Sponsored

မန္တလေး မြင့်မြင့်ခင် ထိုးမုန့်၊လမုန့်-မိသားစုမှ ဒေါ်မြင့်မြင့်ခင် သီဟသုဓမ္မသိင်္ဂီဘွဲ့ ပေးအပ်ခံရခြင်းအတွက် ဝမ်းမြောက်စွာ ဂုဏ်ယူပါကြောင်း…သာသနာတော်ဆိုင်ရာဘွဲ့ရရှိတာမှန်ပေမယ့် ဒီမိသားစုရဲ့ ကျန်းမာရေး၊ ပညာရေးဒါနတွေလည်း မနည်းမနောပင်။ အခုရက်ပိုင်းအတွင်း ၁၁.၃.၂၀၂၀ နေ့က ခုတင် ၃၀၀ ကလေးဆေးရုံ မန္တလေး- အထူးကြပ်မတ်ကုသဆောင်၊ မွေးကင်းစဆောင်၊ ကျောက်ကပ်ဆောင်များအတွက် အရေးပေါ်လိုအပ်သွားသော မီးစက်တစ်လုံး 25KV မြင့်မြင့်ခင် မိသားစုထံ အလှူခံခဲ့ရာ ၁၀ မိနစ်အတွင်း လှူပေးပါမယ်ဟု အကြောင်းပြန်ကြားခဲ့ပါတယ်။

@Facebook

(ကျန်းမာရေးဝန်ကြီးဌာနသို့ တင်ပြထားပြီးဖြစ်ပါတယ်… အရေးပေါ်လိုအပ်သည့်အတွက် အလှူခံရတာပါ..)အလှူရှင်တွေက လာရောက်ကြည့်ရှုတွက်ချက်ပြီးသကာလ သုံးနေသောပစ္စည်းများကို ချိန်ဆ၍ $15,500 (သိန်း ၂၁၀ ကျော်) တန်ဖိုးရှိ 100KV မီးစက်အား နေ့ချင်း ချပေးတပ်ဆင်ပေးလျက်ရှိပါတယ်။

ကလေးကျောက်ကပ်ဆောင် စတင်လည်ပတ်နိုင်ရေးအတွက် မန္တလေး ပြည်သူထဲမှ တစ်ဦးအနေဖြင့် ၂၀၁၅ လောက်ကစတင်ပြီး ကျောက်ကပ်သန့်စင်စက် စတင်လှူဒါန်းပေးသော မိသားစုပါ…(မန္တလေးသူ/သားများ စည်းလုံးညီညွတ်စွာဖြင့် လှူဒါန်းကူညီကြခြင်း ပြယုဂ်)ကျောက်ကပ်အစားထိုး လူနာများအတွက်လည်း ကလေးတစ်ဦးလျှင် သိန်း၁၅၀ စီဖြင့် (၆)ယောက်အတွက် လှူဒါန်းပေးခဲ့ပါတယ်..

Sponsored
@Facebook

ကျောက်ကပ်ကလေးငယ်များ အာဟာရဒါနအနေနဲ့လည်း မကြာခဏ လှူဒါန်းပေးသော မိသားစုပါ..နှလုံးဌာနအတွက်လည်း လှူထားတာတွေ အသေးစိတ်မသိသော်လည်း မြင်တွေ့နေရပါတယ်..ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းအတွက်လည်း ပညာဒါနကျောင်းဆောင်ကြီး (၃)ထပ် ဆောက်လုပ်လှူဒါန်းထားပါတယ်..

ဒါတွေက ကိုယ်သိတာလောက်လေး ရေးပြီး အလှူတွေကို ဝမ်းမြောက်သာဓုခေါ်နေရတာပါ…ရှေးကုသိုလ်၊ ပစ္စုပ္ပန်ကုသိုလ်များကြောင့် ယခုလို လှူဒါန်းနိုင်ခြင်းဖြစ်လို့ အားကျဂုဏ်ယူမဆုံးပါ..(ထူးခြားတာက သူတို့အလှူတွေကို လူသိရှင်ကြား ဖော်ထုတ်ပြောကြားလေ့မရှိခြင်းပင်… ဂုဏ်ပြုအခမ်းအနားတောင် ငွေကုန်မှာစိုးလို့ မလုပ်ပါနဲ့လို့ ပိတ်ပင်တတ်ခြင်းပင်..)

@Facebook

Credit: ဒေါက်တာချောစုခိုင် ကလေးကျောက်ကပ်အထူးကု….ခုတင် ၃၀၀ ကလေးဆေးရုံ မန္တလေး

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *