Sponsored

ယနေ့ မတ်လ ၂၉ ရက်နေ့မှာ မြောက်ကိုရီးယားဟာ အရှေ့ပင်လယ်ထဲသို့ သူတိုရဲ့ ယခုလအတွင်း လေးကြိမ်မြောက် လက်နက်စမ်းသပ်မှုကို ပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယားသတင်းဌာနကတဆင့် သိရှိရပါတယ်။

တကယ်တော့ယခု လုပ်ရပ်တွေဟာ ရောဂါကြောင့် ခေါင်းစားနေတဲ့ တောင်ကိုရီးယားကိုဖိအားတွေ ဆက်တိုက် ပေးနေရုံသာမက ကမ္ဘာ့ကပ်ကို ပါဝင်ကူညီရမယ့်အစား တကိုယ်ကောင်းဆန်လွန်းနေတာ ထင်ရှားပါတယ်။

@CNA

ယခုပစ်လွှတ်မှုမှာ ပဲ့ထိန်းဒုံးကျဉ် နှစ်စင်းပါဝင်ကာ ဆိပ်ကမ်းမြို့ Wonsan မှ အရှေ့ဘက်ပင်လယ်ဆီပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။ ဒုံးကျဉ်တွေဟာ ၂၃၀ ကီလိုမီတာအကွာအဝေးထိရောက်ရှိကာ ၃၀ ကီလိုမီတာ အမြင့်အထိရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားအာဏာပိုင်တွေကလည်း” ယခုလို ကမ္ဘာတစ်ဝှမ်း ရောဂါကြောင့် နလန်မထူနိုင်အောင် ဖြစ်နေချိန်မှာ ယခုလိုလုပ်ရပ်တွေဟာ တော်တော်လေး မသင့်တော်ပါဘူး ” လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဂျပန်ကတော့ မြောက်ကိုရီးယားရဲ့ စမ်းသပ်မှုဟာ ဂျပန်နယ်နိမိတ်ကိုတော့ မကျော်လာခဲ့ဘူးလို့ ဆိုပါတယ်။

Sponsored

မြောက်ကိုရီးယားရဲ့ တတိယမြောက် ပစ်လွှတ်မှုကို မြောက်ကိုရီးယားကိုယ်တိုင်က ” တာဝေးပစ် ပဲထိန်းဒုံးကျဉ်” လို့ ထုတ်ဖော်ခဲ့ပါတယ်။ ဒါ့အပြင် လက်နက်စမ်းသပ်မှုအပြီး နောက်တစ်နေ့မှာပဲ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယားထံ စေ့စပ်ဆွေးနွေးရေးအတွက် စာရေးတောင်းဆိုခဲ့တယ်လို့လည်းနိုင်ငံပိုင်သတင်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကင်ဂျုံအမ်ရဲ့ ညီမ ဖြစ်သူ Kim Yo Jong ကတော့ တစ်ဦးနဲ့တစ်ဦးအပြန်အလည်ဆက်ဆံရေးကောင်းရုံလောက်ကတော့ နှစ်နိုင်ငံဆက်ဆံရေးကို သိသိသာသာတိုးတက်လာမှာမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။ စာထဲမှာတော့ ” ဒေါ်နယ်ထရန့်ဟာအမေရိကန်နဲ့ မြောက်ကိုရီးယားပူးပေါင်းပြီး ရောဂါကာကွယ်ရေးကို အရှိန်မြင့်ဖို့ ပါရှိပါတယ်။” လို့သိရပါတယ်။

@CNA

ဒေါ်နယ်ထရန့်ရဲ့ ပေးပို့မှုကို အမေရိကန် အရာရှိအချို့က အတည်ပြုခဲ့ပြီး ယခုပေးပို့မှုဟာ မြောက်ကိုရီးယားနိုင်ငံတစ်ခုထဲအတွက်မဟုတ်ပဲ အခြားသောနိုင်ငံတွေကိုလည်း ပေးပို့တယ်လို့ ဖြေကြားပါတယ်။ ယခုဆို ကမ္ဘာပေါ်တွင် ကူးစက်ခံရသူ ၆၄၀,၀၀၀ ဦးရှိပြီးဖြစ်ကာ သေဆုံးသူ ၃၀,၀၀၀ ရှိနေပေမယ့်မြောက်ကိုရီးယားကတော့ မကူးစက်ခံရသေးဘူးလို့ ဘူးခံနေတုန်းပါ။

Writer- ZWP ( The Lifestyle Myanmar )
Source- CNA

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *