Sponsored

မြောက်ကိုရီးယားမှ ကုန်သွယ်ရေးဆိုင်ရာ အရာရှိတစ်ဦးသည် တရုတ်နိုင်ငံသို့သွားရောက်ခဲ့သည့်အတွက် ၎င်းကို သီးသန့်ခွဲခြားနေထိုင်နေစေသည့်ကာလအတွင်း မြောက်ကိုရီးယားရှိ အများသုံးရေချိုးကန်သို့ သွားရောက်ခဲ့သည့်အတွက် မြောက်ကိုရီးယားအာဏာပိုင်များက ချက်ခြင်းဖမ်းဆီးပြီး ပစ်ခတ် ကာ ကွပ်မျက်လိုက်ကြောင်း သိရသည်။

မြောက်ကိုရီးယားတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ် မကူးစက်စေရန်အတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျျုံအန်က တင်းကျပ်သည့် စစ်အုပ်ချုပ်ရေးအမိန့်ကို ကျင့်သုံးနေသည်။

Getty Images

အဆိုပါကုန်သွယ်ရေးအရာရှိမှာ အများပြည်သူသုံးရေချိုးကန်သို့သွားရောက်ခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို အများပြည်သူကြားသို့ ပြန့်ပွားစေမည့် အန္တရာယ်ကိုဖန်တီးခဲ့သည့်အတွက် ချက်ခြင်းဖမ်းဆီးကာပစ်သတ်လိုက်သည်ဟု တောင်ကိုရီးယားသတင်းစာ Ding a llbo ၏ ဖော်ပြမှုအား နိုင်ငံတကာမီဒီယာများက တစ်ဆင့်ပြန်လည်ဖော်ပြသည်။

Sponsored

တောင်ကိုရီးယားမီဒီယာ၏ ဖော်ပြမှုအရ အဆိုပါကုန်သွယ်ရေး အရာရှိမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူဖြစ်သည်ဟုလည်း ဆိုသည်။

Getty Images

မြောက်ကိုရီးယားကမူ အဆိုပါသတင်းအပြင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနှင့်ပတ်သက်၍ မည်သည့်သတင်းကိုမှ အတည်ပြုထုတ်ပြန်ခြင်း မရှိပေ။

တောင်ကိုရီးယားမီဒီယာ Ding a llbo ကမူ ၎င်းတို့ရရှိသည့်သတင်းအချက်အလက်များအပေါ်အခြေခံ၍ ဖော်ပြခဲ့ရာတွင် အဆိုပါကုန်သွယ်ရေးအရာရှိမှာ တရုတ်နိုင်ငံသို့သွားရောက်ခဲ့သလို တရုတ်နိုင်ငံသားများနှင့် ထိတွေ့ဆက်ဆံခဲ့သူလည်းဖြစ်၍ သီးသန့်ခွဲခြားထားကာ စောင့်ကြည့်ခြင်းခံနေရသူဟု ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားမှာ ၎င်းတို့နှင့်တစ်ခုတည်းသော အခိုင်အမာသံတမန်ဆက်ဆံရေးရှိသည့် တရုတ်နိုင် ငံနှင့်လည်း ၂ နိုင်ငံအကြားထိစပ်နေသည့် နယ်စပ်များကိုတင်းကျပ်စွာ ပိတ်ပင်ထားကြောင်း သိရသည်။ လေယာဉ်ခရီးစဉ်များကိုလည်း လျော့ချလိုက်ကာ ရထားလမ်းနှင့်ကားလမ်းများတွင်လည်း လုံခြုံရေးများ က တင်းကျပ်စွာစောင့်ကြည့်စစ်ဆေးနေသည် ဟု သိရသည်။ ထို့အတူ နိုင်ငံခြားသားများဝင်ရောက်မှုကိုလည်း ပိတ်ပင်ထားသည်။

Getty Images

တောင်ကိုရီးယားနှင့်မြောက်ကိုရီးယားအကြားရှိ စစ် မဲ့ဇုန် ( DMZ )တွင်လည်း လုံခြုံရေး တင်းကျပ်စွာ ချထားသည်ဟု ဆိုသည်။

တရုတ်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်သည့်မြောက်ကိုရီးယားအလုပ်သမားသောင်းချီရှိပြီး မည်မျှပြန်ဝင်လာပြီးဖြစ်သည်ကိုလည်း မည်သူမျှ အတည်မ
ပြုနိုင်ပေ။

သို့သော်ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍စောင့်ကြည့် ကာလကို မူလက ၁၄ ရက်သတ်မှတ်ထားရာမှ WHO ၏ ညွှန်ကြားမှုနှင့်အတူ ရက် ၃၀ အထိတိုးမြင့်လိုက်သည်ဟု မြောက်ကိုရီးယားက နိုင်ငံပိုင် မီဒီယာများမှ ကြေညာထားသည်။

နိုင်ငံတွင်းသို့ရောက်ရှိနေသည့် နိုင်ငံခြားသားများအ နေဖြင့်လည်း ညွန်ကြားချက်များကို လိုက်နာရန် မျှော် လင့်ထားသည်ဟု ကြေညာချက်တွင် ပါရှိသည်။

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းတွင် အခြေစိုက်သည့် WHO ကိုယ်စားလှယ်များကမူ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံလူနာများကို မတွေ့သေးဟုဆိုထားသော်
လည်း တောင်ကိုရီးယားမီဒီယာကမူ မြောက်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့်လူနာအများအပြားရှိဖွယ်ရှိနေပြီး သေဆုံးသူများပင် ရှိနေနိုင်သည်ဟု ဖော်ပြထားသည်။

သံသယဖြစ်ဖွယ်လူနာများနှင့် ရောဂါလက္ခဏာပြလာနိုင်သူများကို ကြက်ခြေနီအဖွဲ့များက တစ်နိုင်ငံလုံးတွင် စောင့်ကြည့်နေသည်ဟု မြောက်ကိုရီးယားမီဒီယာက ကြေညာထားသည်။

Ref : Daily Mail

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *