ပဲပင်ပေါက်ကို ပဲလုံးစေ့ ရေစိမ် အညှောင့်ပေါက် ဈေးကွက်ထဲရောက်လို့ ထင်နေကြတုန်းပဲလား

@Facebook

အစားအသောက်တွေကို အတုလုပ်တာ၊ ဆေးထိုး၊ ဆေးရည်စိမ်၊ အရောင်ဆိုး၊ ပေါက်ကရတွေနဲ့ ရော၊ နယ်စပ်က အရည်အသွေး ညံ့ဖျင်းတဲ့ အစားအသောက်တွေ တင်သွင်းတာ စတဲ့ အကြောင်းအရာတွေကို ဖော်ပြတဲ့ နေရာမှာ စာဖတ်သူများကို ကြောက်အောင် လန့်အောင် ဖော်ပြနေခြင်း မဟုတ်ပါဘူး။ ဝိသမလောဘသားတွေရဲ့ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေကို သိစေချင်တာရယ်၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို သိစေချင်တဲ့ စေတနာရယ်ကြောင့် ဖော်ပြ ပေးခြင်း ဖြစ်ပါတယ်။ အခုတခါ အလှည့်ကျတာကတော့ ပဲပင်ပေါက် ဖြစ်ပါတယ်။ ပဲပင်ပေါက်ကို ကြော်စားတာပဲ ဖြစ်ဖြစ်၊ အစိမ်းလိုက် မုန့်ဟင်းခါးထဲ ထည့်စားတာပဲ ဖြစ်ဖြစ်၊ ဟင်းချို ချက်တာပဲ ဖြစ်ဖြစ် အတော်များများ စားကြပါတယ်။

@Facebook

လူတွေ အကြိုက်များတဲ့ စားစရာဆိုရင် အရည်အသွေးမီမီနဲ့ အများအပြား ထုတ်လုပ်မယ့် နည်းလမ်းကို မစဉ်းစားကြဘဲ ဘယ်လိုအတုလုပ် ဖြတ်လမ်းနည်း လိုက်လုပ်ရမလဲဆိုတာ ကျွန်တော်တို့ နိုင်ငံမှာ အကျင့်ပါနေပြီလား မသိဘူးဗျာ။ ပဲပင်ပေါက်ကို အမြစ်တိုတဲ့ဆေးတဲ့၊ ပဲလုံးစေ့ကနေ အညှောင့်ပေါက်အောင် စောင့်စရာ မလိုဘူးတဲ့ဗျာ။ အဲဒီဆေးဖြန်းလိုက်ရင် ပဲပင်ပေါက် အမြစ်တွေက အလိုလို တိုသွားပြီး ရောင်းတမ်း ချက်ခြင်း ဝင်သွားတယ်ဆိုပဲ။ ပဲပင်ပေါက်တောင် ဒီလို တိုဝင်သွားရင် လူမှာတော့ ဘာတွေ တိုဝင်ဦးမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူးဗျာ။ မူရင်းပို့ကို အောက်မှာ ဖော်ပြလိုက်ပါတယ်-

@Facebook

“ပဲပင်ပေါက်တော့ ဆေးမသုံးပါဘူးအေလို့ ခဏခဏ ကြွေးကျော်ခဲ့တာ….

ပဲပင်ပေါက်ကို စိတ်ချလက်ချဝယ်ဘို့ လက်မတွန့်ခဲ့တာ… ခုတော့ ပဲပင်ပေါက် အမြစ်တိုဆေး တဲ့လေ… ကျွန်မတို့ ဘယ်ဘဝကို အရှင်လတ်လတ်ရောက်နေကြပြီလဲ…

ဒီဆေးနဲ့ဆို (၃-၄)ရက်တောင် စောင့်စရာမလိုတော့ဘူးထင်တယ်… ပဲပင်ပေါက် ဖေါက်နည်း အကြောင်းလေးပါ ဖော်ပြပေးလိုက်ပါတယ်…”

” ပဲပင်ပေါက် ဖောက်နည်း ”

@Facebook

ပဲပင်ပေါက်ကို ပဲစိမ်းငိုအစေ့နှင့် ပဲလုံးစေ့များ ဖြင့်ဖောက်ယူသည်။ ပဲစေ့မှ အပင်ပေါက်လေးများ ဖြစ်လာပြီး အာဟာရဓာတ်ပြည့်စုံစွာဖြင့် ကြီးပြင်းလာသော ပဲပင်ကလေးများဖြစ်သည်။ သို့သော် ပဲစေ့ကိုဖောက်သောအခါ သင့်တော်သော အလင်းရောင်ကို မမြင်ရသော နေရာတွင် ထားသောကြောင့် ရွက်နုနှင့် အမြစ်ကလေး နဲနဲသာထွက်လာသည်ကို ပဲပက်ဖောက်သည်ဟု ခေါ်သည်။ ပဲပင်ပေါက်သည် (၃-၄)ရက်အတွင်း ပေါက်လာသော ဟင်းရွက်တစ်မျိုး ဖြစ်ပါသည်။ စီးပွားဖြစ် ဆောင်ရွက်နိုင်သော သီးနှံတစ်မျိုးဖြစ်ပါသည်။

” စားသုံးရာ၌ အကျိုးရှိမှု ”

အာဟာရဓာတ်မျိုးစုံ ပါဝင်ပြီး ရေ ၊ ပရိုတင်း ၊ ကယ်စီယမ် ၊ မီးစုံးဓာတ်၊ ဗီတာမင်ဘီ (1-2)

” ဖောက်ခြင်း ”

@Facebook

ပဲစိမ်းငိုကို ကြိုက်သလိုချိန်ယူပါ။ မကောင်းသော ပဲစေ့များကို ရွေးထုတ်ပါ။ ရေပေါ်လာသည့် ပဲစေ့များကို ထုတ်ပစ်ပါ။ ရေသုံးခါ ဆေးပါ။ မြေအိုးထဲတွင် ဝါးနှင့်ယက်ထားသော အရာဟ(သို့) သံခြေထောက်ကို အံခွက်အောက်တွင် ခံထားပါ။ ဖောက်မည့်အိုးတွင် ပိုက်ဖြင့် နောက်ထပ် တစ်ထပ်ခံပါ။ ပဲစေ့ကို အိုးထဲထည့်ပြီး ဖြန့်ထားလိုက်ပါ။ ဂုဏ်နီအိတ်ဖြင့် နောက်တစ်ထပ် ထပ်ပါ။ ပဲပင်ပေါက် ဖောက်သည့်အိုးကို အရိပ်ရှိသော ရေနှင့်နီးသော နေရာတွင်ထားပါ။

(၂-၃) နာရီတစ်ကြိမ် ရေလောင်းပါ။ သစ်သီးဝလံအရည်ကို ရေနှင့်အတူ တစ်နေ့ (၂)ကြိမ် လောင်းပေးပါ။ နံနက်တစ်ကြိမ် ညတစ်ကြိမ် ဒေသသုံးသော မြေသြဇာကို ပဲပင်ပေါက် ဖောက်ရာ၌ အသုံးပြုပါ။ ပဲပင်ပေါက် စဖောက်သည့် ပထမရက်ကို မရေပါ။ နောက်တစ်ရက်ကို ပထမရက်ဟု စပြီးရေတွက်ပြီး(ရေကိုနေ့စဉ်လောင်း) ဒုတိယရက်တွင် (ရေကိုပုံမှန်လောင်း) တတိယရက်တွင် နှုတ်ယူရောင်းချနိုင်သည်။ နှုတ်သင့်သည့်အချိန်မှာ နံနက်ပိုင်း (၄-၅) နာရီ ဖြစ်ပါသည်။ ထက်သောဓားဖြင့် ပဲပင်ပေါက်အမြစ်များကို ဖောက်သည့် အပြားပေါ်မှ ဖြတ်ယူပါ။

Source: Htay