Sponsored

ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ အသင်းဖော် ကစားသမားတွေဖြစ်ကြတဲ့ နောက်ခံလူ ရူဂါနီ၊ ကွင်းလယ်လူ မာတွီဒီတို့ကို ရိုနာ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီးနောက် ကူးစက်နိုင်တဲ့သံသယကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့်လည်း ကံကောင်းထောက်မစွာနဲ့ ပဲ ကိုရိုနာဗိုင်းရပ်စ် Negative ပြခဲ့တဲ့အတွက် မိသားစုနဲ့ အတူပြန်လည် တွေ့ဆုံနိုင်ခဲ့တာဖြစ်ပါတယ်။

Getty Images

စီရော်နယ်ဒိုအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမူမရှိခဲ့ပေမယ့်လည်း အီတလီမှာ အဆိုးရွားဆုံးပျံ့နှံ့ နေတာကြောင့် မွေးရပ်မြေကို ပြန်ပြီး အပန်းဖြေ အနားယူနေတာဖြစ်ပါတယ်။ မိခင်ဖြစ်သူရဲ့ လေဖြတ် ရောဂါ အခြေအနေဟာလည်း တိုးတက်ကောင်းမွန်လာပြီဖြစ်တာကြောင့် ချစ်သူဂျော့ဂျီနာ၊ ကလေး ၄ဦး နဲ့ အတူ ပေါ်တူဂီကမွေးရပ်မြေ မာဒီရာယာမှာ အနားယူနေတာဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ချစ်သူ ဂျော်ဂျီနာကတော့ စီရော်နယ်ဒိုနဲ့ ကလေး ၄ယောက် ရေချိုးဇလုံထဲမှာ ပျော်ရွှင်နေတဲ့ ဓာတ်ပုံနဲ့ အတူ မာဒီရာယာမှာ အပန်းဖြေနေကြတဲ့ ဓာတ်ပုံတွေကို သူ့ရဲ့အင်စတာဂရမ် စာမျက်နှာမှာတင်သွားခဲ့တာဖြစ်ပါတယ်။

Sponsored
Getty Images

ဂျူဗင်တပ်အသင်းဟာလည်း အသင်းရဲ့တန်ဖိုးအကြီးဆုံး ကစားသမားစီရော်နယ်ဒိုကို ဘာချုပ်ချယ်မူမှပြုလုပ်ထားခြင်းမရှိဘဲ ဘောလုံးပွဲတွေပြန်လည် ကစားဖို့ နီးစပ်တဲ့အချိန်မှပြန်လည်ခေါ်ယူမယ်လို့ဆိုပါတယ်။

စီရော်နယ်ဒိုကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေနဲ့ ဝေးကွာနေရပေမယ့်လည်း ဒီလို ရှားရှား ပါးပါးအားလပ်ရက် ရသွားစေတာကတော့ သူ့အတွက်အမြတ်ထွက်ခဲ့ပါတယ်။ ရော်နယ်ဒို အနေနဲ့ ဗိုင်းရပ်စ် ရောဂါ တည်ငြိမ်စအချိန်ရောက်မှ မွေးရပ်မြေကနေပြန်လည် ထွက်ခွာနိုင် တယ်လို့ သိရပါတယ်။

Getty Images

Jack ( Sports Reader )
Source: Daily Mail

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *