Sponsored

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှာရှိတဲ့ မြန်မာပညာသင် (၆၃) ဦးအနက် ဝူဟန်မြို့မှာ ကျန်ခဲ့တဲ့ ကျောင်းသား ၂ဦးဟာ ဒီကနေ့ မတ် ၁၄ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ခေါ်ဆောင်လာခဲ့ပြီလို့ နိုင်ငံခြား ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – Ministry of Foreign Affairs Myanmar

မြန်မာအစိုးရအစီအစဉ်နဲ့ ဝူဟန်ရောက်မြန်မာကျောင်းသားတွေကို သွားရောက်ခေါ်ဆောင်ရာမှာ ကျန်နေခဲ့တဲ့ အဆိုပါကျောင်းသား ၂ဦးဟာ အိန္ဒိယနိုင်ငံအစိုးရရဲ့အကူအညီနဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို ရောက်ရှိခဲ့ပြီး စောင့်ကြည့်ကာလ ၁၄ရက် ကို နေထိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ကျောင်းသားကျောင်းသူ ၂ဦးမှာ COVID-19 ရောဂါကင်းရှင်းကြောင်း ထောက်ခံချက် ရရှိခဲ့တဲ့အတွက် နယူးဒေလီမြို့ကနေ ရန်ကုန်မြိုံ့ကို ဒီကနေ့မနက်ပိုင်းမှာ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

Sponsored

တရုတ် နိုင်ငံ ဝူဟန်မြို့ကနေ စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါဟာ လက်ရှိမှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်ကို ကူးစက်ပြန့်နှံ့နေပြီး လူ ၅၀၀၀ကျော် သေဆုံးခဲ့ပြီဖြစ်ပါတယ်။

Source: Ministry of Foreign Affairs Myanmar

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *