Sponsored

မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအမ်ဟာ တစ်ပတ်အတွင်း ဒုတိယမြောက်စမ်းသပ်ခဲ့တဲ့ တာဝေးပစ်ဒုံးကျဉ်စမ်းသပ်မှုကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ တနင်္လာနေ့အစောပိုင်းက နိုင်ငံပိုင်သတင်းတွေမှာဖော်ပြပါတယ်။

မြောက်ကိုရီးယားဟာ သူတို့ရဲ့ တာဝေးပစ်ဒုံးကျဉ်ကို နိုင်ငံနယ်နိမိတ်အတွင်းက ပင်လယ်ပြင်ကို ဦးတည်ပစ်လွှတ်စမ်းသပ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါဟာ တောင်ကိုရီးယားစစ်တပ်ကို ချိန်းခြောက်နေတာဖြစ်သလို တရုတ်နဲ့အမေရိကန်နိုင်ငံတိုရဲ့ နြူကလီးယားအရေးဆွေးနွေးပွဲစကားဝိုင်းကို ပြန်လာဖို့ ဖိတ်ခေါ်ခဲ့တာကို ငြင်းဆန်ရာရောက်ပါတယ်။

@CNA

ခေါင်းဆောင် ကင်မ်နဲ့အတူ မြောက်ကိုရိးယားစစ်တပ်ခေါင်းဆောင်ပိုင်းတွေ ပါ စမ်းသပ်ပစ်လွှတ်မှုကို အားပေးကြည့်ရှုခဲ့ကြပီး ကျေနပ်အားရမှုတွေရှိခဲ့ကြတယ်လို့လည်း နိုင်ငံပိုင်သတင်းက ဆိုပါသေးတယ်။ ယခုစမ်းသပ်မှုမှာ လေ့ကျင့်ရေးပါပူးတွဲပါဝင်ပြီး ဒါဟာ ရှေ့တန်းက တာဝေးပစ်ဒုံးကျဉ်တွေကျဆုံးပါက အရေးပေါ်အစားထိုးမှုကို လေ့ကျင့်ခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

Sponsored

လေ့ကျင့်မှုမှာ အခြားသော လောင်ချာတွေကို ပစ်လွှတ်စမ်းသပ်လေ့ကျင့်ခဲ့သလို အတွဲလိုက်ပစ်ဒုံးကျဉ်စနစ်ကိုလည်း စမ်းသပ်ခဲ့ပါသေးတယ်။ ဒုံးကျဉ်ဟာ မြေပြင်မှ ၅၀ ကီလိုမီတာအကွာအဝေးအထိ တက်နိုင်ပြီး ကီလိုမီတာ ၂၀၀ အကွာအဝေးက ပစ်မှတ်ကို ခြေမှုန်းနိုင်ပါတယ်လို့ တောင်ကိုရီးယားစစ်ရေးစောင့်ကြည့်သူတွေက ဆိုပါတယ်။

@CNA

ခေါင်းဆောင် ကင်မ်ရဲ့ညီမ က ယခုစစ်ရေးလေ့ကျင့်မှုဟာ ဘယ်နိုင်ငံကိုမှ ခြိမ်းခြောက်ခြင်းမဟုတ်ဘူးလို့ပြောပေမယ့် ဗြိတိန်၊ဂျာမနီ၊ ပြင်သစ်နဲ့ ဘယ်ဂျီယမ်နိုင်ငံတို့ကတော့ ဒါဟာ United Nation အဖွဲ့ဝင်တွေကို မထီမဲ့မြင်ပြုလုပ်ရာကျတယ်လို့ ဆိုပါတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source – CNA

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *