Sponsored

ဝူဟန်၌ ရောက်ရှိနေသော မြန်မာကျောင်းသူ/ကျောင်းသားများအား မြန်မာအစိုးရမှ အထူးလေယာဉ် စေလွှတ်၍ ပြန်လည် ခေါ်ယူသွားမည်

လတ်တလော Corona Virus ဖြစ်ပွားလျက်ရှိသည့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့၌ ပညာသင်ကြားလျက်ရှိကြသော မြန်မာ ကျောင်းသူ/ကျောင်းသား (၆၃) ဦးအားမြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေး အတွက် အထူးလေယာဉ် စေလွှတ်ခေါ်ယူသွားရန် မြန်မာအစိုးရမှ ခွင့်ပြုခဲ့ ပြီးဖြစ်ပါသည်။

@CNN

သို့ဖြစ်ပါ၍ လိုအပ်သည့်လေယာဉ်ဖြတ်ကျော် ပျံသန်းခွင့်နှင့် ဆင်းသက်ခွင့်ရရှိရေး၊ ကျောင်းသားများပြန်လည်ခေါ်ယူနိုင်ရေးအတွက် တရုတ် ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် သံတမန်လမ်းကြောင်းမှ ဆက်သွယ်ဆောင်ရွက်လျက် ရှိပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

Sponsored

မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူပြီးပါက ကျောင်းသူ/ကျောင်းသားများအား Corona Virus ကူးစက်မှုရှိ/မရှိ လိုအပ်သော ကျန်းမာရေးအရ စောင့်ကြပ် စစ်ဆေးမှုများကို စနစ်တကျပြုလုပ်သွားရန်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ထားရှိပါကြောင်းကိုလည်း တစ်ဆက်တည်း အသိပေးအပ်ပါသည်။

Source: MOFA

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *