Sponsored

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဆီ စာရေး ကမ်းလှမ်းခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရသတင်းဌာန KCNAက မတ်လ ၂၂ ရက်မှာ ဖော်ပြခဲ့ပါတယ်။

ကူးစက်ကပ်ဘေးရဲ့ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုကနေ ပြည်သူတွေကို ကာကွယ်ရာမှာ ခေါင်းဆောင်ကြီးရဲ့ အားထုတ်မှုတွေကို အထင်ကြီးမိတယ်လို့ ထရမ့်က ပြောရင်း ကူးစက်မှု တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ပိုင်းဖြတ်ချက်ကို ထရမ့်က ဖော်ပြခဲ့တယ်လို့ KCNA က ပြောပါတယ်။

@CNA

စာကို လက်ခံရရှိတဲ့အချိန်ကိုတော့ KCNA က မပြောခဲ့ပါဘူး။

Sponsored

ခေါင်းဆောင်တွေကြား ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးကောင်းနေပေမယ့် တကယ်လို့ သမာသမတ်ကျမှုနဲ့ ဟန်ချက်ညီမှု မရှိခဲ့ရင် အပြန်အလှန် ဆက်ဆံရေးက ဆက်ပြီး ပိုဆိုးလာလိမ့်မယ်လို့လည်း အစိုးရ မီဒီယာက ပြောပါတယ်။

ထရမ့်က စာပို့တယ်ဆိုတဲ့ကိစ္စကို ထရမ့်ရဲ့ အကြီးတန်းအုပ်ချုပ်ရေး အရာရှိက အတည်ပြုပါတယ်။

@CNA

လက်ရှိ ကူးစက်ကပ်ဘေးအတွင်း ကမ္ဘာ့ခေါင်းဆောင်တွေကြား ထိတွေ့ ပူးပေါင်းဖို့ အစဉ်တစိုက် အားထုတ်နေတယ်လို့လည်း ထရမ့်က ပြောခဲ့ပါတယ်။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *