Sponsored

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါတဲ့ တစ်ထောင်တန် ငွေစက္ကူသစ်တွေကို အစိုးရ စီးပွားရေးဘဏ်တွေမှာ ဇန်နဝါရီလ ၇ ရက်နေ့ကစလို့ လဲလှယ်ရယူနိုင်နေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ဇန်နဝါရီလကုန်လို့ အစိုးရဝန်ထမ်းတွေ လစာထုတ်တဲ့အခါမှာလည်း ဗိုလ်ချုပ်ပုံပါ ငွေစက္ကူသစ်တွေ ပါလာမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ငွေကြေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်က ပြောပါတယ်။

Photo: Peacock News

ငွေစက္ကူအသစ်တွေကို ပုဂ္ဂလိက ဘဏ်တွေရော၊ အစိုးရဘဏ်တွေ အားလုံးမှာပါ ပေးထားပြီးသားပါ၊ ဘဏ်တွေက ဆက်ပြီး ဆောင်ရွက်ပါလိမ့်မယ်” လို့ ငွေကြေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်က ပြောပါတယ်။

Sponsored

တစ်ထောင်တန် ငွေစက္ကူအသစ်တွေကို ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ မြန်မာနိုင်ငံ ဗဟိုဘဏ်က စတင်ထုတ်ဝေမယ်လို့ ကြေညာထားခဲ့ပါတယ်။

ဇန်နဝါရီလ ၇ ရက်နေ့ မနက်ပိုင်းမှာတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့ကြီးတွေက စီးပွားရေးဘဏ်တွေမှာ လိုချင်တဲ့ ပမာဏကို ငွေစက္ကူအသစ်တွေနဲ့ လဲလှယ်ပေးနေပါတယ်။

လက်ရှိသုံးစွဲနေတဲ့ ကျပ်တစ်ထောင်တန်ကို လျှော့ပြီးထုတ်သွားမယ်

အသစ်နဲ့ အစားထိုးတာ ဖြစ်ပေမယ့် လက်ရှိသုံးနေတဲ့ ခြင်္သေ့ပုံပါ ငွေစက္ကူတွေက ဆက်ပြီး ရှိနေဦးမှာပါ လို့ ငွေကြေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်က ပြောပါတယ်။

အသစ်တွေချည်း ထုတ်လိုက်ရင် ငွေကြေးဖောင်းပွမှု ဖြစ်သွားမှာပေါ့၊ ခုက ငွေကြေးအဟောင်းပေးမှ အသစ်နဲ့ လဲလှယ်ပေးတာပါ” လို့ ဦးဝင်းမြင့်က ဆက်ပြောပါတယ်။

မုံရွာတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူ ၁၀၀၀ ကျပ်တန်များ စတင်လှဲလှယ်ပေးနေ

တစ်ထောင်တန် ငွေစက္ကူသစ် ဘယ်လောက်ရိုက်နှိပ်ထားပြီး ဖြစ်သလဲ ဆိုတဲ့ ဘီဘီစီရဲ့ အမေးကိုတော့ ဦးဝင်းမြင့်က ရိုက်နှိပ်ထားတဲ့ ပမာဏကို ပြောလို့ မရသေးဘူးလို့ ပြန်ဖြေပါတယ်။

Photo: Peacock News

လတ်တလောမှာတော့ ထွက်ရှိလာတဲ့ ငွေစက္ကူသစ်ကြောင့် ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်လာနိုင်မလားဆိုပြီးတော့ စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။

ဗဟိုဘဏ် ဘက်ကတော့ ရှိပြီးသား တစ်ထောင်တန် အဟောင်းတွေကို အသစ်နဲ့ အစားထိုးတာဖြစ်ပြီး အဟောင်းတွေက တဖြည်းဖြည်းချင်း အများပြည်သူလက်ထဲကနေ ပျောက်သွားအောင် လုပ်တာပါလို့ ပြောပါတယ်။

အခု ဗိုလ်ချုပ်ပုံ တစ်ထောင်တန်တွေ ထုတ်ဝေခဲ့ပြီး နောက်ထပ်လည်း ဗိုလ်ချုပ်ရုပ်ပုံပါ ငါးထောင်တန်နဲ့ တစ်သောင်းတန် ငွေစက္ကူတွေကိုလည်း အစဉ်လိုက် ထုတ်ဝေသွားဖို့ ရှိတယ်လို့ ငွေကြေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်က ပြောပါတယ်။

Source: BBC

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *