Sponsored

တောင်ကိုရီးယားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အယောက် ၈၀၀၀ကျော်နဲ့ သေဆုံးသူ ၇၀ ရှိကာ ကမ္ဘာမှာရောဂါကူးစက်မှုအပြင်းထန်ဆုံးခံရတဲ့ နိုင်ငံတွေထဲတစ်နိုင်ငံဖြစ်ပါတယ်။

ဒီအရေးပတ်သတ်လို့တောင်ကိုရီးယား သမ္မတ Moon Jae-in လည်း စိန်ခေါ်မှုများစွာနဲ့ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် အမေရိကန်-တောင်ကိုရီးယားစစ်ဆင်ရေးတွေကို ရောဂါပိုးကြောင့် ရွှေ့ဆိုင်းခဲ့ပေမယ့် မြောက်ကိုရီးယားရဲ့တောင်ကိုရီးယားအပေါ် လက်နက်စမ်းသပ်ခြင်းဖြင့် ဖိအားပေးနေတာတွေက ရွှေ့ဆိုင်းခြင်းမရှိပါဘူး ။ ဒါတွေက တောင်ကိုရီးယားအာဏာပိုင်တွေကို ပိုပီးခေါင်းကိုက်စေပါတယ်။

@CNA

နိုင်ငံတော်တော်များများက မိမိတို့နိုင်ငံသားတွေအတွက် ရောဂါပိုးကို တိုက်ထုတ်နေကြချိန်ဖြစ်တဲ့အတွက် တောင်မြောက်နှစ်နိုင်ငံအကြား နိုင်ငံရေးစစ်ရေးတင်းမာမှုတွေလျော့ချနိုင်လိမ့်မယ်လို့ ထင်နေကြပေမယ့် မြောက်ကိုရီးယားကတော့ သူ့တို့ရဲ့အစီအစဉ်အတိုင်း နြူကလီးယား စမ်းသပ်မှုတွေကို အချိန်ကိုက် လုပ်ဆောင်နေဆဲပါ။ တောင်ကိုရီးယား ရွေးကောက်ခံအစိုးရအတွက်လဲ ယခုရောဂါပိုးထိန်းချုပ်မှုကို ရလဒ်ကောင်းအောင်လုပ်ဆောင်ဖို့လိုနေပါတယ်။ သို့မဟုတ်ပါက ပြည်သူထောက်ခံချက်ကို ဆက်လက်ရရှိသွားဖို့မလွယ်ကူးပါဘူး။

Sponsored

စီးပွားရေးတွေကျဆင်းနေချိန်၊ အမေရိကန်နဲ့ မြောက်ကိုရီးယားဆွေးနွေးပွဲတွေ ပျက်သွားချိန် တောင်ကိုရီးယား အစိုးရအတွက်ကတော့ ယခင်က မြောက်ကိုရီးယားနဲ့သဘောတူညီမှုရရှိထားတဲ့ မြောက်ကိုရီးယားနိုင်ငံအတွင်းက Mount Kumgang ကို တောင်ကိုရီးယားခရီးသွားတွေ လည်ပတ်ခွင့်ပိုမိုရရှိဖို့ကို အားထည့်ထားပေမယ့် မထင်မှတ်ပဲ ရောဂါပိုးကူးစက်မှုကာကွယ်ရန် မြောက်ကိုရီးယားက နယ်စပ်ကို ပိတ်လိုက်တာကြောင့် အစီအစဉ်ပျက်ခဲ့ရပါတယ်။

ဒါ့အပြင် လက်ရှိအစိုးရရဲ့လုပ်ဆောင်ချက်တွေဟာ မြောက်ကိုရီးယားရဲ့ အထင်ကြီးမှုကို မရရှိခဲ့ပါဘူး။ အထူးသဖြင့် အမေရိကန်သြဇာအောက်က ရုန်းထွက်နိုင်တာကို မပြသနိုင်ခဲ့ပါဘူး။ ၂၀၁၈ နှောင်းပိုင်းကတည်းက တောင်ကိုရီးယားအစိုးရရဲ့ နိုင်ငံရေး နည်းဗျူဟာ တွေဟာ ထင်သလောက်မပေါက်ရောက်ခဲ့တာကို လည်း တွေ့ရပါတယ်။ ဒါ့ကြောင့် မြောက်ကိုရီးယားနဲ့ ရင်ကြားစေ့ဖို့ကို ပြန်လည်ကြိုးစားခဲ့ပြီး ခဲတစ်လုံးနဲ့ငှက်နှစ်ကောင် ပစ်ဖို့စီစဉ်ခဲ့တာပါ။

@CNA

အဓိကကတော့ တောင်မြောက်ကိုရီးယား စီးပွားရေးတိုးတက်ဖို့ပါတဲ့။ သို့ပေမယ့် အမေရိကန် – မြောက်ကိုရီးယား ဒုတိယအကြိမ်မြောက် ဟနွိုင်း ဆွေးနွေးပွဲဟာ ထင်သလို မဖြစ်လာပဲ ပွဲပျက်ခဲ့တာကြောင့် မြောက်ကိုရီးယားအတွက် စီးပွားရေးပိတ်ဆို့မှုဖြေလျော့ရေးတွေ အကောင်အထည်မပေါ်လာခဲ့ပါဘူး။ ပြီးခဲ့တဲ့နှစ်ကတော့ မြောက်ကိုရီးယားဟာ စီးပွားရေးပိတ်ဆို့မှုဒဏ်ကို ခံနိုင်အောင် သူတို့ရဲ့ ခရီးသွားဥပဒေကို ဖြေလျော့ကာ နိုင်ငံခြားသားခရီးသွားပိုမိုလက်ခံခဲ့ပါတယ။်

သို့ပေမယ့် သင်သိတဲ့အတိုင်း အမှတ်မထင် ရောဂါဆိုးကြီးပေါ်ပေါက်လာတဲ့အတွက် ခဲလေသမျှသဲရေကျ ဖြစ်ကာ ခရီးသွားလုပ်ငန်းတွေနဲ့ လုပ်ဆောင်ချက်တွေပြသချင်တဲ့ တောင်ကိုရီးယားအတွက်လည်း အခက်အခဲတွေ့သွားရပါတယ်။ ဒီအထဲမှာ Kaesong စက်မှုဇုံ နဲ့ နိုင်ငံဖြတ်ကျော် စီးပွားရေးလုပ်ငန်းတွေ ဟာလဲ အချိန်အကန့်အသတ်မရှိ ရပ်နားထားရခြင်းလည်း ပါဝင်ပါတယ်။ သို့ပေမယ့် တောင်ကိုရီးယားအစိုးရအတွက် ထွက်ပေါက်တစ်ခုတော့ရှိနေပါတယ်။

@CNA

ဒါကတော့ မြောက်ကိုရီးယားအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ တတ်နိုင်သမျှလျော့ချပေးကာ ကိုရိုနာဗိုင်းရပ်စ် အတွက် နှစ်နိုင်ငံကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင့်ပေးခြင်းဖြင့်
အစိုးရရဲ့လုပ်ဆောင်ချက်တွေကို ပြသနိုင်ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားကတော့ နိုင်ငံတွင်း ရောဂါကူးစက်ခံရသူမရှိဟုဆိုကာ ကျန်းမာရေး စောင့်ရှောက်မှုကမ်းလှမ်းချက်တွေကို ပယ်ချပါတယ်။ စီးပွားရေးချိတ်ဆက်လုပ်ဆောင်ရန်အတွက် ကမ်းလှမ်းမှုတွေကိုလည်း စိတ်ဝင်စားပုံမရပါဘူး။

ယခင်က ကြားဝင်စေ့စပ်ပေးတဲ့နေရာမှာရှိခဲ့တဲ့ တောင်ကိုရီးယားအတွက် အခြေအနေကမလှပ ပါဘူး။ အကြောင်းကတော့ ထရန့်ဟာ အမေရိကန်ရွေးကောက်ပွဲမတိုင်ခင် မြောက်ကိုရီးယားနဲ့တွေ့ဆုံဖို့မရှိလို့ပါ။ ဒါ့ကြော်င့တောင်ကိုရီးယား သမ္မတ Moon Jae-in အတွက်ကတော့ နိုင်ငံရေးကော စီးပွားရေးမှာပါ ထိရောက်တဲ့စွမ်းဆောင်မှုတွေမပြသနိုင်ခဲ့တာပါ။ နိုင်ငံတွင်းမှာတောင် သူ့ရဲ့စွမ်းဆောင်ချက်တွေနဲ့ ပတ်သတ်ပြီး သံသယဖြစ်သူတွေနဲ့ ရင်ဆိုင်နေရပါပြီ။

Writer- ZWP ( The Lifestyle Myanmar )
Source – CNA

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *