Sponsored

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးဟာ တိရိစ္ဆာန်တွေကတစ်ဆင့် ကူးစက်တယ်လို့ ပညာရှင်တချို့က သုံးသပ်ထားတဲ့အတွက် မြန်မာနိုင်ငံမြောက်ပိုင်းက တောရိုင်းတိရိစ္ဆာန်ရောင်းဝယ်ခြင်းကို တိုက်ဖျက်ဖို့နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လိုကြောင်း တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။

နေပြည်တော်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်က ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးကို တရုတ်သံအမတ်ကြီးက သွားရောက်တွေ့ဆုံစဉ်မှာ အခုလို ပြောကြားခဲ့တာဖြစ်တယ်လို့ နိုင်ငံပိုင် သတင်းဌာနတွေက ထုတ်ပြန်ပါတယ်။

ပုံစာ-ဝန်ကြီးနဲ့ သံအမတ်ကြီးတို့တွေ့ဆုံဆေးနွေးစဉ်

တရုတ်မှာ တိရိစ္ဆာန်တွေရောင်းဝယ်သယ်ဆောင်တာကို တင်းကြပ်စွာပိတ်ဆို့ထားတယ်လို့ သံအမတ်ကြီးကပြောပါတယ်။

Sponsored

မြန်မာနိုင်ငံမြောက်ပိုင်းကဒေသတချို့ဟာ အထူးဒေသတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်ပြီး အဲဒီဒေသတွေမှာ တောရိုင်းတိရိစ္ဆာန်တွေရောင်းချမှုရှိနေပါတယ်။

ရှမ်းအရှေ့အထူးဒေသ ၄ ဖြစ်တဲ့ မိုင်းလားမှာဆို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုမရှိစေဖို့ သတိပေးချက်တွေထုတ်ပြန်ထားပြီး အဲဒီထဲမှာ တိရိစ္ဆာန်တွေကို အရှင်မစားဖို့၊ သေချာစွာချက်ပြုတ်ဖို့ ညွှန်ကြားချက်တွေထုတ်ထားပါတယ်။

အဲဒီဒေသတွေဟာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းနီးကပ်စွာရှိနေတာဖြစ်ပါတယ်။

Source: MOI

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *