Sponsored

တောင်ကိုရီးယားစစ်ဘက်ဆိုင်ရာ သတင်းတစ်ခုအရ မြောက်ကိုရီးယားဟာ ၎င်းတို့ရဲ့ ဒုံးစနစ်နှစ်ခုကို ပင်လယ်ထဲသို့ပစ်မှတ်ထားကာ ထပ်မံပစ်လွှတ်စမ်းသပ်လိုက်တယ်လို့ သိရှိရပါတယ်။ ထိုဒုံးဟာ တာဝေးပစ်ဒုံးစနစ်ဖြစ်နိုင်တယ်လို့လည်း ထင်ရပါတယ်။

KCNP

ယခုစမ်းသပ်မှုကို ယနေ့ မတ်လ ၂၁ ရက်မနက်အစောပိုင်းက မြောက်ကိုရီးယားနိုင်ငံ Pyongan ပြည်နယ်ကနေ ဂျပန်ပင်လယ်လို့ လူသိများတဲ့ အရှေ့ပင်လယ်ထဲသို့ ပစ်လွှတ်စမ်းသပ်လိုက်တာပါ။ မြောက်ကိုရီးယားဟာ ယခုလအတွင်း စစ်ရေးလေ့ကျင့်မှုအနေနဲ့ လက်နက်တွေ တောက်လျောက်ပစ်လွှတ်စမ်းသပ်နေပြီး တရုတ်နဲ့ အမေရိကန်တို့က မြောက်ကိုရီးယားကို နြူလက်နက်အရေးဆွေးနွေးဖို့ ကမ်းလှမ်းထားပါတယ်။

ယခုစမ်းသပ်မှုနဲ့ပတ်သတ်ပြီး တောင်ကိုရီးယားအာဏာပိုင်တွေက ” ကမ္ဘာကပ်ဖြစ်နေချိန်မှာတောင် ယခုလိုလုပ်ရပ်တွေကို ဆက်လက်လုပ်ဆောင်နေတဲ့တာဟာ တကယ်ကို မဖြစ်သင့်တဲ့ အခြေအနေပါ” လို့ပြောဆိုကာ အပြင်းအထန်ရှုံ့ချခဲ့ပါတယ်။

Sponsored

ယခုနောက်ဆုံး စမ်းသပ်ဒုံးကျဉ်ဟာ ၂၅၅ မိုင်အကွာအဝေးကိုရောက်ရှိနိုင်ပြီး အမြင့်ပေ ၅၀ကီလိုမီတာအထိရောက်ရှိနိုင်ပါတယ်။ ဂျပန်အာဏာပိုင်တွေကလည်း သူတို့ရဲ့ နယ်နိမိတ်အပြင်ဘက်ရေပြင်မှာပေါက်ကွဲမှုရှိခဲ့တယ်လို့ ထုတ်ဖော်ပြောကြားပါတယ်။ ဒါတင်မကသေးပါဘူး။

KCNP

လူ ၇၀၀ လောက်ပါဝင်တက်ရောက်မယ့် ပါလီမန်အစည်းအဝေးကိုလည်း April ၁၀ ရက်နေ့မှာ ကျင်းပသွားအုံးမယ်လို့လည်း အတည်ပြုပြောကြားထားပါသေးတယ်။ မြောက်ကိုရီးယားတွေကတော့ ယခုအစည်းအဝေးဟာ သူတို့ ရဲ့ COVID-19 ကို အသေအချာကိုင်တွယ် နိုင်ကြောင်းပြသချင်တာမျိုးလည်း ဖြစ်ပါတယ်။

အချို့သော စောင့်ကြည့်သူတွေက သင်္ကာမကင်းဖြစ်နေပေမယ့် မြောက်ကိုရီးယားကတော့ ယနေ့အချိန်အထိ နိုင်ငံအတွင်းကူးစက်ခံရသူ မရှိသေးဘူးလို့ဆိုပါတယ်။ သို့သော်လည်း အိမ်နီးချင်းတွေဖြစ်တဲ့ တောင်ကိုရီးယားနဲ့ တရုတ်နိင်ငံတို့မှာ ရောဂါဟာ တဟုန်ထိုးပျံ့နှံ့ခဲ့တာပါ။

အမေရိကန် စစ်တပ်ထိပ်သီးအရာ ရှိတွေကတောင် မြောက်ကိုရီးယားမှာ ရောဂါပိုးကူးစက်ခံရသူရှိနိုင်တယ်လို့ သေချာနေကြပါတယ်။ မြောက်ကိုရီးယားဟာ ရောဂါကူးစက်မှုကာကွယ်ရေးဟုဆိုကာ နိုင်ငံခြားသားသံတမန်နဲ့ ဝန်ထမ်း အယောက် ၃၈၀ လောက်ကို တစ်လလောက်ခွဲထားပလိုက်ပါတယ်။ ထိုအထဲက အယောက် ၈၀ လောက်ကတော့ မတ်လ ၉ ရက်နေ့က မြောက်ကိုရီးယားနိုင်ငံက ထွက်ခွာသွားကြပါပြီ။

Writer- ZWP
Source – BBC

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *