ေျခဖေနာင့္က အသားမာေတြကို ေပ်ာက္ကင္းသက္သာေစမယ့္ နည္းမ်ား

ေျခဖေနာင့္ အသားမာတက္ျခင္းကို သဘာဝနည္းလမ္းေတြနဲ႕ ေပ်ာက္ကင္းေအာင္ ျပဳလုပ္လို႔ရပါတယ္

အေရျပားမွာ ျဖစ္တတ္တဲ့ အသားမာ ဆိုတာမ်ိဳးဟာ အခ်ိန္ၾကာျမင့္စြာ ပြတ္တိုက္မႈေတြ ရွိလာတဲ့အခါ အေရျပားထူထဲလာျခင္းပဲ ျဖစ္ပါတယ္။ သာမန္အားျဖင့္ေတာ့ ေျခဖေနာင့္မွာျဖစ္တတ္တဲ့ အသားမာေတြဟာ က်န္းမာေရးအတြက္ ျပႆနာ သိပ္မရွိေပမယ့္ အခ်ိန္ၾကာလာတာနဲ႕အမွ် ကြဲအက္လာၿပီး နာက်င္တာမ်ိဳး ျဖစ္နိုင္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ေျခဖေနာင့္က အသားမာေတြကို ေပ်ာက္ကင္းသက္သာေစမယ့္ နည္းလမ္းေကာင္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) မုန႔္ဖုတ္ဆိုဒါ

မုန႔္ဖုတ္ဆိုဒါ လက္ဖက္ရည္ဇြန္း ၃ ဇြန္းခန႔္ကို ေရအနည္းငယ္နဲ႕ ခပ္ပ်စ္ပ်စ္ အေနအထားရေအာင္ ေရာစပ္ၿပီး ေျခဖေနာင့္က အသားမာေပၚကို လိမ္းက်ံေပးပါ။ နာရီဝက္ေလာက္ၾကာရင္ ေရခပ္ေႏြးေႏြးနဲ႕ ျပန္လည္ေဆးေၾကာေပးျခင္းအားျဖင့္ အခ်ိန္တိုအတြင္း သက္သာေပ်ာက္ကင္းေစမွာ ျဖစ္ပါတယ္။

(၂) ပန္းသီး ရွာလကာရည္

ပန္းသီး ရွာလကာရည္ဟာ ဘက္တီးရီးယားေတြကို ေသေစနိုင္တဲ့ ဂုဏ္သတၱရွိတာေၾကာင့္ ေျခဖေနာင့္က အသားမာေတြ ယားယံနာက်င္လာျခင္းနဲ႕ ဆိုးဆိုး႐ြား႐ြား ျဖစ္ေပၚလာျခင္းတို႔ကေန ကာကြယ္ေပးနိုင္ပါတယ္။ ပန္းသီး ရွာလကာရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္းခန႔္ကို ေရအနည္းငယ္နဲ႕ ေရာစပ္ၿပီး အသားမာေနရာေပၚကို လိမ္းက်ံေပးနိုင္ပါတယ္။

(၃) ေရေႏြး

ေရခပ္ေႏြးေႏြးနဲ႕ ေျခေထာက္စိမ္ေပးျခင္းဟာ ေျခဖေနာင့္က အသားမာေတြကို သက္သာေစနိုင္တဲ့အျပင္ ေညာင္းညာကိုက္ခဲမႈေတြကိုပါ ေျပေပ်ာက္ေစနိုင္ပါတယ္။ ေရခပ္ေႏြးေႏြးထဲကို သံလြင္ဆီ ဒါမွမဟုတ္ Tea Tree Oil အနည္းငယ္ ေရာစပ္ၿပီး စိမ္ေပးမယ္ဆိုရင္ လ်င္လ်င္ျမန္ျမန္ သက္သာေပ်ာက္ကင္းေစမွာပါ။

(၄) Aspirin ေဆးျပား

အကိုက္အခဲေပ်ာက္ေဆးတမ်ိဳးျဖစ္တဲ့ Aspirin ေဆးျပား ၅ ျပားခန႔္ကို သံပုရာရည္၊ ေရအနည္းငယ္တို႔နဲ႕ ေရာစပ္ႀကိတ္ေခ်ကာ ေျခဖေနာင့္က အသားမာေနရာေပၚကို လိမ္းက်ံၿပီး ၁၀ မိနစ္ခန႔္ထားေပးပါ။ ၿပီးရင္ေတာ့ ေရနဲ႕ျပန္လည္ေဆးေၾကာၿပီး ေခ်းတြန္းေက်ာက္တုံးနဲ႕ ညင္ညင္သာသာ ပြတ္တိုက္ေပးျခင္းအားျဖင့္ သိသိသာသာ ေပ်ာက္ကင္းေစမွာျဖစ္ပါတယ္။

Ref. brightside.me
Via: The Irrawaddy


#Unicode version

အရေပြားမှာ ဖြစ်တတ်တဲ့ အသားမာ ဆိုတာမျိုးဟာ အချိန်ကြာမြင့်စွာ ပွတ်တိုက်မှုတွေ ရှိလာတဲ့အခါ အရေပြားထူထဲလာခြင်းပဲ ဖြစ်ပါတယ်။ သာမန်အားဖြင့်တော့ ခြေဖနောင့်မှာဖြစ်တတ်တဲ့ အသားမာတွေဟာ ကျန်းမာရေးအတွက် ပြဿနာ သိပ်မရှိပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကွဲအက်လာပြီး နာကျင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ခြေဖနောင့်က အသားမာတွေကို ပျောက်ကင်းသက်သာစေမယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၃ ဇွန်းခန့်ကို ရေအနည်းငယ်နဲ့ ခပ်ပျစ်ပျစ် အနေအထားရအောင် ရောစပ်ပြီး ခြေဖနောင့်က အသားမာပေါ်ကို လိမ်းကျံပေးပါ။ နာရီဝက်လောက်ကြာရင် ရေခပ်နွေးနွေးနဲ့ ပြန်လည်ဆေးကြောပေးခြင်းအားဖြင့် အချိန်တိုအတွင်း သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

(၂) ပန်းသီး ရှာလကာရည်

ပန်းသီး ရှာလကာရည်ဟာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တရှိတာကြောင့် ခြေဖနောင့်က အသားမာတွေ ယားယံနာကျင်လာခြင်းနဲ့ ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာခြင်းတို့ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ပန်းသီး ရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ကို ရေအနည်းငယ်နဲ့ ရောစပ်ပြီး အသားမာနေရာပေါ်ကို လိမ်းကျံပေးနိုင်ပါတယ်။

(၃) ရေနွေး

ရေခပ်နွေးနွေးနဲ့ ခြေထောက်စိမ်ပေးခြင်းဟာ ခြေဖနောင့်က အသားမာတွေကို သက်သာစေနိုင်တဲ့အပြင် ညောင်းညာကိုက်ခဲမှုတွေကိုပါ ပြေပျောက်စေနိုင်ပါတယ်။ ရေခပ်နွေးနွေးထဲကို သံလွင်ဆီ ဒါမှမဟုတ် Tea Tree Oil အနည်းငယ် ရောစပ်ပြီး စိမ်ပေးမယ်ဆိုရင် လျင်လျင်မြန်မြန် သက်သာပျောက်ကင်းစေမှာပါ။

(၄) Aspirin ဆေးပြား

အကိုက်အခဲပျောက်ဆေးတမျိုးဖြစ်တဲ့ Aspirin ဆေးပြား ၅ ပြားခန့်ကို သံပုရာရည်၊ ရေအနည်းငယ်တို့နဲ့ ရောစပ်ကြိတ်ချေကာ ခြေဖနောင့်က အသားမာနေရာပေါ်ကို လိမ်းကျံပြီး ၁၀ မိနစ်ခန့်ထားပေးပါ။ ပြီးရင်တော့ ရေနဲ့ပြန်လည်ဆေးကြောပြီး ချေးတွန်းကျောက်တုံးနဲ့ ညင်ညင်သာသာ ပွတ်တိုက်ပေးခြင်းအားဖြင့် သိသိသာသာ ပျောက်ကင်းစေမှာဖြစ်ပါတယ်။

Ref. brightside.me
Via: The Irrawaddy