Sponsored

မနေ့က တစ်နေ့တည်းတင် ဗြိတိန်မှာ လူတစ်ရာကျော်သေဆုံးခဲ့ကာ ၁၃ မိနစ်ကို လူတစ်ယောက်နှုန်းလောက် အသက်လုနေရပါပြီ။ ခုဆိုရင် ဗြိတိန်နိုင်ငံအတွင်းသေဆုံးသူဦးရေ ၆၀၀ နီးပါးဖြစ်လာပြီလည်း ဖြစ်ပါတယ်။ ဒါ့အပြင်ကူးစက်ခံရသူက ၁၁,၆၅၈ ဦးရှိပါပြီ။

Getty Images

ဗြိတိန်အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုစင်တာအတွင်းမှာလဲ လူနာကုတင် ၄၃၀၀ လုံးပြည့်ညက်နေပြီလို့ဖြစ်ကာ ဆရာဝန်တွေနဲ့ အကုဝန်ထမ်းတွေဟာ မနားမနေ ကုသနေရပါတယ်။ လမ်းတွေလဲပိတ်ထားကာ ဖြတ်သွားဖြတ်လာ ကားတွေကိုလည်း ယဉ်ထိန်းရဲတွေက အပြက်ထွက်ခွင့်စာရွက်စာတမ်းပါ မပါ စစ်ဆေးနေပါတယ်။

ဒါ့အပြင် မနေ့ည ၈ နာရီက လူအများ လသာဆောင်ကိုထွက်ကာ ဆေးဝန်ထမ်းတေွကို ဂုဏ်ပြုတဲ့အနေနဲ့ လက်ခုပ်တီးခဲ့ကြပါတယ်။ ယခု လုပ်ရပ်ဟာ အမျိုးသားကျန်းမာရေးဌာန အကြီးအကဲ Sir Simon Steven က ယခု ဗြိတိန်ကြုံနေရတဲ့ အခက်အခဲဟာ ဒုတိယ ကမ္ဘာ စစ်အတွင်းကနဲ့ သွားတူနေတယ်လို့ ဖော်ပြအပြီး စုပေါင်းပြီး ကျန်းမာရေးဝန်ထမ်းတွေကို ဂုဏ်ပြုပေးခဲ့တာပါ။

Sponsored
Getty Images

ပထမဆုံးသေဆုံးသူ ၃၈၆ ယောက်ကို စစ်တမ်းကောက်ရာမှာတော့ ၉၈ ရာခိုင်နှုန်းဟာ ယခင်ရောဂါအခံတွေရှိနေကြပါတယ်။ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ဌာန အကြီးအကဲ Pro. Yvonne Doyleကတော့ ” ယခုရောဂါဟာ ရောဂါအခံမရှိတဲ့သူတွေအတွက် အသက်ဆုံးရှုံးနိုင်ခြေနည်းတယ်” လို့ဆိုပါတယ်။

တဖက်မှာတော့ ဆေးဝန်ထမ်းတွေကို ပြည့်စုံတဲ့အကာအကွယ် ပစ္စည်း တွေမပေးနိုင်သေးလို့ စိုးရိမ်နေကြပါတယ်။ ဒါနဲ့ပတ်သတ်ပြီး အစိုးရက အမြန်ဆုံးဖြည့်စည်းသွားမယ်လို့လည်း ပြောပါတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source- Mirror

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *