Sponsored

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ တန်ဖိုးနည်းတိုက်ခန်းနေ အမေရိကန်နိုင်ငံသားခံယူထားတဲ့ အမျိုးသားတဦးမှာ COVID-19 Positive တွေ့ရှိတဲ့အတွက် သူနဲ့အတူနေတဲ့ မိသားစုဝင်တွေကို နဒီမြန်မာဟိုတယ်မှာ အသွားအလာကန့်သတ် Quarantine ပြုလုပ်ထားဖို့ရှိပါတယ်။

Photo-Kaung Zaw Hein/ MPA

ဒါ့အပြင် အဆိုပါ အမျိုးသားနေထိုင်ရာ မမ-၂၇/တိုက်အမှတ်(၆)မှာ နေထိုင်သူတွေကိုလည်း အဝင်အထွက် မပြုလုပ်ခိုင်းဘဲ lockdown ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားသည့် ကိုရိုနာဗိုင်းရပ်ပိုး တွေ့ရှိသူ အမေရိကန်နိုင်ငံသား ခံယူထားသည့် မြန်မာလူမျိုးကို ကျွဲဆည်ကန် ကားဝန်းမှ မြရည်နန္ဒာ တိုက်ခန်းသို့ ပို့ဆောင်ပေးခဲ့သူ မီနီအိုးဝေ ယာဥ်မောင်းက ယနေ့နံနက် ၉နာရီခန့် အချိန်တွင် လာရောက် စစ်ဆေးခံခဲ့သည်။

Sponsored
Photo-Kaung Zaw Hein/ MPA
Photo-Kaung Zaw Hein/ MPA

အဆိုပါမီနီအိုးဝေယာဥ်မောင်းကို မြရည်နန္ဒာတိုက်ခန်းအနီးတွင်ပင် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပေးခဲ့သည်။ ထို့နောက် ကျန်းမာရေးဝန်ထမ်းများက ‘အိမ်တွင် အသွားအလာကန့်သတ်၍ နေချင်ပါသလား၊ ဆေးရုံတွင် နေချင်ပါသလား’ ဟု ရွေးချယ်ခွင့်ပေးရာ မီနီအိုးဝေယာဉ်မောင်းက အိမ်တွင်ပင် နေထိုင်မည်ဟုဆိုသည့်အတွက် ခွင့်ပြုခဲ့သည်။

Photo-Kaung Zaw Hein/ MPA

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်`

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *