Sponsored

တူရကီနိုင်ငံ လွှတ်တော်ပါလီမန် တွင် ဥပဒေသစ်တစ်ရပ်ကိုပြဋ္ဌာန်းခဲ့ပါတယ်။အဲ့ဒီဥပဒေအသစ်တစ်ရပ်ကတော့ အသက်မပြည့် ကလေးငယ်များကို ( young girls ) အမှန်တကယ်လက်ထပ်ပေါင်းသင်းမည်ဆိုပါက မုဒိမ်းကျင့်ခွင့်ရှိတဲ့ဥပဒေတစ်ရပ်ပဲဖြစ်ပါတယ်။

တူရကီရဲ့ People Democrat Party ကတော့ အသက်မပြည့် ကလေးငယ်များ လက်ထပ်ထိမ်းမြားခြင်း အလိုမတူပဲ သားမယားပြုကျင့်ခြင်း စတဲ့လိင်ပိုင်ဆိုင်ရာအကြမ်းဖက်မှုတွေကို တားမြစ်ထားပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူ Suad Abu-Dayyeh ကတော့ ” တူရကီမှာရှိတဲ့ အမျိုးသမီးများတန်းတူအခွင့်အရေးရဖို့အတွက် တက်ကြွလှုပ်ရှားသူတွေကို ထောက်ခံတယ်လို့ဆိုထားပါတယ်။

အသက်မပြည့် ကလေးငယ်များ လက်ထပ်ထိမ်းမြားခြင်း အလိုမတူပဲ သားမယားပြုကျင့်ခြင်း စတဲ့လိင်ပိုင်ဆိုင်ရာအကြမ်းဖက်မှုတွေကို တားမြစ်ထားပါတယ်

အရှေ့အလယ်ပိုင်းနဲ့မြောက်အာဖရိက နိုင်ငံတွေမှာ လည်း အလားတူ ဥပဒေ တစ်ရပ်ကို ပြဌာန်းထားတာပါ။ အီဂျစ် ဂျော်ဒန် လက်ဘနွန်မော်ရိုကို တူနီးရှား ပါလက်စတိုင်း နိုင်ငံတွေကတော့ မကြာသေးမီနှစ်များက အဆိုပါ ဥပဒေ များကိုရုပ်သိမ်း ခဲ့တာပါ။

Sponsored

အမျိုးသမီးတို့ ဘဝလုံခြုံစိတ်ချစေရေးနှင့်ကာကွယ်ရေးတို့ကို အန္တရာယ်ရှိစေမယ့် ၎င်းကဲ့သို့သော ဥပဒေအသစ်တွေကို ပြဌာန်းမည့်အစား တူရကီ အနေနဲ့ လိင်ပိုင်းဆိုင်ရာ အငြင်းပွားဖွယ်ရာ လိင်ပိုင်းဆိုင်ရာဥပဒေ တွေကို ရုပ်သိမ်းဖို့ ကြိုးပမ်းသင့်ပါတယ်။

AP

၂၀၁၈ ခုနှစ်အတွင်း တူရကီအာဏာပိုင်များရဲ့ အစီရင်ခံစာအရ နိုင်ငံတွင်း အသက်မပြည့်သော မိန်းကလေးများကို လက်ထပ်ယူခြင်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း မိန်းကလေးငယ် ၄၈၂၉၀၈ ဦးရေထိရှိပါတယ်။

အသက်၁၈နှစ်ပြည့်မှသာ လက်ထပ်ထိမ်းမြားခွင့်ကို တူရကီနိုင်ငံမှာ တရားဝင်ခွင့်ပြုထားခဲ့တာပါ။အမျိုးသမီးနဲ့အရွယ်မရောက်မိန်းကလေးငယ်တွေကို လိင်အကြမ်းဖက်မှုဟာ တူရကီနိုင်ငံ နေရာအနှံ့အပြားမှာ ဖြစ်ပွားလေ့ရှိပြီး တူရကီအမျိုးသမီးတွေရဲ့ ၃၈ ရာခိုင်နှုန်းက ကိုယ်ထိလက်ရောက် သို့်မဟုတ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခံရတယ်လို့ ကမ္ဘာ့ကုလသမ္မဂ အဖွဲ့အစည်းက ဆိုပါတယ်။

Writer – AZO ( The Lifestyle Myanmar )
Source: Daily Star

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *