တောင်သာမြို့နယ် ရုံးစည်ကြီးကျေးရွာမှ NLD ပါတီဝင်အချို့ ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်

NLD ပါတီဝင်အချို့ ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်

မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာရှိ ဦးသောင်းငွေ+ဒေါ်ရီရီဝင်းတို့နေအိမ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားကို ဇွန်လ(၅)ရက် မွန်းလွဲ(၂)နာရီခွဲကကျင်းပရာ ရုံးစည်ကြီးကျေးရွာမှ NLD ပါတီဝင်အချို့ ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်ခဲ့ကြောင်း အိမ်ရှင်ဖြစ်သူဒေါ်ရီရီဝင်းက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီသို့ဝင်ရောက်သွားသူများ

ကျွန်မက အရင်က NLD ပါတီဝင်တယောက်ဖြစ်ပါတယ်။ NLD ပါတီကနေ နှုတ်ထွက်ဖို့စာတင်ထားပါတယ်။ အခု ပြည်ခိုင်ဖြိုးပါတီဝင်ဖို့ လျှောက်လွှာတင်ထားပါတယ်။ ပြည်ခိုင်ဖြိုးပါတီကို အားကိုးတယ်။ ယုံကြည်တယ်။ အဲ့ဒါတွေကြောင့်မို့လို့ ပြည်ခိုင်ဖြိုးပါတီထဲ ၀င်လာတာပါ။ ပြည်ခိုင်ဖြိုးပါတီကို ဝင်ပြီးပြီဆိုတော့ ပါတီကပေးအပ်တဲ့တာဝန်ကို တသဝေမတိမ်း ဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်“ဟု ရုံးစည်ကြီးကျေးရွာမှ ဒေါ်ရီရီဝင်းက ပြောကြားခဲ့သည်။

ရုံးစည်ကြီးကျေးရွာမှ ဒေါ်ရီရီဝင်း

“ရွေးကောက်ပွဲပြီးလို့ ၂၀၁၆ ခုနှစ်ကျော်လို့ ၂၀၁၇ ခုနှစ်လည်းရောက်ရော ရွှေတကျပ်သား ၇ဝဝဝဝဝိ/ ကျော်ကနေ ၉၀၀၀၀ဝိ/-ကျော် ဖြစ်ခဲ့ပါတယ်။ တစ်ဒေါ်လာ ၉ဝဝ ကျော်ကနေ ၁၃၅ဝ ဖြစ်ပြီး ကျွန်တော်တို့ ပြည်သူတွေ ဆင်းရဲတွင်းနက်ခဲ့ကြရပါတယ်။ ရခိုင်ဒေသမှာ အချုပ်အခြာကို ထိပါးခံရတဲ့ ခိုးဝင်ဘင်္ဂါလီကိစ္စ၊ ကချင်ပြည်နယ်မှာဖြစ်နေတဲ့ စစ်ပွဲတွေ ဒါတွေဟာ လက်ရှိအစိုးရ စီမံခန့်ခွဲမှုညံ့ဖျင်းလို့ ဖြစ်တယ်။ ကျွန်တော်တို့ သီးမခံနိုင်တော့တဲ့အဆုံး ဒို့တာဝန်အရေးသုံးပါးကို ထာဝစဉ် ဦးထိပ်ထားတဲ့အဖွဲ့၊ ဘာသာကို အသက်ပေးကာကွယ်စောင့်ရှောက်နေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ဝင်ရောက်ကြတာပဲ ဖြစ်ပါတယ်”ဟု NLD မှ ပြည်ခိုင်ဖြိုးပါတီသို့ ပြောင်းလဲဝင်ရောက်သူ ဦးသောင်းငွေက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီသို့ ပြောင်းလဲဝင်ရောက်သူ ဦးသောင်းငွေ

အဆိုပါအခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီသို့ ရုံးစည်ကြီးကျေးရွာအုပ်စုမှ (၂၆၀) ဦး၊ လက်ပံတောကျေးရွာအုပ်စုမှ (၂၉) ဦး၊ ရေခါးကျေးရွာအုပ်စုမှ (၃၃) ဦး၊ ရွှေပြည်တော်ကျေးရွာအုပ်စုမှ (၃၂)ဦးနှင့် သံဘိုကျေးရွာအုပ်စုမှ (၅၁)ဦး စုစုပေါင်း ပါတီဝင်အသစ်(၄၀၅)ဦးတို့ ပါတီဝင် အဆိုပြုလွှာများအား သက်ဆိုင်ရာ ကျေးရွာပါတီဥက္ကဋ္ဌများက မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးဝင်းမောင်ထံ ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးနယ်မြေ တာဝန်ခံဦးဝဏ္ဏမောင်လွင်နှင့်အတူ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊မြင်းခြံခရိုင်ပါတီဥက္ကဌ ဦးကျော်တင်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ တောင်သာမြို့ နယ်ပါတီအတွင်းရေးမှူး ဦးသန်းဇော်ဦးနှင့်မြို့နယ်ပါတီ ကော်မတီဝင်များ၊ ပါတီဝင်များ၊ ပါတီဝင်သစ်များ အပါအဝင် စုစုပေါင်း အင်အား(၅၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

Ref: News Watch