International Army Games 2019 မွာ ျမန္မာ ပရိသတ္ စိတ္ဝင္စားမွု အရွိဆံုးက တင့္ကား အျမန္ေမာင္းနွင္ပစ္ခတ္မွွဳ (Tank Biathlon )ျပိုင္ပဲြ ျဖစ္ပါတယ္။live ထုတ္ လႊင့္ ျပသေပးတာေျကာင့္လည္း ပိုမို စိတ္ဝင္စားမွုခံခဲ႔ရပါတယ္။
ျမန္မာ့တပ္မေတာ္ကိုယ္စားျပဳ အဖဲြ႕အေနနဲ႕ ပဲြစဥ္ ၃ ခု ယွဥ္ျပိုင္အျပီးမွာ တစ္ျကိမ္ထက္ တစ္ျကိမ္ ပိုမိုေကာင္းမြနိတဲ႔ စံခ်ိန္ကို ျပသခဲ႔ျပီး ယခုဆိုရင္ တစ္စီးခ်င္း ယွဥ္ျပိုင္ရတဲ႕ individual skill ျပိုင္ပဲြေတြကေန အသင္း လိုက္လက္ဆင့္ကမ္း ယွဥ္ျပိုင္ရတဲ႕အျကိုဗိုလ္လုပဲြ အဆင့္ကိုထိုက္တန္စြာ တက္ေရာက္ခဲ႔ပါျပီ။

ယခုနွစ္ တင့္ကားစြမ္းရည္ ျပိုင္ပဲြေတြမွာ နိုင္ငံေပါင္း ၂၃ နိုင္ငံ ပါဝင္ျပီး ယခင္ ၂၀၁၈ခုနွစ္က ရလဒ္ ရပ္တည္ခ်က္ ေတြအေပၚအေျခခံကာ Division 1 နဲ႕ Division 2 လို့ ခဲြျပီး ယွဥ္ျပိုင္ပါတယ္။
Division တစ္ခုရဲ႕ ရပ္တည္ မွွဳ နဲ႕ရလဒ္ ေတြက အျခား Division တစ္ခုနဲ႕ သက္ဆိုင္ ျခင္းမရွိပါဘူး။ ျမန္မာတင့္အဖဲြ႕ ႏွင့္အတူDivision 2မွာအသင္း (၁၁)သင္းပါဝင္ျပီး ျမန္မာ ယူဂႏၶာ လာအို တာဂ်စ္ကစၥတန္ ကူဝိတ္ဥဇဘက္ကစၥတန္ ဇင္ဘာေဘြ အန္ဂိုလာ က်ူးဘား ဆူဒန္ နဲ႕ဗီယက္နမ္တို့ျဖစ္ပါတယ္ ျပိုင္ပဲြရဲ႕ကြင္းတစ္ပတ္ဟာ ၄၁၀၀မီတာရွည္လ်ားျပီးအတားအဆီး ၁၁ ခုပါဝင္ပါတယ္။

ျမန္မာ အသင္းဟာ လာအို ယူဂႏၶာ တို့နဲ႕အတူ အုပ္စု တစ္ခုတည္း က်ေရာက္ျပီးျမန္မာ အသင္း ျပိုင္ပဲြဝင္ crew (3)ခု ရဲ႕ စံခ်ိန္ေတြက
crew1—53.27 မိနစ္
crew2–33.58 မိနစ္ (ပထမ)
crew3–28.38 မိနစ္(ပထမ) ျဖစ္ပါတယ္။
ျမန္မာ အသင္းဟာ ပထမေန႕ ပစ္ခတ္စဥ္ ေတြမွာ ပစ္ခတ္ မွု ရလဒ္ အထူး ေကာင္းမြနိေပမယ့္ ေမ်ွာ္လင့္ မထားတဲ႕ error ေတြေျကာင့္ ျပိုင္ဘ က္ ၂သင္း ထက္ ပန္းဝင္ခ်ိန္ မ်ားစြာကြာျခားခဲ႔ပါတယ္။ သို့ေသာ္ ဒုတိယ ေန႕နဲ႕တတိယ ေန့ ျပိုင္ပဲြေတြမွာစံခ်ိန္သစ္ေတြ တင္ျပီး ျပိုင္ဘက္ ၂သင္း ကို အျပတ္ျဖတ္ကာ ပထမ ေနရာက ပန္းဝင္ခဲ႔ပါတယ္။

ဒုတိယ အဆင့္ အုပ္စုလိုက္ လက္ဆင့္ကမ္း ျပိုင္ပဲြကို Division 2 က ၁၁ သင္းအနက္ ၈ သင္း တက္ေရာက္မွာပါ။ ယခုခ်ိန္ထိ အဆိုပါ ၁၁ သင္းလံုး ျပိုင္လို့ မျပီး ေသးပါဘူး။ သို့ေသာ္ Division 2 မွာပါတဲ႕ က်ဴးဘား နဲ႕ဆူဒန္က disqualified ျဖစ္လို့ ယွဥ္ျပိုင္ရေပမယ့္ အဆင့္ ၁ဝ နဲ႕၁၁ ေနရာမွာပါ။
ပထမ ၂ ရက္မွာ ျမန္မာရဲ႕ေရွ႕က ေရာက္ေနတဲ႕ လာအို နဲ႕ယူဂႏၶာ အသငိးက သံုးပဲြေပါင္းရလဒ္အျပီးမွာ ျမန္မာ အသင္းရဲ႕ေနာက္ကို ေရာက္ေနတဲ႕အတြက္ ျမန္မာက ဆီမီးဖိုင္နယ္ကို ေသခ်ာေပါက္ တက္ေရာက္သြားျပီး division 2 မွာ အဆင့္ ၄/၅ ေလာက္ရပ္တည္ နိုင္မွာ ျဖစ္ေျကာင္း သိရွိရပါတယ္။
က်ေနာ္တို့ ျမန္မာ့တပ္မေတာ္ တင့္အဖဲြ႕ကို ကံမ်က္နွာသာမေပးခဲ႔ေပမယ့္အန္ုင္မခံအရွံုးမေပး တတ္တဲ႕စိတ္ကို အေျခခံျပီး ျကိုးစားမွုရလဒ္ ေျကာင့္သာအဆင့္ တစ္ခုကို တက္လွမ္းနိူင္တာျဖစ္ပါတယ္

ယခုနွစ္ တင့္ကားစြမ္းရည္ျပိုင္ပဲြကို စျကည့္ ကတည္းက ျမန္မာအသင္းရဲ႕ပစ္ခတ္မွု ေမာင္းနွင္မွုစြမ္းရည္ေတြက မနွစ္က နဲ႕ယွဥ္ျကည့္တဲ႔အခါ မွင္သက္မိရပါတယ္။ ျပိုင္ပဲြကိုျကည့္ရွုေနခ်ိန္မွာျပိုင္ပဲြဝင္သူေတြ ရဲ႕ဖိအား အဆင့္ဆင့္တာဝန္ရွိသူေတြ ရဲ႕ဖိအားကို ေသခ်ာ နား လည္ခံစားမိပါတယ္။
ယခုလို နိုင္ငံ႔ဂုဏ္ ျမန္မာ့ တပ္မေတာ္ရဲ႕ ဂုဏ္ နဲ႕ အားေပးသူေတြအတြက္ စိတ္တိုင္းက် ေပ်ာ္ရႊင္မွုေတြကို ေပးစြမ္းနိုင္ဖို့စိတ္ဓာတ္ အျပည္႔နဲ႕ ျပိုင္ပဲြ ဝင္ေပးခဲ႔တဲ႕ ျမန္မာ့တပ္မေတာ္ ကိုယ္စားျပဳ သံခ်ပ္ကာ အဖဲြ႕ကို ဂုဏ္ယူ ဝမ္းေျမာက္ေျကာင္း ေရးသားတင္ျပ လိုက္ပါတယ္။
Source: Tin Ko Win
#Unicode Version
International Army Games 2019မှာ မြန်မာ ပရိသတ် စိတ်ဝင်စားမှု အရှိဆုံးက တင့်ကား အမြန်မောင်းနှင်ပစ်ခတ်မှု (Tank Biathlon )ပြိုင်ပွဲ ဖြစ်ပါတယ်။live ထုတ် လွှင့် ပြသပေးတာကြောင့်လည်း ပိုမို စိတ်ဝင်စားမှုခံခဲ့ရပါတယ်။
မြန်မာ့တပ်မတော်ကိုယ်စားပြု အဖွဲ့အနေနဲ့ ပွဲစဉ် ၃ ခု ယှဉ်ပြိုင်အပြီးမှာ တစ်ကြိမ်ထက် တစ်ကြိမ် ပိုမိုကောင်းမွနိတဲ့ စံချိန်ကို ပြသခဲ့ပြီး ယခုဆိုရင် တစ်စီးချင်း ယှဉ်ပြိုင်ရတဲ့ individual skill ပြိုင်ပွဲတွေကနေ အသင်း လိုက်လက်ဆင့်ကမ်း ယှဉ်ပြိုင်ရတဲ့အကြိုဗိုလ်လုပွဲ အဆင့်ကိုထိုက်တန်စွာ တက်ရောက်ခဲ့ပါပြီ။
ယခုနှစ် တင့်ကားစွမ်းရည် ပြိုင်ပွဲတွေမှာ နိုင်ငံပေါင်း ၂၃ နိုင်ငံ ပါဝင်ပြီး ယခင် ၂၀၁၈ခုနှစ်က ရလဒ် ရပ်တည်ချက် တွေအပေါ်အခြေခံကာ Division 1 နဲ့ Division 2 လို့ ခွဲပြီး ယှဉ်ပြိုင်ပါတယ်။
Division တစ်ခုရဲ့ ရပ်တည် မှု နဲ့ရလဒ် တွေက အခြား Division တစ်ခုနဲ့ သက်ဆိုင် ခြင်းမရှိပါဘူး။ မြန်မာတင့်အဖွဲ့ နှင့်အတူDivision 2မှာအသင်း (၁၁)သင်းပါဝင်ပြီး မြန်မာ ယူဂန္ဓာ လာအို တာဂျစ်ကစ္စတန် ကူဝိတ်ဥဇဘက်ကစ္စတန် ဇင်ဘာဘွေ အန်ဂိုလာ ကျူးဘား ဆူဒန် နဲ့ဗီယက်နမ်တို့ဖြစ်ပါတယ် ပြိုင်ပွဲရဲ့ကွင်းတစ်ပတ်ဟာ ၄၁၀၀မီတာရှည်လျားပြီးအတားအဆီး ၁၁ ခုပါဝင်ပါတယ်။
မြန်မာ အသင်းဟာ လာအို ယူဂန္ဓာ တို့နဲ့အတူ အုပ်စု တစ်ခုတည်း ကျရောက်ပြီးမြန်မာ အသင်း ပြိုင်ပွဲဝင် crew (3)ခု ရဲ့ စံချိန်တွေက
crew1—53.27 မိနစ်
crew2–33.58 မိနစ် (ပထမ)
crew3–28.38 မိနစ်(ပထမ) ဖြစ်ပါတယ်။
မြန်မာ အသင်းဟာ ပထမနေ့ ပစ်ခတ်စဉ် တွေမှာ ပစ်ခတ် မှု ရလဒ် အထူး ကောင်းမွနိပေမယ့် မျှော်လင့် မထားတဲ့ error တွေကြောင့် ပြိုင်ဘ က် ၂သင်း ထက် ပန်းဝင်ချိန် များစွာကွာခြားခဲ့ပါတယ်။ သို့သော် ဒုတိယ နေ့နဲ့တတိယ နေ့ ပြိုင်ပွဲတွေမှာစံချိန်သစ်တွေ တင်ပြီး ပြိုင်ဘက် ၂သင်း ကို အပြတ်ဖြတ်ကာ ပထမ နေရာက ပန်းဝင်ခဲ့ပါတယ်။
ဒုတိယ အဆင့် အုပ်စုလိုက် လက်ဆင့်ကမ်း ပြိုင်ပွဲကို Division 2 က ၁၁ သင်းအနက် ၈ သင်း တက်ရောက်မှာပါ။ ယခုချိန်ထိ အဆိုပါ ၁၁ သင်းလုံး ပြိုင်လို့ မပြီး သေးပါဘူး။ သို့သော် Division 2 မှာပါတဲ့ ကျူးဘား နဲ့ဆူဒန်က disqualified ဖြစ်လို့ ယှဉ်ပြိုင်ရပေမယ့် အဆင့် ၁ဝ နဲ့၁၁ နေရာမှာပါ။
ပထမ ၂ ရက်မှာ မြန်မာရဲ့ရှေ့က ရောက်နေတဲ့ လာအို နဲ့ယူဂန္ဓာ အသငိးက သုံးပွဲပေါင်းရလဒ်အပြီးမှာ မြန်မာ အသင်းရဲ့နောက်ကို ရောက်နေတဲ့အတွက် မြန်မာက ဆီမီးဖိုင်နယ်ကို သေချာပေါက် တက်ရောက်သွားပြီး division 2 မှာ အဆင့် ၄/၅ လောက်ရပ်တည် နိုင်မှာ ဖြစ်ကြောင်း သိရှိရပါတယ်။
ကျနော်တို့ မြန်မာ့တပ်မတော် တင့်အဖွဲ့ကို ကံမျက်နှာသာမပေးခဲ့ပေမယ့်အန်ုင်မခံအရှုံးမပေး တတ်တဲ့စိတ်ကို အခြေခံပြီး ကြိုးစားမှုရလဒ် ကြောင့်သာအဆင့် တစ်ခုကို တက်လှမ်းနိူင်တာဖြစ်ပါတယ်
ယခုနှစ် တင့်ကားစွမ်းရည်ပြိုင်ပွဲကို စကြည့် ကတည်းက မြန်မာအသင်းရဲ့ပစ်ခတ်မှု မောင်းနှင်မှုစွမ်းရည်တွေက မနှစ်က နဲ့ယှဉ်ကြည့်တဲ့အခါ မှင်သက်မိရပါတယ်။ ပြိုင်ပွဲကိုကြည့်ရှုနေချိန်မှာပြိုင်ပွဲဝင်သူတွေ ရဲ့ဖိအား အဆင့်ဆင့်တာဝန်ရှိသူတွေ ရဲ့ဖိအားကို သေချာ နား လည်ခံစားမိပါတယ်။
ယခုလို နိုင်ငံ့ဂုဏ် မြန်မာ့ တပ်မတော်ရဲ့ ဂုဏ် နဲ့ အားပေးသူတွေအတွက် စိတ်တိုင်းကျ ပျော်ရွှင်မှုတွေကို ပေးစွမ်းနိုင်ဖို့စိတ်ဓာတ် အပြည့်နဲ့ ပြိုင်ပွဲ ဝင်ပေးခဲ့တဲ့ မြန်မာ့တပ်မတော် ကိုယ်စားပြု သံချပ်ကာ အဖွဲ့ကို ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ရေးသားတင်ပြ လိုက်ပါတယ်။
Source: Tin Ko Win