“ႏြဲ႕တင္ အတြက္သီခ်င္းတစ္ပုဒ္ (သို႕) လူသိနည္းေသးတဲ႔ ျဖစ္ရပ္မွန္ အခ်စ္ဇာတ္လမ္း”

စုိင္းခမ္းလိတ္

လူရည္ခၽြန္ျဖစ္တဲ့ ႏြဲ႕ႏြဲ႕တင္ကေတာ့ ရုပ္လွတယ္။ စာေတာ္တယ္။ အဲဒီေခတ္တံုးက ေက်ာင္းမွာ စူပါစတားေပါ့။ ေက်ာင္းသားေတြအားလံုး ႏြဲ႕ႏြဲ႕တင္ကုိ အားက်သလုိ စုိင္းခမ္း လိတ္တစ္ေယာက္လည္း သူမ်ားနည္းတူ ႏြဲ႕ႏြဲ႕တင္ကုိ အားက်မိသူပါ။

သူတုိ႔ႏွစ္ေယာက္ရဲ႕ ပဲြဦးထြက္ဇာတ္လမ္း တစ္ပုုဒ္ကေတာ့ ေက်ာင္းနံရံကပ္စာေစာင္ ကေန စခဲ့တယ္။ နံရံကပ္စာေစာင္ဆုိတာက စာေပဝါသနာပါတဲ့ ေက်ာင္းသားေတြ လြတ္လပ္ စြာ ကဗ်ာ၊ ေဆာင္းပါး၊ ဝတၳဳတုိေတြေရးၿပီး ဆရာဆရာမမ်ားက ေရြးခ်ယ္ၿပီး ေကာင္းတဲ့ဟာ ေတြကုိေက်ာက္သင္ပံုးမွာ လွပစြာ ျပန္လည္ ကပ္ထားေပးတယ္။

ေက်ာင္းသူေက်ာင္းသား ေတြက ဝုိင္းၾကည့္ၾကတာေပါ့။ အဲဒီနံရံကပ္စာေစာင္မွာ စုိင္းခမ္းလိတ္က ကဗ်ာေလးတစ္ပုဒ္ ေရးကာ သြားကပ္ထားလုိက္တယ္။ သူ႔ရဲ႕ ခံစားခ်က္ကုိ တင္ျပတာပါ။ ဒါေပမယ့္ သူတင္ျပခ်က္ ကေတာ့ အသြားႏွစ္ဖက္ ရွိတဲ့ ကဗ်ာေလးပါ။ ကဗ်ာေခါင္းစဥ္ကုိက လူရည္ခၽြန္ကုိ ရေအာင္ယူမည္ တဲ့။ ေက်ာင္းသားေတြ အဲဒီကဗ်ာေလးကုိ ဖတ္ၿပီးေတာ့ ဟုိးေလးတေက်ာ္ျဖစ္သြားတာ ေပါ့။ လူသတင္း လူခ်င္းေဆာင္ဆုိသလုိ ႏြဲ႕ႏြဲ႕တင္လည္း ၾကားသိသြားတယ္။

စံုစမ္းၾကည့္ေတာ့ ေရးတဲ့သူက စုိင္းခမ္းလိတ္ျဖစ္ေနေတာ့ ဆရာဆရာမေတြ ေက်ာင္းသားေက်ာင္းသူေတြအား လံုး အဲဒီအေၾကာင္းကုိ စိတ္ဝင္စားေနၾကတယ္။ ႏြဲ႕တင္ကေတာ့ မိန္းမသားတစ္ေယာက္ အေန နဲ႔ သူမကုိ ယခုလုိ ေစာင္းလား ခ်ိတ္လား တင္စီးၿပီး ေရးထားတာကုိ ျမင္ရေတာ့ မခံခ်င္တာ အမွန္ပါ။

ဒီေက်ာင္း တစ္ေက်ာင္းလံုးမွာ သူမတစ္ေယာက္ထဲသာ လူရည္ခၽြန္ျဖစ္ေနေလေတာ့ စုိင္းခမ္းလိတ္က သူမကုိ ရည္ရြယ္ၿပီး တမင္သက္ကက္ ေရးတဲ့အေၾကာင္း ေက်ာင္းအုပ္ဆရာ ႀကီးကုိ သြားတုိင္ပါေလေရာ။ ဒီကိစၥကုိ ေက်ာင္းအုပ္ႀကီးကုိယ္တုိင္ စုိင္းခမ္းလိတ္ကုိ ရံုးခန္းမွာ ေခၚေတြ႕တယ္။ စုိင္းခမ္းလိတ္က ၿပံဳးၿပံဳးနဲ႔ပဲ အေျဖေပးလုိက္တယ္။

`ကၽြန္ေတာ္ သူမလုိ လူရည္ခၽြန္ျဖစ္ခ်င္လုိ႔ လူရည္ခၽြန္ကုိ ရေအာင္ယူမယ္လုိ႔ ေရးတာ ဟာ ကၽြန္ေတာ္ရဲ႕ ရည္ရြယ္ခ်က္ပါ`တဲ့။ ဒီလုိနဲ႔ သူတုိ႔ႏွစ္ေယာက္ရဲ႕ ျပႆနာလည္း ေျပလည္ သြားတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္လည္း ခင္မင္ရင္းနီးသြားတယ္။ သူတုိ႔ႏွစ္ေယာက္ရဲ႕ ဇာတ္လမ္းအစ လူရည္ခၽြန္ကလုိ႔ ဆုိရပါလိမ့္မယ္။

စုိင္းခမ္းလိတ္

ရည္ရြယ္ခ်က္ရွိတဲ့အတုိင္း နဝမတန္းေရာက္ေတာ့ စုိင္းခမ္းလိတ္လည္း လူရည္ခၽြန္ အျဖစ္ ေရြးခ်ယ္ခံခဲ့ရတယ္။ ႏြဲ႕တင္ကလည္း လူရည္ခၽြန္ႏွစ္ထပ္ကြမ္း ျဖစ္ျပန္တယ္။ (ဒသမ တန္းလည္း ႏြဲ႕ႏြဲ႕တင္က လူရည္ခၽြန္ သံုးထပ္ကြမ္းအျဖစ္ ထပ္မံေရြးခ်ယ္ခံရျပန္တယ္) ေမၿမိဳ႕ လူရည္ခၽြန္အေနနဲ႔ သူတုိ႔ႏွစ္ေယာက္ လူရည္ခၽြန္ခရီးအျဖစ္ အတူတူသြားလာၾကရလုိ႔ ပုိၿပီး ခင္မင္ရင္းနီးလာပါေတာ့တယ္။

ေဒါက္တာစုိင္းခမ္းလိတ္ရဲ႕ သီခ်င္းေကာင္းေတြ၊ စာသားလွလွေတြ ေပၚထြက္လာဖုိ႔ အဓိက အိပ္မက္လွလွေပးတဲ့သူကေတာ့ ႏြဲ႕ႏြဲ႕တင္ပဲျဖစ္တယ္။ ဗမာသီခ်င္း အပုဒ္ ၆၀၀ ေက်ာ္ ထဲမွာ ႏြဲ႕ႏြဲ႕တင္ကုိ ပတ္သက္တဲ့ အခ်စ္အေၾကာင္းေတြ အမ်ားႀကီး ေတြ႕ရပါတယ္။ အထင္ရွား ဆံုးကေတာ့ “ သိပ္သိပ္ခ်စ္ရတဲ့ ႏဲြ႕တင္“ နဲ႔ “ ဒုိ႔ႏွစ္ေယာက္ရဲ႕ အခ်စ္“ ပဲျဖစ္တယ္။ အဲဒါက လူရည္ခၽြန္ကုိ ရေအာင္ယူမယ္ဆုိတဲ့ ရည္ရြယ္ခ်က္က စခဲ့တာ။

သူတို႔ႏွစ္ေယာက္ရဲ႕ ဇာတ္လမ္းကေတာ့ ရွစ္တန္းေက်ာင္းသားဘဝက စခဲ့တယ္။ ကုိးတန္းေရာက္ေတာ့ အတူတူ လူရည္ခၽြန္ျဖစ္ၿပီး ေဒသႏၱရ ဗဟုသုတ အတူတူသြားခဲ့ရလုိ႔ ပုိမုိ ရင္းနီးခဲ့တယ္။ ဆယ္တန္းေရာက္ေတာ့ စုိင္းခမ္းလိတ္က နမၼတူကုိ ျပန္သြားရတယ္။

သုိ႔ေသာ္ ေဆးတကၠသုိလ္တက္ေတာ့ မန္းေျမမွာ ျပန္ဆံုခဲ့ၾကတယ္။ ဆရာတူတပည့္ဘဝနဲ႔အတူ ေက်ာင္းေနဘက္မွာ ခင္ခဲ့ၾကတဲ့ ခင္မင္မႈဟာ အျခားေက်ာင္းသားေတြအၾကားကုိ ေရာက္သြား ရင္ ပုိမုိၿပီး အေလးအနက္ရွိလာတတ္ၾကတယ္။ ဒါေၾကာင့္ စုိင္းခမ္းလိတ္နဲ႔ ႏြဲ႕ႏြဲ႕တင္တုိ႔ရဲ႕ ခင္မင္မႈဟာလည္း ရင္းနီးမႈကုိ ပုိၿပီးေတာ့ ျဖစ္ေစခဲ့တယ္။

စုိင္းခမ္းလိတ္ ေက်ာင္းပ်က္လုိ႔ အတန္းမတက္ခဲ့ရင္ သူ႕ကုိ ကူညီေပးခဲ့တဲ့သူက ႏြဲ႕ႏြဲ႕တင္ပဲျဖစ္တယ္။ သူ႕ရဲ႕ မွတ္စုစာအုပ္ေတြဟာ မ်ားေသာအားျဖင့္ ႏြဲ႕ႏြဲ႕တင္ရဲ႕ လက္ေရးေတြသာမ်ားပါတယ္။ လူတစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္ခင္ရင္းနီးဖုိ႔ ဆုိတာ (၁) ေရွးဘဝတံုးက ေမတၱာေရစက္ရွိခဲ့ၾကတယ္။ (၂) ဒီဘဝမွာ တစ္ေယာက္ကုိ တစ္ ေယာက္ကူညီေဖးမခဲ့ၾကတယ္။

ဒီအေၾကာင္းႏွစ္ခုေၾကာင့္ တစ္ေယာက္ကုိ တစ္ေယာက္ ခ်စ္ ႀကိဳက္သြားၾကတာပဲ။ သူတုိ႔ႏွစ္ေယာက္ကေတာ့ ႏွစ္ခုစလံုးေၾကာင့္ထင္တယ္။ စုိင္းခမ္းလိတ္ လည္း လူရည္ခၽြန္ကုိ ရေအာင္ယူမယ္ ဆုိတဲ့ သူ႔ရည္ရြယ္ခ်က္အတုိင္း ၁၉၇၃ ခုႏွစ္မွာ လူရည္ခၽြန္သံုးထပ္ကြမ္းျဖစ္တဲ့ ႏြဲ႕ႏြဲ႕တင္နဲ႔ လက္ထပ္လုိက္ၾကတယ္။

အိမ္ေထာင္ျပဳဖုိ႔အတြက္ စုိင္းခမ္လိတ္တစ္ေယာက္ အေတြးေတြမ်ားစြာနဲ႔ မုိးလင္းခဲ့ေပါင္း မနဲေတာ့ပါ။ ႏြဲ႕ႏြဲ႕တင္နဲ႔ အိမ္ေထာင္ျပဳတဲ့ကိစၥကို သူ႕ရဲ႕ သီခ်င္းျဖစ္တဲ့ `ဒုိ႔ႏွစ္ ေယာက္ရဲ႕အခ်စ္“သီခ်င္းကုိ ခံစားၾကည့္ရင္ နားလည္ၾကမွာပါ။

သူနဲ႔ မဆံုျဖစ္ခဲ့တဲ့ ရွမ္းမင္း သမီးမ်ားအတြက္လည္း ရွမ္းသီခ်င္းအခ်ဳိ႕ စုိင္းခမ္းလိတ္ေရးထားတာ ရိွပါတယ္။ အဓိပၸါယ္အခ်ဳိ႕ကေတာ့ “ တစ္ညလံုး ႏိုးခဲ့ေသာ္လည္း အိပ္ယာကမထဘဲနဲ႔ မုိးလင္းတဲ့အခါ ငါ့ကုိ မွတ္မိရင္လည္း မေခၚနဲ႔ေတာ့“ တဲ့။ ေနာက္တစ္ပုဒ္ကေတာ့ `လြယ္ဆမ္ဆစ္` သီခ်င္း ပါ။

အိမ္ေထာင္ျပဳၿပီဆုိရင္ အမ်ဳိးသားက အိမ္ေထာင္ဦးစီးတာဝန္ကုိ ဦးလည္မသုန္ ထမ္းရြက္ရ မွာျဖစ္ပါတယ္။ အဲဒီတာဝန္ကုိ ေက်ျပြန္ေအာင္ ေဒါက္တာစုိင္းခမ္းလိတ္ ထမ္းေဆာင္ခဲ့လုိ႔ သူေရးတဲ့ `ဒီေတာင္ကုိ ေမာင္ၿဖိဳပါ့မယ္`ဆုိတဲ့သီခ်င္းက ေပၚလြင္ေစခဲ့တယ္။

ေနာက္ၿပီးေတာ့ သူမ်ားရဲ႕ သမီးပ်ဳိကို လက္ထပ္ယူၿပီး မိမိရဲ႕ ၾကင္ယာအေပၚ ကတိ သစၥာမရွိခဲ့ရင္၊ အိမ္ေထာင္ေရးတာဝန္ မေက်ျပြန္ခဲ့ရင္ `အလကားလူ` ဆုိၿပီး အမ်ားရဲ႕ ကဲ့ရဲ႕မႈကုိ ခံရမယ္။ ေဒါက္တာစုိင္းခမ္းလိတ္လဲ သူ႔အခ်စ္ဟာ သူမ်ားထက္မေလွ်ာ့ေၾကာင္း `မႏၱေလးေရာက္ ရွမ္းတစ္ေယာက္`သီခ်င္းက `မန္းပ်ဳိျဖဴတစ္ေယာက္ကုိ ရွမ္းခ်စ္လည္း ဗမာထက္ မေလွ်ာ့တာ တကယ္တမ္းျပခဲ့တယ္`လုိ႔ ဆုိထားတယ္။

Credit


#Unicode Version

လူရည်ချွန်ဖြစ်တဲ့ နွဲ့နွဲ့တင်ကတော့ ရုပ်လှတယ်။ စာတော်တယ်။ အဲဒီခေတ်တုံးက ကျောင်းမှာ စူပါစတားပေါ့။ ကျောင်းသားတွေအားလုံး နွဲ့နွဲ့တင်ကို အားကျသလို စိုင်းခမ်း လိတ်တစ်ယောက်လည်း သူများနည်းတူ နွဲ့နွဲ့တင်ကို အားကျမိသူပါ။

သူတို့နှစ်ယောက်ရဲ့ ပွဲဦးထွက်ဇာတ်လမ်း တစ်ပုဒ်ကတော့ ကျောင်းနံရံကပ်စာစောင် ကနေ စခဲ့တယ်။ နံရံကပ်စာစောင်ဆိုတာက စာပေဝါသနာပါတဲ့ ကျောင်းသားတွေ လွတ်လပ် စွာ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတိုတွေရေးပြီး ဆရာဆရာမများက ရွေးချယ်ပြီး ကောင်းတဲ့ဟာ တွေကိုကျောက်သင်ပုံးမှာ လှပစွာ ပြန်လည် ကပ်ထားပေးတယ်။

ကျောင်းသူကျောင်းသား တွေက ဝိုင်းကြည့်ကြတာပေါ့။ အဲဒီနံရံကပ်စာစောင်မှာ စိုင်းခမ်းလိတ်က ကဗျာလေးတစ်ပုဒ် ရေးကာ သွားကပ်ထားလိုက်တယ်။ သူ့ရဲ့ ခံစားချက်ကို တင်ပြတာပါ။ ဒါပေမယ့် သူတင်ပြချက် ကတော့ အသွားနှစ်ဖက် ရှိတဲ့ ကဗျာလေးပါ။ ကဗျာခေါင်းစဉ်ကိုက လူရည်ချွန်ကို ရအောင်ယူမည် တဲ့။ ကျောင်းသားတွေ အဲဒီကဗျာလေးကို ဖတ်ပြီးတော့ ဟိုးလေးတကျော်ဖြစ်သွားတာ ပေါ့။ လူသတင်း လူချင်းဆောင်ဆိုသလို နွဲ့နွဲ့တင်လည်း ကြားသိသွားတယ်။

စုံစမ်းကြည့်တော့ ရေးတဲ့သူက စိုင်းခမ်းလိတ်ဖြစ်နေတော့ ဆရာဆရာမတွေ ကျောင်းသားကျောင်းသူတွေအား လုံး အဲဒီအကြောင်းကို စိတ်ဝင်စားနေကြတယ်။ နွဲ့တင်ကတော့ မိန်းမသားတစ်ယောက် အနေ နဲ့ သူမကို ယခုလို စောင်းလား ချိတ်လား တင်စီးပြီး ရေးထားတာကို မြင်ရတော့ မခံချင်တာ အမှန်ပါ။

ဒီကျောင်း တစ်ကျောင်းလုံးမှာ သူမတစ်ယောက်ထဲသာ လူရည်ချွန်ဖြစ်နေလေတော့ စိုင်းခမ်းလိတ်က သူမကို ရည်ရွယ်ပြီး တမင်သက်ကက် ရေးတဲ့အကြောင်း ကျောင်းအုပ်ဆရာ ကြီးကို သွားတိုင်ပါလေရော။ ဒီကိစ္စကို ကျောင်းအုပ်ကြီးကိုယ်တိုင် စိုင်းခမ်းလိတ်ကို ရုံးခန်းမှာ ခေါ်တွေ့တယ်။ စိုင်းခမ်းလိတ်က ပြုံးပြုံးနဲ့ပဲ အဖြေပေးလိုက်တယ်။

`ကျွန်တော် သူမလို လူရည်ချွန်ဖြစ်ချင်လို့ လူရည်ချွန်ကို ရအောင်ယူမယ်လို့ ရေးတာ ဟာ ကျွန်တော်ရဲ့ ရည်ရွယ်ချက်ပါ`တဲ့။ ဒီလိုနဲ့ သူတို့နှစ်ယောက်ရဲ့ ပြဿနာလည်း ပြေလည် သွားတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း ခင်မင်ရင်းနီးသွားတယ်။ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းအစ လူရည်ချွန်ကလို့ ဆိုရပါလိမ့်မယ်။

စိုင်းခမ်းလိတ်

ရည်ရွယ်ချက်ရှိတဲ့အတိုင်း နဝမတန်းရောက်တော့ စိုင်းခမ်းလိတ်လည်း လူရည်ချွန် အဖြစ် ရွေးချယ်ခံခဲ့ရတယ်။ နွဲ့တင်ကလည်း လူရည်ချွန်နှစ်ထပ်ကွမ်း ဖြစ်ပြန်တယ်။ (ဒသမ တန်းလည်း နွဲ့နွဲ့တင်က လူရည်ချွန် သုံးထပ်ကွမ်းအဖြစ် ထပ်မံရွေးချယ်ခံရပြန်တယ်) မေမြို့ လူရည်ချွန်အနေနဲ့ သူတို့နှစ်ယောက် လူရည်ချွန်ခရီးအဖြစ် အတူတူသွားလာကြရလို့ ပိုပြီး ခင်မင်ရင်းနီးလာပါတော့တယ်။

ဒေါက်တာစိုင်းခမ်းလိတ်ရဲ့ သီချင်းကောင်းတွေ၊ စာသားလှလှတွေ ပေါ်ထွက်လာဖို့ အဓိက အိပ်မက်လှလှပေးတဲ့သူကတော့ နွဲ့နွဲ့တင်ပဲဖြစ်တယ်။ ဗမာသီချင်း အပုဒ် ၆၀၀ ကျော် ထဲမှာ နွဲ့နွဲ့တင်ကို ပတ်သက်တဲ့ အချစ်အကြောင်းတွေ အများကြီး တွေ့ရပါတယ်။ အထင်ရှား ဆုံးကတော့ “ သိပ်သိပ်ချစ်ရတဲ့ နွဲ့တင်“ နဲ့ “ ဒို့နှစ်ယောက်ရဲ့ အချစ်“ ပဲဖြစ်တယ်။ အဲဒါက လူရည်ချွန်ကို ရအောင်ယူမယ်ဆိုတဲ့ ရည်ရွယ်ချက်က စခဲ့တာ။

သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကတော့ ရှစ်တန်းကျောင်းသားဘဝက စခဲ့တယ်။ ကိုးတန်းရောက်တော့ အတူတူ လူရည်ချွန်ဖြစ်ပြီး ဒေသန္တရ ဗဟုသုတ အတူတူသွားခဲ့ရလို့ ပိုမို ရင်းနီးခဲ့တယ်။ ဆယ်တန်းရောက်တော့ စိုင်းခမ်းလိတ်က နမ္မတူကို ပြန်သွားရတယ်။

သို့သော် ဆေးတက္ကသိုလ်တက်တော့ မန်းမြေမှာ ပြန်ဆုံခဲ့ကြတယ်။ ဆရာတူတပည့်ဘဝနဲ့အတူ ကျောင်းနေဘက်မှာ ခင်ခဲ့ကြတဲ့ ခင်မင်မှုဟာ အခြားကျောင်းသားတွေအကြားကို ရောက်သွား ရင် ပိုမိုပြီး အလေးအနက်ရှိလာတတ်ကြတယ်။ ဒါကြောင့် စိုင်းခမ်းလိတ်နဲ့ နွဲ့နွဲ့တင်တို့ရဲ့ ခင်မင်မှုဟာလည်း ရင်းနီးမှုကို ပိုပြီးတော့ ဖြစ်စေခဲ့တယ်။

စိုင်းခမ်းလိတ် ကျောင်းပျက်လို့ အတန်းမတက်ခဲ့ရင် သူ့ကို ကူညီပေးခဲ့တဲ့သူက နွဲ့နွဲ့တင်ပဲဖြစ်တယ်။ သူ့ရဲ့ မှတ်စုစာအုပ်တွေဟာ များသောအားဖြင့် နွဲ့နွဲ့တင်ရဲ့ လက်ရေးတွေသာများပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်ရင်းနီးဖို့ ဆိုတာ (၁) ရှေးဘဝတုံးက မေတ္တာရေစက်ရှိခဲ့ကြတယ်။ (၂) ဒီဘဝမှာ တစ်ယောက်ကို တစ် ယောက်ကူညီဖေးမခဲ့ကြတယ်။

ဒီအကြောင်းနှစ်ခုကြောင့် တစ်ယောက်ကို တစ်ယောက် ချစ် ကြိုက်သွားကြတာပဲ။ သူတို့နှစ်ယောက်ကတော့ နှစ်ခုစလုံးကြောင့်ထင်တယ်။ စိုင်းခမ်းလိတ် လည်း လူရည်ချွန်ကို ရအောင်ယူမယ် ဆိုတဲ့ သူ့ရည်ရွယ်ချက်အတိုင်း ၁၉၇၃ ခုနှစ်မှာ လူရည်ချွန်သုံးထပ်ကွမ်းဖြစ်တဲ့ နွဲ့နွဲ့တင်နဲ့ လက်ထပ်လိုက်ကြတယ်။

အိမ်ထောင်ပြုဖို့အတွက် စိုင်းခမ်လိတ်တစ်ယောက် အတွေးတွေများစွာနဲ့ မိုးလင်းခဲ့ပေါင်း မနဲတော့ပါ။ နွဲ့နွဲ့တင်နဲ့ အိမ်ထောင်ပြုတဲ့ကိစ္စကို သူ့ရဲ့ သီချင်းဖြစ်တဲ့ `ဒို့နှစ် ယောက်ရဲ့အချစ်“သီချင်းကို ခံစားကြည့်ရင် နားလည်ကြမှာပါ။

သူနဲ့ မဆုံဖြစ်ခဲ့တဲ့ ရှမ်းမင်း သမီးများအတွက်လည်း ရှမ်းသီချင်းအချို့ စိုင်းခမ်းလိတ်ရေးထားတာ ရှိပါတယ်။ အဓိပ္ပါယ်အချို့ကတော့ “ တစ်ညလုံး နိုးခဲ့သော်လည်း အိပ်ယာကမထဘဲနဲ့ မိုးလင်းတဲ့အခါ ငါ့ကို မှတ်မိရင်လည်း မခေါ်နဲ့တော့“ တဲ့။ နောက်တစ်ပုဒ်ကတော့ `လွယ်ဆမ်ဆစ်` သီချင်း ပါ။

အိမ်ထောင်ပြုပြီဆိုရင် အမျိုးသားက အိမ်ထောင်ဦးစီးတာဝန်ကို ဦးလည်မသုန် ထမ်းရွက်ရ မှာဖြစ်ပါတယ်။ အဲဒီတာဝန်ကို ကျေပြွန်အောင် ဒေါက်တာစိုင်းခမ်းလိတ် ထမ်းဆောင်ခဲ့လို့ သူရေးတဲ့ `ဒီတောင်ကို မောင်ဖြိုပါ့မယ်`ဆိုတဲ့သီချင်းက ပေါ်လွင်စေခဲ့တယ်။

နောက်ပြီးတော့ သူများရဲ့ သမီးပျိုကို လက်ထပ်ယူပြီး မိမိရဲ့ ကြင်ယာအပေါ် ကတိ သစ္စာမရှိခဲ့ရင်၊ အိမ်ထောင်ရေးတာဝန် မကျေပြွန်ခဲ့ရင် `အလကားလူ` ဆိုပြီး အများရဲ့ ကဲ့ရဲ့မှုကို ခံရမယ်။ ဒေါက်တာစိုင်းခမ်းလိတ်လဲ သူ့အချစ်ဟာ သူများထက်မလျှော့ကြောင်း `မန္တလေးရောက် ရှမ်းတစ်ယောက်`သီချင်းက `မန်းပျိုဖြူတစ်ယောက်ကို ရှမ်းချစ်လည်း ဗမာထက် မလျှော့တာ တကယ်တမ်းပြခဲ့တယ်`လို့ ဆိုထားတယ်။

Credit