Sponsored

အမြဲလိုလို လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး နေထိုင်တတ်တဲ့ စတိုင်လေးကြောင့် ပရိသတ်တွေ ချစ်မဝဖြစ်နေရသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးပဲ ဖြစ်ပါတယ်။ သူမဟာ ကိုယ်တိုင်စတိုင်ကျလှပရုံသာမကဘဲ မိန်းကလေးတိုင်းကိုလည်း စမတ်ကျကျလှပစေရန် Vlog လေးတွေ ရိုက်ကူးကာ ဝေမျှပေးတတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

@Facebook

သူမရဲ့ ချစ်စရာကောင်းတဲ့ စိတ်ထားလေးတွေကြောင့်လည်း မိန်းကလေးပရိသတ်များကပါ ချီချီမှ ချီချီဖြစ်နေရတာပါ။

ချီချီဟာ လတ်တလောမှာတော့ ကြော်ငြာလေးတွေ တောက်လျှောက်ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ” အိမ်မက်တွေ မိုးထားတဲ့ အိမ် ” ဆိုတဲ့ ဇာတ်လမ်းတွဲလေးဟာလည်း လတ်တလော ပရိသတ်တွေ ကြားမှာ ရေပန်စားလူကြိုက်များနေတာပါ။ အခုမှာလည်း ချီချီတစ်ယောက် မန္တလေးကို အလုပ်ကိစ္စနဲ့ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

Sponsored

သူမရဲ့ Facebook Myday လေးမှာလည်း အမိုက်စား ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ အတွင်းသားလေးတွေ ထင်းကနဲ မြင်နေရပြီး ရေကူးကန်ထဲမှာ စိမ်ပြေလက်ပျောက် ရေစိမ်နေတဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။

@Facebook

ချီချီရဲ့ ခန္ဓာကိုယ်လေးကလည်း သေးသွယ်နေတာကြောင့် ရေကူးဝတ်စုံလေးနဲ့ လုံးဝကို မိုက်လွန်းနေတာပါ။ ပရိသတ်တွေအတွက် ချီချီရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ပါတယ်နော်။

@Facebook

Source : Nay Chi Oo

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *