Sponsored

ဗိုလ်ချုပ်ပုံတစ်ထောင်တန်ငွေစက္ကူနှင့်ပတ်သတ်ပြီး ဗဟိုဘဏ်မှ ကြေငြာချက်တစ်ခုထူတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

ယင်းထုတ်ပြန်ချက်ကတော့ ဗိုလ်ချုပ်ပုံပါ ငွေစက္ကူများကို သပ်သပ်ရပ်ရပ် သုံးစွဲပေးကြဖို့ပဲဖြစ်ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်ကိုတော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးစီးမံ ခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်က နိုင်ငံပိုင်မီဒီယာမှ တစ်ဆင့် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဗဟိုဘဏ်

ပြည်သူများအတွက် သစ်လွင်တဲ့ ငွေစက္ကူများကို အသုံးနိုင်ရေး နိုင်ငံတော်မှ ပြုလုပ်ပေးလျက်ရှိကြောင်း၊ အဆိုပါ ငွေစက္ကူများကို ခေါက်ခြင်း၊ ချိုးခြင်း၊လိပ်ခြင်း လုံးခြေခြင်း ညစ်ပတ်စွန်းပေခြင်းများ မဖြစ်စေရေးကိုင်တွယ်အသုံးပြုရန် မေတ္တာရပ်ခံကြောင်း ဦးဝင်းမြင့်မှ ပြောကြားခဲ့ပါတယ်။

Sponsored

ဗိုလ်ချုပ်ပုံပါ ငွေစက္ကူတွေကို ညစ်နွမ်းသွားစေမယ့်အပြုအမှုမျိုးမပြုလုပ်ဖို့ မေတ္တာ ရပ်တာလို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဟောင်းနွမ်းနေတဲ့ ငွေစက္ကူများကို အဆိုပါ ဗိုလ်ချပ်ပုံ ငွေစက္ကူများဖြင့် လဲလှယ်နိုင်ပြီဖြစ်တယ်လို့ဆိုပါတယ်။ ယင်းငွေစက္ကူတစ်ထောင်တန်ကိုတော့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့မှ စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ ယင်းကဲ့သို့ ဗိုလ်ချုပ်ပုံပါ ငွေစက္ကူများကိုလည်း ငွေကြေးတန်ဖိုးအလိုက် ဆက်လက် ထုတ်ဖို့ ရှိတယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ပုံ တစ်ထောင်တန်ငွေစက္ကူ

ယင်းကဲ့သို့ ငွေစက္ကူများကို ရိုက်နှိပ် ထုတ်ဝေခြင်းဖြင့် ငွေကြေးဖောင်းပွမှု မရှိကြောင်း၊ လိုအပ်ချက်ဖြင့် ဘောင်အတွင်းကသာ ထုတ်တာကြောင့် စိုးရိမ်စရာ မရှိကြောင်း ပြောဆိုခဲ့ပါတယ်။ ပရိတ်သတ်ကြီးရေ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ ဗိုလ်ချုပ်ပုံပါ ငွေစက္ကူတွေကို ပြန်မြင်ရတဲ့ အတွက် ဝမ်းသာမိပါတယ်။

Source: Central Bank

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *