Sponsored

အမေရိကန် ကနေ မြန်မာ နိုင်ငံ ရန်ကုန်ကို မတ်လ ၁၉ ရက်နေ့က ရောက်လာတဲ့ အသက် ၃၃နှစ် အရွယ် အမျိုးသားမှာ Covid 19 ရောဂါပိုး တွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

မန္တလေးတိုင်း ချမ်းမြသာစည် အရပ်မှာ နေထိုင်သူဟာ မတ်လ ၂၂ ရက်နေ့မှာ ဖျားနာ ချောင်းဆိုး မောပန်းတာကြောင့် မတ်လ ၂၅ ရက်နေ့မှာ မန္တလေး ဆေးရုံကြီးကို လာရောက် ပြသတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo: MOSH

သူ့ကို ကန်တော် နဒီ ဆေးရုံမှာ စောင့်ကြည့်လူနာ အဖြစ်ထားရင်း စစ်ဆေးခဲ့ရာ ဓါတ်ခွဲခန်း အဖြေအရ Covid 19 ရောဂါပိုး စစ်ဆေး တွေ့ရှိရတယ်လို့ ဆိုပါတယ်။

Sponsored

နောက်တစ်ယောက်ကတော့ သြစတြေးလျ နိုင်ငံမှာ တစ်လကြာ နှာခေါင်းကင်ဆာ ဆေးကုသမှု ခံယူပြီး စင်္ကာပူမှာ လေးရက် နေထိုင်ကာ မြန်မာ နိုင်ငံကို ပြန်ရောက်လာတဲ့ အသက် ၆၉ နှစ် အရွယ် အမျိုးသားမှာ မတ်လ ၁၈ ရက်နေ့မှာ ရောဂါ လက္ခဏာ ပြလာတာကြောင့် ရန်ကုန်ဆေးရုံကြီးမှာ သီးခြားထားရှိ ကုသပေးရင်း မတ်လ၂၆ ရက် ဓါတ်ခွဲခန်း အဖြေအရ Covid 19 ရောဂါပိုး စစ်ဆေး တွေ့ရှိရတယ်လို့ ကျန်းမာရေး နဲ့ အားကစား ၀န်ကြီးဌာန ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံတွင်ကိုရိုနာဗိုင်းရပ်စ်ပိုး နှစ်ယောက် ထပ်တွေ့

အခုအခါ မြန်မာနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရသူ ငါးယောက် ရှိပြီး သူတို့ထဲက သုံးယောက်ကို ရန်ကုန်က ဝေဘာဂီ ဆေးရုံမှာ ကုသ စောင့်ရှောက်ထားသလို ကျန်တဲ့သူတွေကို ချင်းပြည်နယ် တီးတိန် နဲ့ မန္တလေး ကန်တော် နဒီ ဆေးရုံတို့မှာ စောင့်ကြပ် ကုသ ပေးလျက် ရှိတယ်လို့ ဆိုပါတယ်။

Source: MOSH

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *