Sponsored

မင်းသမီးချောလေး နေခြည်ဦးကတော့ လက်ရှိမှာဆိုရင် အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ဆောင်နေပြီး အနုပညာလောကမှာလျှောက်လှမ်းနေတဲ့သူတစ်ဦးဖြစ်ပါတယ်။

Photo Credit:Bling Bling Photography

နေခြည်ဦးရဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ပရိသတ်တွေကကြိုက်နှစ်သက်ကြပြီး လတ်တလောမှာဆိုရင်လည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့”အိမ်မက်တွေ မိုးထားတဲ့အိမ်” ဆိုတဲ့ ဇာတ်လမ်းတွဲလေးက ထုတ်လွှင့်ပြသနေတာဖြစ်လို့ ပရိသတ်အများအပြားကလည်း အားပေးကြပါတယ်နော်။

Photo Credit:Bling Bling Photography

နေခြည်ဦးကတော့ တက်သစ်စမင်းသမီးတစ်ယောက်လို့ထင်ရက်စရာမရှိလောက်အောင် သရုပ်ဆောင်အိုင်တင်ပိုင်းတွေက အရည်အသွေးပြည့်ဝနေတာပဲဖြစ်ပါတယ်။

Sponsored

နောက်ထပ်လည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ဦးမှာဖြစ်ပြီး ဖိတ်ကြားတဲ့ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေတာပါနော်။ ချီချီရဲ့ အောင်မြင်မှုတွေကတော့ နှစ်အနည်းငယ်အတွင်းမှာ ပရိသတ်အများအပြားရဲ့ အခိုင်အမာအားပေးမှုတွေကို ရရှိခဲ့တာဖြစ်ပါတယ်။

Photo Credit:Bling Bling Photography

နေခြည်ဦးက Beauty Blogger တစ်ယောက်လည်းဖြစ်တာကြောင့် သူမရဲ့အလှအပရေးရာကိုလည်း အထူးဂရုစိုက်တဲ့သူပါ။ ကိုရီးယားနိုင်ငံကိုလည်း သွားရောက်ပြီး ပြုပြင်ပြောင်းလဲခဲ့တဲ့ အလှအပတွေကို ချစ်ပရိသတ်ကြီးအတွက် မချွင်းမချန်ဘဲမျှဝေခဲ့တာဖြစ်ပါတယ်။

အခုဆိုရင်တော့ နုဖတ်ပျိုမျစ်တဲ့အလှတရားတွေက ပြီးပြည့်စုံနေပြီး တစ်နေရာမှအပြစ်ပြောစရာမရှိလောက်အောင် စင်းလုံးချော‌လှပနေတဲ့ နေခြည်ဦးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Bling Bling Photography
Photo Credit:Bling Bling Photography

Source: Nay Chi Oo

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *