အလေးချိန် ပိဿာ ၅၀ ကျော် ရှိတဲ့ ငါးမြင်းကြီးတစ်ကောင်ကိုဖမ်းမိ

အလေးချိန်  ၅၅  ပိဿာ  ၅၀  ကျပ်သားရှိ  ငါးမြင်းတစ်ကောင်

ကသာမြို့နယ် ဧရာဝတီမြစ် အတွင်း အလေးချိန် ၅၅ ပိဿာ ၅၀ ကျပ်သားရှိ ငါးမြင်းငါးကြီး တစ်ကောင် နိုဝင်ဘာ ၂၄ ရက်က ငါးရောင်းပွဲရုံသို့ လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။ဒီလို ငါကြီးများဟာ ဧရာဝတီမြစ်အတွင်းမှာ ကျင်လည်ကျက်စားနေတဲ့ ငါးအမျိုးအစားတွေဖြစ်တယ်လို့ သိရပါတယ်။ ငါးကြီးရဲ့ အလေးချိန်ကတော့ ၅၅ ပိဿာ နဲ့ ၅၀ ကျပ်သား ရှိတာကြောင့် ယောက်ျားသား နှစ်ဦး ခါးညွတ်အောင် ထမ်းပိုးရတယ်လို့လည်း သိရပါတယ်။

ယောက်ျားသား နှစ်ဦး ခါးညွတ်အောင် ထမ်းပိုးရ

ဧရာဝတီမြစ်အတွင်း ငါးမဖမ်းရ ရာသီမဟုတ်သည့်အတွက် မြစ်ရိုး တစ်လျှောက် လုပ်ကိုင်ခွင့်ထားရှိချိန် မြစ်ကြမ်းပြင်အောက် ရေစီးသည့် နေရာတွင် မိသားစုလိုက် နေထိုင်တတ် သော သတ္တဝါငါးဖြစ်ပြီး အမြဲတမ်း ဖမ်းဆီးရမိနိုင်မှုမရှိဘဲ သင်းကွဲလာသော ငါးဖြစ်နိုင်၍ တစ်ကောင်တည်း ဖမ်းဆီး ရမိခြင်းပြီး ဒေသအခေါ် (ဗူးသီးပိုက်)မျောပြီး သောင်ကမ်းပေါ်ဆွဲတင်ရာ ပါရှိခဲ့ခြင်းဖြစ်ကြောင်း ရေလုပ်သား တစ်ဦးထံမှ သိရသည်။

မိသားစုလိုက် နေထိုင်တတ် သော သတ္တဝါငါးဖြစ်ပြီး အမြဲတမ်း ဖမ်းဆီးရမိနိုင်မှုမရှိ

ထို့နောက် ကသာမြို့ဈေးတွင် ရောင်းလျှင် ဝယ်ယူသူရှိသော်လည်း ရောင်းမကုန်ပါက အခက်အခဲရှိသဖြင့် မန္တလေး ငါးအဝယ်ဒိုင်ပွဲရုံသို့ ပို့ဆောင် နိုင်ရန် ချိန်တွယ်ရာ အဆိုပါ ငါးမြင်းငါး ၏ အလေးချိန်မှာ ၅၅ ပိဿာ ၅၀ကျပ် သားရှိ၍ ရေခဲရိုက်ပြီးပို့ဆောင်နိုင် ရန်အတွက် စီစဉ်လျက်ရှိကြောင်း သိရသည်။