ဗုဒ္ဓဝင်ဇာတ်လမ်းတွေထဲမှာ မြန်​မာလူမျိုးတွေက”မြောက်​ကျွန်း”လို့ ​အစဉ်​အဆက်​​ပြောဆိုလာခဲ့ကြတဲ့ ​နေရာ

မြောက်​ကျွန်း

ဗုဒ္ဓဝင်ဇာတ်လမ်းတွေထဲမှာမြန်​မာလူမျိုးတွေက”မြောက်​ကျွန်​း”လို့ ​အစဉ်​အဆက်​​ပြောဆိုလာခဲ့ကြတဲ့ ​နေရာတစ်ခုရှိခဲ့ပါတယ်။

ဒီနေရာကိုဗုဒ္ဓဝင် စာ​ပေ​တွေမှာ ဥတ္တရကုရု လို့အမည်ရတဲ့ မြောက်​အရပ်​ကအသိရခက်​ဆန်​းကျယ်​​သော၊ ပုန်​းကွယ်​​နေ​သောမြို့​တော်​တစ်​ခုဒါမှမဟုတ် ကျွန်​းတစ်ခု လိုဖော်​ပြထားတာတွေ့ရလိမ့်မယ်​။

​မဟာဘာရတ ကျမ်းကတော့ “ဒီ​နေရာ​ဟာ ​ပျောက်​ကွယ်​​နေ​တဲ့မြို့​ကြီး​တွေ(floating cities)ဖြစ်​တယ်”

မဟာယာန ဗုဒ္ဓဘာသာဝင်​​တွေရဲ့ကြာပန်​းသုတ္တံ(Lotus Sutra)ကလည်း“ဒီနေရာဟာပျံသန်​း​နေ​တဲ့ဘုံဗိမ္မာန်​ကြီး(flying stupa)​တွေဖြစ်တယ်” လို့ ခပ်ဆင်ဆင်ပုံစံတွေနဲ့ အသီးသီးရေးသားဖော်ပြခဲ့ကြပြန်တယ်။

ထူးခြားတဲ့အချက်တစ်ချက်က မြောက်အရပ်ကအသိရခက်တဲ့နေရာတစ်ခုအကြောင်းကို ရေးသားပြောဆိုခဲ့ကြတဲ့ ရာဇဝင်တွေဟာ အိန္ဒိယနဲ့တရုတ်လိုကမ်ဘာ့အရှေ့ဘက်ခြမ်းမှာတင်မကပဲ ဥရောပဘက်အခြမ်းမှာပါ တိုက်တိုက်ဆိုင်ဆိုင် ဒီလိုရာဇဝင်တွေရှိနေတဲ့အချက်ပါပဲ။

ရှေး​ဟောင်​းဂရိတွေက​မြောက်​အရပ်​ကလေထုကို​ကျော်​လွန်​၍​ဝေးကွာ​သောအရပ်​မှ ာ“ဟိုက်ပါဘိုးရီးယန်း”(Hyperboreans)လို့ အမည်​ရတဲ့ကုန်​း​မြေကြီးတစ်​ခုဖြစ်​တည်​​နေတယ်​လို့ဆိုပြန်ပါတယ်​။

အဲဒီ “ဟိုက်ပါဘိုးရီးယန်း” မှာအ​ခြေချ​နေထိုင်​သူတွေဟာ အစစအရာရာပြည်​့စုံကြသူ​တွေဖြစ်​ပြီး ဒီနယ်မြေဟာ
မျှတတဲ့ နေရဲ့အလင်​း​ရောင်​ရှိရာကိုသာအချိန်​ပြည်​့​ရွေ့လျား​နေတာ​ကြောင်​့ ည အချိန်​မရှိတဲ့အရပ်​လည်​း ဖြစ်​ပါသတဲ့။

(နေထွက်ခါစအချိန်လို နေရောင်ခြည်နွေးနွေးလေးပဲ အမြဲတမ်းလင်းနေတာမျိုးဆိုပါတော့)

ဒါ့အပြင် အဲဒီအရပ်မှာနေထိုင်သူတွေဟာသိပ်ကို အံ့သြစရာကောင်​းတဲ့ ပင်ကိုယ်အရည်​အ​သွေး၊ ထူးခြား​တဲ့ ဉာဏ်​ပညာတွေကိုပိုင်ဆိုင်ကြပြီးကျန်​းမာပြီးအသက်ရှည်တဲ့ လူသားမျိုးနွယ်​​တွေဖြစ်ကြပါသတဲ့။

ယုတ္တိဗေဒအမြင်နဲ့ကြည့်ရင်တော့ဒဏ္ဌာရီဆန်​လွန်းတယ်လို့သာဆိုရမှာပါ။

သို့သော်အကြောင်းအရာတစ်ခုဟာ ဗုဒ္ဓပြောတဲ့အထဲမှာပဲပါတယ်၊ ဟိန္ဒူဘာသာမှာပဲရှိတယ်၊ ဥရောပဘက်ကပဲယုံကြည်ကြတယ်ဆိုရင်ဒါဟာဒေသန္တရစွဲ၊ ပုဂ္ဂိုလ်စွဲသက်သက်ကြောင့်ဖြစ်တည်နေတဲ့ရိုးရာယုံကြည်မှုတွေလို့ပြောလို့ရပေမယ့် ခုလို ကမ်ဘာတစ်ဝန်းလုံးမှာ ဒီနေရာနဲ့ပတ်သက်ပြီး(နေရာဆိုတာတောင် အရှေ့အရပ်တို့ အနောက်အရပ်တို့မပြောဘူး မြောက်အရပ်လို့ပဲ တစ်သံတည်းထွက်တာ)တူညီစွာပြောဆိုလာခဲ့ကြတဲ့ရာဇဝင်တွေကိုယ်စီကိုယ်စီရှိနေကြတယ် ဆိုတာက

နောက်ကွယ်မှာ အရင်းခံအကြောင်းတစ်စုံတစ်ရာတော့ရှိနေပြီလို့ ယူဆချင်စရာပါပဲ။

အီဂျစ်တို့ ဆူမားရီးယန်းတို့က မြောက်အရပ်လို့တော့မပါပေမယ့်သူတို့ရာဇဝင်​​တွေမှာ “လူသားနဲ့ဆင်​တူ​တဲ့မျိုးနွယ်​စု​တွေဟာ သူတို့ရဲ့ကိုယ်​ပိုင်​ လူ့အဖွဲ့အစည်​း၊ သီးခြားအရပ်​​ဒေသ​တွေမှာငြိမ်​းချမ်​းစွာယှဉ်​တွဲ​နေထိုင်​ကြပြီးတခါတရံမှာ လူသားတွေဆီကိုလာရောက်ပြီးအတူရော​နှောနေထိုင်​လေ့ရှိကြတယ်​” လို့ ရေးထား၊ဖော်ပြထားတာမျိုးတွေလည်းရှိခဲ့တယ်။

အသည်းကွဲဇာတ်လမ်းတစ်ပုဒ်

ဗုဒ္ဓအသက်ထင်ရှားရှိခဲ့တဲ့အချိန်ကဇောတိက(Jotika)ဆိုတဲ့ ဗုဒ္ဓရဲ့​နောက်​လိုက်​​နောက်​ပါ သူဌေးကြီးတစ်ယောက်ရှိခဲ့တယ်။

အဲဒ​ီ ဇောတိကသူဌေးကြီးမှာနတ်​ဘုရား​တို့ယူ​ဆောင်​​ပေး​တယ်လို့ဆိုတဲ့ဂြိုဟ်​သူမဇနီးတစ်ယောက်(an alien wife)ရှိပြီးအဲဒီဂြိုဟ်သူမဟာ ဥတ္တရကုရု လို့ခေါ်တဲ့ ​မြောက်​ကျွန်​း(Northern Island)ကလာတာဖြစ်​ပါသတဲ့။

ဂြိုဟ်​သူမရဲ့အမည်​ဟာ “စတုလကာရီ”(Satulakayi)လို့ခေါ်ပြီး သူမဆီမှာအရွယ်​ခပ်သေးသေး​အိုးလေးတစ်​လုံး၊ ချက်​ပြုတ်​ဖို့ ဘယ်တော့မှကုန်မသွားတဲ့ဆန်​အနည်​းငယ်​နဲ့မီးဖိုဖို့အတွက် အ​ရောင်​​တွေဖြာထွက်​​တောက်​ပ​နေတဲ့ ဖိုခ​နောက်​ကျောက်​တုံး(crystals stone-stove)၃ ခုကိုယူ​ဆောင်​လာခဲ့တယ် လို့ဆိုတယ်။

အဲလို စလယ်ဝင်အိုးလေးနဲ့ မြောက်ကျွန်းကဆန်တွေကို အတူချက်ပြုတ်စားသောက်ပြီး ပျော်ရွှင်ကြည်နူးစွာပေါင်းဖက်လာခဲ့ကြရင်းတစ်နေ့တော့ ဇောတိကသူ​ဌေးကြီးကဗုဒ္ဓရဲ့လမ်းစဉ်အရအရဟတ္တ(arahat)လို့ခေါ်တဲ့ အလုံးစုံငြိမ်​း​အေးမှုကိုရသွားတယ်။

အဲလို အရဟတ္တ(arahat)ကိုရသွားတဲ့သူတွေဟာ သားမယားတွေနဲ့ နေထိုင်​လိုစိတ်​မရှိ​တော့တာကြောင်​့ ဂြိုဟ်သူမ ဟာ အသည်းကွဲပြီး မြောက်ကျွန်းကိုပြန်​သွားခဲ့တယ်​လို့ ဆိုပါတယ်​။

(အဲဒါ ကိုယ့်ယောကျၤား ဘုန်းကြီးဝတ်တာတို့ တရားစခန်းဝင်တာတို့ကို ကျပ်ကျပ်မြှောက်ပေးကြနော်၊ ဟိုက မတော်တဆ အရဟတ္တဆိုက်သွားလို့ကတော့စတုလကာရီလိုလာရာလမ်းကို ဒိုးပေတော့ ပဲ)

စပိုင်(Spy)

ပါဠိကျမ်​းတွေက ဥတ္တရကုရု ဟာဝေဿဝဏ်(Vessavana​)အုပ်ချုပ်တဲ့နေရာဖြစ်တယ်လို့ဆိုတယ်။

ဝေဿဝဏ် ဆိုတာ ကမ်ဘာကိုစောင့်ကြည့်နေတဲ့ကမ်ဘာစောင့်နတ်ဆိုပါတော့ဗျာ၊ အဲဒီဝေဿဝဏ်(Vessavana​​)နဲ့အ​ပေါင်​းပါ​တွေဟာ​မြောက်​ဝင်​ရိုးစွန်​းကို​ဒေါက်​တိုင်​တစ်​ခုလိုအသုံးပြုပြီးကမ်ဘာကိုထောက်လှမ်းစောင့်ကြည့်ရင်​းလူသားမျိုးနွယ်​ နဲ့ကမ်ဘာကြီးရဲ့ဖြစ်​စဉ်​​တွေကို​ကြယ်​စု​တွေဆီမှာရပ်​တည်​​နေကြတဲ့နတ်​ဘုရား(၃၃)ပါးဆီကိုမှန်​မှန်​သတင်​းပို့လျက်​ရှိကြပါသတဲ့။

(ကောင်းကင်တမန်ဆိုပါတော့)

ဝေဿဝဏ် အဲလို စပိုင်လုပ်နေတယ်ဆိုတဲ့ အချက်​ဟာ“လာဟီရီအာယန” လို့ခေါ်တဲ့ဒဿာ၊တန်​့စတာတွေကိုစစ်​​ဆေးပြီး
လူ့ကံကြမ္မာကိုတွက်​ချက်​​ဟော​ပြောသောKP နက္ခတ်​ပညာကိုမှှတ်​တမ်​း တင်​ထားတဲ့ “ကာလစက္ကရ”ကျမ်​းမှာလည်း တွေ့ရပါလိမ့်မယ်။

Lagrangian Point

မြောက်​ကျွန်​းသည်​တားမြစ်​ထား​သောအရပ်​​ဒေသဖြစ်တယ်​၊ အိန္ဒိယတိုက်​ကနေ ယူဇနာ(yojanas)​ပေါင်​း ၂၄၀၀၀ ကွာ​ဝေးတယ်​လို့ဆိုပါတယ်​။ ယူဇနာ ၂၄၀၀၀ ဆိုတာကို မိုင်​နဲ့တွက်​ရင်​ ၁၂၀,၀၀၀ မိုင်​ ထွက်​လာမယ်​။ ခက်​တာက ကမ်ဘာရဲ့​မြောက်​ဝင်​ရိုးစွန်​းက​နေ ​တောင်​ဝင်​ရိုးစွန်​း ထိအကွာအ​ဝေး​တောင်​ ၁၂,၄၃၀ မိုင်​ပဲ ရှိတာ​ကြောင်​့အ​ပေါ်မှာ​ပြောခဲ့တဲ့အကွာအ​ဝေးကိုနှိုင်​းယှဉ်​ကြည်​့ရင်​တော့ ​မြောက်​ကျွန်​းတည်​ရှိတဲ့နေရာဟာကမ်ဘာ​မြေပြင်​ပ(extraterrestrial)မှာသာဖြစ်​တယ်​လို့ဆိုရတော့မှာပါ။

နှိုင်​းယှဉ်​စရာ​နောက်​တစ်​ချက်​ကလ ဟာကမ်ဘာကနေ မိုင်​​ပေါင်​း ၂၄၀,၀၀၀ ကွာဝေးပြီးဒါဟာ အ​ပေါ်မှာ​ပြောခဲ့တဲ့အကွာအ​ဝေးရဲ့ ၂ ဆဖြစ်​​နေတာပါပဲ။

စိတ်​ဝင်​စားစရာက​တော့ကမ်ဘာနဲ့လ တို့နှစ်​ခုကြားအကွာအ​ဝေးရဲ့အလယ်​ဆုံမှတ်​ကို“A Lagrangian Point”လို့​ခေါ်ပြီးဒါဟာကမ်ဘာရဲ့ပတ်​လမ်​းအတွင်​း ပါဝင်​​နေတာပါ။ (Mechanic Physics အသုံးအနှုန်​းဖြစ်​တဲ့Lagrangian ဟာ energy တစ်​မျိုးဖြစ်ပြီးအာကာသဝတၳုဖြစ်​တည်​မှု သီအိုရီလို့ဆိုရမှာပါ။

L=T – Uဟုဆိုတာ​ကြောင်​့Lagrangian သည် position နှင့် velocity တို့အပေါ်မှီခိုနေခြင်​း​ကြောင့်​့့အဲဒီအမှတ်​မှာ Plane တစ်​ခုခုဖြစ်​တည်​​နေမှုကိုရူပ​ဗေဒကခွင်​့ပြုတယ်​လို့ဆိုရမှာပါပဲ) ဆိုတော့အဲဒီမြောက်ကျွန်းဆိုတာ
ရှိချင်လဲရှိမယ် မရှိချင်လည်းမရှိဘူး၊မြင်ရတွေ့ရတာမျိုးလည်းမဟုတ်တော့တပ်အပ်တော့မပြောနိုင်ဘူး ပေါ့ဗျာ။

ဒါပေမယ့် သိထားသင့်တဲ့အချက်တစ်ချက်ကလူရဲ့အမြင်အာရုံ၊ အကြားအာရုံတွေဟာအကန့်အသတ်ရှိသလောက်သာ
မြင်ရ ကြားရတယ် ဆိုတာပါပဲ။လူရဲ့ မျက်လုံးဟာ 430 – 770 Thz လောက်ကိုပဲမြင်နိုင်တယ်၊ နားဟာ 20Hz – 20Khz လောက်ကိုပဲကြားနိုင်တယ်၊ ပြီးတော့ခင်ဗျားတို့ ကျနော်တို့ရဲ့အမြင်အာရုံတွေဟာ အလင်းတန်းတစ်ခုရဲ့ 1% လောက်ကိုပဲမြင်နိုင်ပါသတဲ့ဒီအချက်က ကိုယ့်ပတ်ဝန်းကျင်မှာအမှန်တကယ်ဖြစ်တည်နေတဲ့ 99% သော reality တွေ ကို လူသားအနေနဲ့မမြင်နိုင်ဘူး၊ မကြားနိုင်ဘူးလို့ အဓိပ္ပါယ်ရပါလိမ့်မယ်။

OupKar