Sponsored

လတ်တလောမှာတော့ လူမှုကွန်ရက်စာမျက်နှာတွေမှာ နေဒွေးနဲ့ ချစ်သူဟောင်းဖြစ်တဲ့ သံစဉ်မောင်တို့ရဲ့ ကြားက အဖြစ်အပျက်တွေက ပြန့်နှံ့နေပါတယ်….။

နေဒွေးက နှိပ်စက်ထားလို့ဆိုကာ မျက်နှာမှာ ဒဏ်ရာအပြည့်နဲ့ သံစဉ်မောင်ရဲ့ ဓာတ်ပုံတွေလည်း ပြန့်နှံ့နေသလို နေဒွေးဘက်က ဖြေဆိုထားတဲ့ အင်တာဗျူးဗီဒီယိုလေးတွေဟာလည်း လူကြည့်များနေတာပါ….စိတ်မကောင်းစရာတစ်ခုကတော့ သံစဉ်မောင်ရဲ့ အဖော်အချွတ်ပုံတွေ ပြန့်နှံ့လာတာဖြစ်ပါတယ်…။

@Facebook

လူမှုကွန်ရက်ပေါ်မှာ ခုလိုဓာတ်ပုံတွေ ပြန့်နှံ့လာခြင်းဟာ မိန်းကလေးတစ်ယောက်ရဲ့ အရှက်သိက္ခာကို ကျဆင်းစေပြီး လူ့ကျင့်ဝတ်နဲ့ မညီတဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်…။ ဒီလို အဖော်အချွတ်ပုံတွေပြန့်လာတာနဲ့ ပတ်သက်ပြီး သံစဉ်မောင်ရဲ့ ဖခင်ဖြစ်သူက အဖေတစ်ယောက်အနေနဲ့ သူ့ရဲ့ ရင်တွင်းခံစားချက်လေးတွေကို အင်တာဗျူးတစ်ခုကနေ ခုလို ဝမ်းနည်းဖွယ် ရင်ဖွင့်လာခဲ့ပါတယ်…။

Sponsored

သံစဉ်မောင်ရဲ့ အဖေ ဦးသိန်းဇော်ဟာ ဥပဒေဝန်ထမ်းတစ်ယောက်ဖြစ်ပြီး သူ့မှာ သားသမီးသုံးယောက်ရှိပြီး သံစဉ်မောင်က အလတ်ဖြစ်တယ်လို့ ဆိုပါတယ်…။

@Facebook

ခုလို သမီးဖြစ်ခဲ့တဲ့ ကိစ္စအပေါ်မှာ စိတ်မကောင်းဖြစ်မိပြီးတော့ လူငယ်တွေချင်း ဖြစ်တဲ့ ကိစ္စဖြစ်လို့ ကြားထဲကနေ ဝင်ပြောတာတွေ မရှိခဲ့ဘဲ သမီးကို အနုပညာလမ်းမှာ လက်တွဲခေါ်ခဲ့တဲ့အတွက်တောင် နေဒွေးကို လေးစားကျေးဇူးတင်မိသေးတယ်လို့ ဦးသိန်းဇော်က ဆိုပါတယ်…။

ဒါပေမဲ့ နောက်ပိုင်းမှာ သမီးဖြစ်သူရဲ့ အဖော်အချွတ်ပုံတွေနဲ့ တိုက်ခိုက်မှုတွေရှိလာတဲ့အတွက် စိတ်မကောင်းဖြစ်မိပြီး သမီးဖြစ်သူကိုသာမက မိသားစုကိုပါ ထိခိုက်မှုတွေရှိလာတာကြောင့် မိသားစုနဲ့ တိုင်ပင်ကာ တစ်စုံတစ်ရာ ပြုလုပ်ဖို့ အစီအစဉ်ရှိတယ်လို့ ဦးသိန်းဇော်ကဆိုခဲ့ပါတယ်…။

ဒါ့အပြင် မဖွယ်မရာပုံတွေနဲ့ တက်လာတဲ့ အကောင့်တွေကိုလည်း မှတ်တမ်းယူထားပြီး ဥပဒေဘောင်ထဲကနေ အဖြစ်မှန်ပေါ်ပေါက်ဖို့ လုပ်ဆောင်သွားမယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာ သမီးဖြစ်သူကို မဖွယ်မရာပုံတွေနဲ့ တိုက်ခိုက်နေတဲ့ အကောင့်တွေနဲ့ ပတ်သက်ပြီး ပြောပြသွားပါသေးတယ်…။

@Facebook

ဒီလို မှတ်တမ်းတွေယူထားတာကလည်း အမှန်တရားဖြစ်စေချင်လို့ ယူထားတာဖြစ်ပြီး သမီးကို နှိပ်ကွပ်တဲ့သူ ဒါတွေကို လုပ်တဲ့သူတွေကိုလည်း ဥပဒေက အဖြေပေးသွားမှာဖြစ်သလို သမီးအတွက် စိုးရိမ်ပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ဦးသိန်းဇော်က ဆိုခဲ့ပါတယ်….ဒါ့အပြင် သမီးကိုတိုက်ခိုက်နေသူတွေအနေနဲ့လည်း သားသမီးမောင်နှမချင်းကိုယ်ချင်းစာပြီး အရမ်းကြီးမတိုက်ခိုက်ဖို့ မေတ္တာရပ်ခံသွားပါသေးတယ်..”

“သူနဲ့ တွဲခဲ့တာ (၃) နှစ်ပါ။ တစ်ယောက်နဲ့ တစ်ယောက် လက်ထပ်ကြမယ်ဆိုပြီး၊ သူ့ကို ယုံကြည်ခဲ့တယ်။ သူ့ လုပ်ရပ်တွေကို သည်းငြီး မခံနိုင်လို့ လမ်းခွဲ နောက်ဆုတ်ပြီး နေခဲ့တယ်။ စကားများတဲ့ အခါမျိုးမှာလည်း သူက လက်ပါခဲ့တယ်။ မိန်းခလေး တစ်ယောက်ကို သိက္ခာကျစေမယ့် အသုံးအနှုန်း နဲ့ ပုံတွေ Online မှာ ဖြန့်ခဲ့တာကိုတော့ လုံး၀ လက်မခံနိုင်ပါဘူး” လို့ ချစ်သူဟောင်း .. မင်းသားတစ်ယောက်ကို တရားစွဲဆိုမယ့် အကြောင်း ပြောလာတဲ့ သရုပ်ဆောင် ဘေဘီမောင် ၏ ညီမ ဖြစ်သူ၊ သရုပ်ဆောင် သံစဉ်မောင်ကပြောပါတယ်။

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *