ျမန္မာႏုိင္ငံပိုင္ MyanmarSat 2 ၿဂိဳဟ္တု ပစ္လႊတ္အေျခစိုက္စခန္းသို႔ ေရာက္ရွိ

MyanmarSat 2 ၿဂိဳဟ္တု

အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္၊ ပါလိုေအာ္တိုၿမိဳ႕တြင္ (Palo Alto) ၿမိဳ႕တြင္ တည္ရွိေသာ မာဇာနည္းပညာ (Maxar Technologies) ထုတ္လုပ္မႈအေဆာက္အဦ၌ အၿပီးသတ္ စမ္းသပ္စစ္ေဆးမႈမ်ားျပဳလုပ္ၿပီးေနာက္ ေတာင္အေမရိကတိုက္၊ ေျမာက္အတၱလန္တိတ္သမုဒၵရာ ကမ္းေျခ၊ ေကာ္႐ိုး၊ ျပင္သစ္ ဂီယာနာ Kourou, French Guiana) ရွိ အာရိယန္အာကာသ ပစ္လႊတ္ေရးအေျခစိုက္စခန္း (Arianespace Launch base) သို႔ MyanmarSat 2 ပါဝင္ သည့္ Intelsat 39 ဟုေခၚသည့္ ေျမျပင္တည္ၿငိမ္ပတ္လမ္းသြား ဆက္သြယ္ေရးၿဂိဳဟ္တုတစ္လုံးသည္ လုံၿခဳံေခ်ာေမြ႕စြာျဖင့္ ေရာက္ရွိလာခဲ့သည္။

MyanmarSat 2 ၿဂိဳဟ္တု

IS 39 ၿဂိဳဟ္တုကို ႏွစ္ရွည္ ေဖာက္သည္ျဖစ္ ေသာ Intelsat အတြက္ မာဇာက (၅၂) စင္းေျမာက္ၿဂိဳဟ္တုအျဖစ္ တည္ေဆာက္ေပးခဲ့ျခင္းျဖစ္သည္။ ယခုဆိုလွ်င္ Intelsat, Arianeaspace ႏွင့္ Mazar အဖြဲ႕တို႔သည္ ေကာ္႐ိုး၊ ျပင္သစ္ ဂီယာနာတြင္ ၿဂိဳဟ္တုကို အာရိယန္ ၅ (Ariane 5) ဒုံးပ်ံျဖင့္ လႊတ္တင္ရန္ ျပင္ဆင္လ်က္ရွိေနၾကၿပီျဖစ္သည္။

MyanmarSat 2 ၿဂိဳဟ္တု

အဆိုပါၿဂိဳဟ္တုကို ဇူလိုင္လ (၂၄) ရက္တြင္ လႊတ္တင္ရန္ ေလယခုၿဂိဳဟ္တုသည္ အေရွ႕ေလာင္ဂ်ီတြဒ္ (၆၂)ဒီဂရီ ပတ္လမ္းတည္ေနရာသို႔ ေရာက္ရွိသည္ႏွင့္ တစ္ၿပိဳင္နက္ အာဖရိက၊ ဥေရာပ၊ အေရွ႕အလယ္ပိုင္းႏွင့္ အာရွတစ္ခြင္၌ ျမန္ႏႈန္းျမင့္ ဗီဒီယို ျဖန္႔ခ်ိေရးဝန္ေဆာင္မႈကို ျဖည့္ဆည္းေပးလိမ့္မည္။ ထို႔ျပင္ၿဂိဳဟ္တုသည္ ေ႐ြ႕လ်ားေသာဆက္သြယ္မႈ အသုံးျပဳသည့္ေလယာဥ္ႏွင့္ သေဘၤာတို႔အျပင္ အိႏၵိယသမုဒၵရာထဲမွာ လုပ္ကိုင္အသုံးျပဳေနၾကေသာ အစိုးရအဖြဲ႕အစည္းမ်ား၏ အသုံးျပဳသူမ်ားအတြက္လည္း စြမ္းေဆာင္ေပးႏိုင္မည္ျဖစ္သည္။

Intelsat 39 ၿဂိဳဟ္တုသည္ ယခင္ မာဇာကဘဲတည္ေဆာက္၍ ၂၀ဝ၁ ခုႏွစ္က လႊတ္တင္ေပးခဲ့ သည့္ Intelsat 902 ၿဂိဳဟ္တုေနရာတြင္ အစားထိုးဝင္ေရာက္မည္ျဖစ္သည္။ Intelsat 39 ၿဂိဳဟ္တု အစားထိုးဝင္ေရာက္ခဲ့သည့္အခ်ိန္သည္ Intelsat 902 ၿဂိဳဟ္တုကိုေမွ်ာ္မွန္းထားေသာ ယင္း၏ ပုံစံထုတ္သက္တမ္း (၁၃) ႏွစ္ထက္ (၆) ႏွစ္ သို႔ မဟုတ္ ၄၅ % ခန္႔ေက်ာ္လြန္ေနမည္ျဖစ္သည္။

MyanmarSat 2 ၿဂိဳဟ္တု

Intelsat 39 ကို မာဇာ၏ ဆယ္စုႏွစ္တစ္စု သက္ေသျပဳမည့္ 1300-class အမ်ိဳးအစား စဥ္ျမင့္အေပၚ အေျချပဳတည္ေဆာက္ထားၿပီး ယင္းသည္ စြမ္းအားျမင့္ျခင္း၊ အေျပာင္းအလဲလုပ္လြယ္ျခင္း၊ စိတ္ခ်ရ ျခင္းမ်ားကို ကမ္းလွမ္းႏိုင္ၿပီး ျမန္ႏႈန္းျမင့္ Program အသုံးျပဳျခင္းမ်ားကို အေထာက္အပံ့ေပးႏိုင္ မည္ျဖစ္သည္။ာေလာဆယ္ အစီအစဥ္ေရးဆြဲ ထားသည္။

ၿဂိဳဟ္တုသည္ C-band ႏွင့္ Ku-band ႏွစ္မ်ိဳးစလုံးပါဝင္ၿပီး လိုအပ္ေသာပတ္လမ္းေနရာေရာက္ရွိရန္ လွ်ပ္စစ္ႏွင့္ ဓာတုတြန္းကန္အားႏွစ္မ်ိဳးစလုံးအသုံးျပဳႏိုင္ကာ အနည္းဆုံး (၁၅)ႏွစ္ ဝန္ေဆာင္မႈေပးႏိုင္ ေသာပုံစံကို ထုတ္လုပ္ထားသည္။ ပတ္လမ္းေပၚေရာက္သည္ႏွင့္ တစ္ၿပိဳင္နက္ ၿဂိဳဟ္တုကို ပတ္လမ္း ေပၚေနရာမွန္ရရွိေနေစရန္ ထိန္းသိမ္းရာတြင္ လွ်ပ္စစ္တြန္းကန္အားကိုသာ အသုံးျပဳေစျခင္းျဖင့္ ၿဂိဳဟ္တုလႊတ္တင္အေလးခ်ိန္ကိုေလ်ာ့က်ေစကာ ၿဂိဳဟ္တု၏စြမ္းေဆာင္ရည္ႏွင့္ ေျပာင္းလြယ္ျပင္ လြယ္မႈကို ပိုမိုတိုးျမႇင့္ႏိုင္ၿပီး Satellite Operator မ်ား၏ စြမ္းရည္ကို ျဖည့္စြမ္းေပးႏိုင္မည္ျဖစ္သည္။

MyanmarSat 2 ၿဂိဳဟ္တု

ၿဂိဳဟ္တုလႊတ္တင္သည့္ ဗီဒီယိုကို Live ၾကည့္ရႈႏိုင္ရန္ www.arianespace.com တြင္ တင္ေပး ထားမည္ျဖစ္ၿပီး မာဇာမွလည္း လႊတ္တင္မႈႏွင့္ ပတ္လမ္းေရာက္ရွိ လည္ပတ္ႏိုင္မႈ တိုးတက္မႈအေျခ အေနမ်ားကို အခ်ိန္ႏွင့္ တစ္ေျပးညီ Twitter, LinkedIn and Facebook တို႔တြင္ တင္ျပေပး သြားမည္ျဖစ္ေၾကာင္း ေလ့လာတင္ျပအပ္ပါသည္။

ခရက္ဒစ္ – ဝင္းေအာင္ (Trasncom News Journal)


#Unicode Version

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ပါလိုအော်တိုမြို့တွင် (Palo Alto) မြို့တွင် တည်ရှိသော မာဇာနည်းပညာ (Maxar Technologies) ထုတ်လုပ်မှုအဆောက်အဦ၌ အပြီးသတ် စမ်းသပ်စစ်ဆေးမှုများပြုလုပ်ပြီးနောက် တောင်အမေရိကတိုက်၊ မြောက်အတ္တလန်တိတ်သမုဒ္ဒရာ ကမ်းခြေ၊ ကော်ရိုး၊ ပြင်သစ် ဂီယာနာ Kourou, French Guiana) ရှိ အာရိယန်အာကာသ ပစ်လွှတ်ရေးအခြေစိုက်စခန်း (Arianespace Launch base) သို့ MyanmarSat 2 ပါဝင် သည့် Intelsat 39 ဟုခေါ်သည့် မြေပြင်တည်ငြိမ်ပတ်လမ်းသွား ဆက်သွယ်ရေးဂြိုဟ်တုတစ်လုံးသည် လုံခြုံချောမွေ့စွာဖြင့် ရောက်ရှိလာခဲ့သည်။

IS 39 ဂြိုဟ်တုကို နှစ်ရှည် ဖောက်သည်ဖြစ် သော Intelsat အတွက် မာဇာက (၅၂) စင်းမြောက်ဂြိုဟ်တုအဖြစ် တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ ယခုဆိုလျှင် Intelsat, Arianeaspace နှင့် Mazar အဖွဲ့တို့သည် ကော်ရိုး၊ ပြင်သစ် ဂီယာနာတွင် ဂြိုဟ်တုကို အာရိယန် ၅ (Ariane 5) ဒုံးပျံဖြင့် လွှတ်တင်ရန် ပြင်ဆင်လျက်ရှိနေကြပြီဖြစ်သည်။

အဆိုပါဂြိုဟ်တုကို ဇူလိုင်လ (၂၄) ရက်တွင် လွှတ်တင်ရန် လေယခုဂြိုဟ်တုသည် အရှေ့လောင်ဂျီတွဒ် (၆၂)ဒီဂရီ ပတ်လမ်းတည်နေရာသို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် အာဖရိက၊ ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာရှတစ်ခွင်၌ မြန်နှုန်းမြင့် ဗီဒီယို ဖြန့်ချိရေးဝန်ဆောင်မှုကို ဖြည့်ဆည်းပေးလိမ့်မည်။ ထို့ပြင်ဂြိုဟ်တုသည် ရွေ့လျားသောဆက်သွယ်မှု အသုံးပြုသည့်လေယာဉ်နှင့် သင်္ဘောတို့အပြင် အိန္ဒိယသမုဒ္ဒရာထဲမှာ လုပ်ကိုင်အသုံးပြုနေကြသော အစိုးရအဖွဲ့အစည်းများ၏ အသုံးပြုသူများအတွက်လည်း စွမ်းဆောင်ပေးနိုင်မည်ဖြစ်သည်။

Intelsat 39 ဂြိုဟ်တုသည် ယခင် မာဇာကဘဲတည်ဆောက်၍ ၂၀ဝ၁ ခုနှစ်က လွှတ်တင်ပေးခဲ့ သည့် Intelsat 902 ဂြိုဟ်တုနေရာတွင် အစားထိုးဝင်ရောက်မည်ဖြစ်သည်။ Intelsat 39 ဂြိုဟ်တု အစားထိုးဝင်ရောက်ခဲ့သည့်အချိန်သည် Intelsat 902 ဂြိုဟ်တုကိုမျှော်မှန်းထားသော ယင်း၏ ပုံစံထုတ်သက်တမ်း (၁၃) နှစ်ထက် (၆) နှစ် သို့ မဟုတ် ၄၅ % ခန့်ကျော်လွန်နေမည်ဖြစ်သည်။

Intelsat 39 ကို မာဇာ၏ ဆယ်စုနှစ်တစ်စု သက်သေပြုမည့် 1300-class အမျိုးအစား စဉ်မြင့်အပေါ် အခြေပြုတည်ဆောက်ထားပြီး ယင်းသည် စွမ်းအားမြင့်ခြင်း၊ အပြောင်းအလဲလုပ်လွယ်ခြင်း၊ စိတ်ချရ ခြင်းများကို ကမ်းလှမ်းနိုင်ပြီး မြန်နှုန်းမြင့် Program အသုံးပြုခြင်းများကို အထောက်အပံ့ပေးနိုင် မည်ဖြစ်သည်။ာလောဆယ် အစီအစဉ်ရေးဆွဲ ထားသည်။

ဂြိုဟ်တုသည် C-band နှင့် Ku-band နှစ်မျိုးစလုံးပါဝင်ပြီး လိုအပ်သောပတ်လမ်းနေရာရောက်ရှိရန် လျှပ်စစ်နှင့် ဓာတုတွန်းကန်အားနှစ်မျိုးစလုံးအသုံးပြုနိုင်ကာ အနည်းဆုံး (၁၅)နှစ် ဝန်ဆောင်မှုပေးနိုင် သောပုံစံကို ထုတ်လုပ်ထားသည်။ ပတ်လမ်းပေါ်ရောက်သည်နှင့် တစ်ပြိုင်နက် ဂြိုဟ်တုကို ပတ်လမ်း ပေါ်နေရာမှန်ရရှိနေစေရန် ထိန်းသိမ်းရာတွင် လျှပ်စစ်တွန်းကန်အားကိုသာ အသုံးပြုစေခြင်းဖြင့် ဂြိုဟ်တုလွှတ်တင်အလေးချိန်ကိုလျော့ကျစေကာ ဂြိုဟ်တု၏စွမ်းဆောင်ရည်နှင့် ပြောင်းလွယ်ပြင် လွယ်မှုကို ပိုမိုတိုးမြှင့်နိုင်ပြီး Satellite Operator များ၏ စွမ်းရည်ကို ဖြည့်စွမ်းပေးနိုင်မည်ဖြစ်သည်။

ဂြိုဟ်တုလွှတ်တင်သည့် ဗီဒီယိုကို Live ကြည့်ရှုနိုင်ရန် www.arianespace.com တွင် တင်ပေး ထားမည်ဖြစ်ပြီး မာဇာမှလည်း လွှတ်တင်မှုနှင့် ပတ်လမ်းရောက်ရှိ လည်ပတ်နိုင်မှု တိုးတက်မှုအခြေ အနေများကို အချိန်နှင့် တစ်ပြေးညီ Twitter, LinkedIn and Facebook တို့တွင် တင်ပြပေး သွားမည်ဖြစ်ကြောင်း လေ့လာတင်ပြအပ်ပါသည်။

ခရက်ဒစ် – ဝင်းအောင် (Trasncom News Journal)