Sponsored

ဝူဟန်မှ မြန်မာကျောင်းသူကျောင်းသား ၆၃ ဦးတို့သည် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန်အတွက် ဝူဟန်မြို့ Tianhe လေဆိပ်သို့ရောက်ရှိနေကြပြီဖြစ်ပြီး ယခုအခါ လေယာဉ်ပေါ်တက်ခွင့်(Boarding Pass)များ ထုတ်ယူနေကြပြီဖြစ်သည်။

ဒေသစံတော်ချိန် ည ၁၁ နာရီ ၂၅ မိနစ်တွင် လေယာဉ်ထွက်ခွာမည်ဖြစ်ပြီး ခန့်မှန်းချိန် မြန်မာစံတော်ချိန် ဖေဖေါ်ဝါရီ ၂ ရက် နံနက် ၁ နာရီ ၃၀ မိနစ်တွင် မန္တလေးလေဆိပ်သို့ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။

Photo: KTTZ

ဟုတ်ကဲ့ရှင့်။ အားလုံအဆင်ပြေပါတယ်ရှင့်”ဟု ဝူဟန်ရောက် မြန်မာကျောင်းသားများထဲမှ မခင်သီရိသန့်ဇင်ကပြောပါသည်။

Sponsored

ကျောင်းသားများအား မြန်မာအမျိုးသားလေကြောင်းလိုင်းမှ MNA B737-800 ဖြင့် လေယာဉ်မှူးကြီး Capt Khup Khan Maung ဦးဆောင်သည့် လေယာဉ်အဖွဲ့သားများက သွားရောက်ခေါ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ဝူဟန်မှကျောင်းသား ၆၃ ဦးကို သွားရောက်ခေါ်ယူသည့် စေတနာ့ဝန်ထမ်း သူရဲကောင်းများအဖွဲ့

ဝူဟန်မြို့ရှိ မြန်မာကျောင်းသူကျောင်းသားများအား မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက် ပေကျင်းမြို့ရှိ မြန်မာသံရုံးမှ အဖွဲ့သားများနှင့် တရုတ်နိုင်ငံမှ တာဝန်ရှိသူများတို့သည် လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းကစတင်၍ ယနေ့အထိ စီစဉ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။

Photo: KTTZ

Source: KTTZ

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *