖြစ်ပါတယ်။

Jack ( Sports Reader )

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *