ေလထဲသိုု႔ပ်ံတက္မည့္ ေလယာဥ္က ရပ္ထားေသာ ရဟတ္ယာဥ္ကိုု ၀င္တိုုက္သျဖင့္ ၃ဦးေသဆုုံး

Photo - Ang Tashi Sherpa/ Handout via REUTERS

နီေပါႏိုုင္ငံ လုုကာျမိဳ႔ရွိ တန္ဇင္းဟီလာရီေလဆိပ္၀ယ္ ရပ္နားထားေသာ ရဟတ္ယာဥ္တစ္စီးအား ပုုဂၢလိကေလၾကာင္းလိုုင္းတစ္ခုုမွ ေလယာဥ္ငယ္တစ္စီးက ၀င္ေရာက္တိုုက္မိသျဖင့္ တြဲဖက္ေလယာဥ္မွဴးတစ္ဦးအပါအ၀င္ လူသုုံးဦးေသဆုုံးခဲ့သည္။

ေလထဲသိုု႔ပ်ံတက္ရန္ျပဳေနေသာ Summit Air ေလၾကာင္းလိုုင္းမွ တြင္ေအာ္တာ ေလယာဥ္ငယ္က ေလဆိပ္တြင္ရပ္နားထားသည့္ ရဟတ္ယာဥ္ကိုု ၀င္တိုုက္မိျခင္းျဖစ္ျပီး ယမန္ေန႔(ဧျပီ ၁၄)နံနက္ပိုုင္းကျဖစ္ပြားခဲ့ျခင္းပင္။

Photo – Ang Tashi Sherpa/ Handout via REUTERS

”ေနရာမွာတင္ လူႏွစ္ဦးပြဲခ်င္းျပီးေသဆုုံးခဲ့ပါတယ္။ ေနာက္တစ္ေယာက္ကေတာ့ ခတၱမႏၵဴေဆးရုုံကိုုပိုု႔ျပီး ကုုသမႈျပဳေနတုုန္း ေဆးရုုံမွာေသတာပါ”ဟုု ေလဆိပ္မွ တာ၀န္ရွိသူ ပရာတစ္ဘာဘူတီ၀ါရီက ေျပာသည္။

ပြဲခ်င္းျပီးေသဆုုံးသူႏွစ္ဦးမွာ ရဟတ္ယာဥ္အနီးတြင္ရွိေနခဲ့ေသာ ေလဆိပ္လုုံျခံဳေရးႏွစ္ဦးျဖစ္ျပီး၊ ေဆးရုုံတြင္ေသဆုုံးသူမွာ တြင္ေအာ္တာေလယာဥ္မွ တြဲဖက္ေလယာဥ္မွဴးျဖစ္သည္။ အျခားသူ သုုံးဦး ဒဏ္ရာရရွိခဲ့ေသးရာ တြင္ေအာ္တာေလယာဥ္မွဴးသည္လည္း ဒဏ္ရာရရွိသူမ်ားထဲတြင္ပါရွိျပီး ေလယာဥ္မယ္မွာမူ ထိခိုုက္မႈမရွိခဲ့ေခ်။

Photo – Ang Tashi Sherpa/ Handout via REUTERS

တြင္ေအာ္တာေလယာဥ္က ေလထဲပ်ံတက္ဖိုု႔ ေျပးလမ္းေပၚမွာအရွိန္ယူေျပးေနရင္းက လမ္းေခ်ာ္ျပီး ၀င္တိုုက္မိတယ္လိုု႔ေလာက္ပဲ သိရပါေသးတယ္။ ဘာေၾကာင့္ခုုလိုုျဖစ္ရတယ္ဆိုုတာကိုု အေသးစိပ္ေတာ့ မသိရေသးပါဘူး။ စုုံစမ္းစစ္ေဆးေနဆဲပါ”ဟုု ယင္းေလဆိပ္မွ တာ၀န္ရွိသူတစ္ဦးျဖစ္သည့္ အမ္မာနတ္သ္အဒိကာရီက ေျပာသည္။

၀င္ေရာက္တိုုက္မိေသာ တြင္ေအာ္တာေလယာဥ္ေပၚတြင္ ခရီးသည္တစ္ဦးမွ် မပါရွိခဲ့ေၾကာင္းသိရသည္။

Via: Popular News


#Unicode Version

နီပေါနိုင်ငံ လုကာမြို့ရှိ တန်ဇင်းဟီလာရီလေဆိပ်ဝယ် ရပ်နားထားသော ရဟတ်ယာဉ်တစ်စီးအား ပုဂ္ဂလိကလေကြာင်းလိုင်းတစ်ခုမှ လေယာဉ်ငယ်တစ်စီးက ဝင်ရောက်တိုက်မိသဖြင့် တွဲဖက်လေယာဉ်မှူးတစ်ဦးအပါအဝင် လူသုံးဦးသေဆုံးခဲ့သည်။

လေထဲသို့ပျံတက်ရန်ပြုနေသော Summit Air လေကြာင်းလိုင်းမှ တွင်အော်တာ လေယာဉ်ငယ်က လေဆိပ်တွင်ရပ်နားထားသည့် ရဟတ်ယာဉ်ကို ဝင်တိုက်မိခြင်းဖြစ်ပြီး ယမန်နေ့(ဧပြီ ၁၄)နံနက်ပိုင်းကဖြစ်ပွားခဲ့ခြင်းပင်။

”နေရာမှာတင် လူနှစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ နောက်တစ်ယောက်ကတော့ ခတ္တမန္ဒူဆေးရုံကိုပို့ပြီး ကုသမှုပြုနေတုန်း ဆေးရုံမှာသေတာပါ”ဟု လေဆိပ်မှ တာဝန်ရှိသူ ပရာတစ်ဘာဘူတီဝါရီက ပြောသည်။

ပွဲချင်းပြီးသေဆုံးသူနှစ်ဦးမှာ ရဟတ်ယာဉ်အနီးတွင်ရှိနေခဲ့သော လေဆိပ်လုံခြုံရေးနှစ်ဦးဖြစ်ပြီး၊ ဆေးရုံတွင်သေဆုံးသူမှာ တွင်အော်တာလေယာဉ်မှ တွဲဖက်လေယာဉ်မှူးဖြစ်သည်။ အခြားသူ သုံးဦး ဒဏ်ရာရရှိခဲ့သေးရာ တွင်အော်တာလေယာဉ်မှူးသည်လည်း ဒဏ်ရာရရှိသူများထဲတွင်ပါရှိပြီး လေယာဉ်မယ်မှာမူ ထိခိုက်မှုမရှိခဲ့ချေ။

တွင်အော်တာလေယာဉ်က လေထဲပျံတက်ဖို့ ပြေးလမ်းပေါ်မှာအရှိန်ယူပြေးနေရင်းက လမ်းချော်ပြီး ဝင်တိုက်မိတယ်လို့လောက်ပဲ သိရပါသေးတယ်။ ဘာကြောင့်ခုလိုဖြစ်ရတယ်ဆိုတာကို အသေးစိပ်တော့ မသိရသေးပါဘူး။ စုံစမ်းစစ်ဆေးနေဆဲပါ”ဟု ယင်းလေဆိပ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် အမ်မာနတ်သ်အဒိကာရီက ပြောသည်။

ဝင်ရောက်တိုက်မိသော တွင်အော်တာလေယာဉ်ပေါ်တွင် ခရီးသည်တစ်ဦးမျှ မပါရှိခဲ့ကြောင်းသိရသည်။

Via: Popular News