ကျွန်တော့် တူလေးလို့ အဖြစ်မျိုး မကြုံကြပါစေနဲ့လို့ ဆုတောင်းရင်း

@Facebook

ဒီနေ့မနက် တူအကြီးကောင်လေး မျက်စိ နှစ်ဖက်လုံးခွဲရတယ်.. အကြောင်းကတော့ မျက်လုံးစွေသွားလို့ ပြန်တည့်မတ်ဖို့အတွက် ခွဲရတယ်ပေါ့.. ကလေးက ခုမှ အသက်က ၅ နှစ်ခွဲ.. မေ့ဆေးပါ ပေးပြီးမှ ခွဲရတယ်.. ခွဲစိတ်ခန်း ဝင်ချိန်က ၁ နာရီကြာပြီး ခွဲစိတ်ချိန်က မိနစ် ၄၀ လောက်ရှိတယ်.. ရောက်ခါစတော့ ဆရာမတွေကြောက်ပြီး ခလေးက ပြောသမျှလုပ်ရှာတယ်… ခွဲပီးပြန်ထွတ်လာတော့ ဖြဲငိုရောပဲ… ငိုဆို ကလေးကို.. မျက်လုံးကို ပတ်တီးနဲ့ပိတ်ထားတာ နိုးလာတော့ ဘာမှမမြင်ရတော့ ငိုပီပေါ့.. ဒါတောင် ဆရာဝန်က တစ်ဖက်ကို ပတ်တီးအပြည့်မအုပ်ပေးလိုက်ဘူး… တခြားကလေးတွေဆို ခွဲခန်းက ထွက်တာနဲ့ အသေငိုပြီးရုန်းတာ.. ဆရာမ ၂-၃ လောက်က ဝိုင်းချုပ်ပြီး အပြင်ထုတ်ရတယ်… ငိုသံတွေဆိုတာ စိတ်ကို တော်တော်ထိခိုက်စေတယ်…. ဒီအသက်အရွယ်လေးတွေနဲ့ မျက်လုံးဘာကြောင့် စွေရတာလဲ.. ဘာကြောင့် ခွဲစိတ်ဖို့ လိုလဲဆိုတာ လေ့လာကြည့်မိတယ်….

Childhood Squint ဆိုတာက မျက်လုံးရဲ့ စုံချက်တွေက တနေရာထဲကို မကြည့်နိုင်တာ.. တဖက်က မျက်လုံးက တနေရာကို အာရုံစူးစိုက်ကြည့်ချိန်မှာ တခြားမျက်လုံးနောက်တစ်ဖက်က အဲ့ object ရဲ့ ရှေ့နောက် အပေါ်အောက် ဘေးဘယ် တနေရာရာ ရောက်နေတာမျိုး.. ဒီမှာ အများစု ခေါ်တော့ တောင်တစ်လုံး မြောက်တစ်လုံးပေါ့.. ဘေးကို ကွဲထွက်ပြီး တောင်မြောက်ဖြစ်သလို အလယ်ကို ပြန်စုပီး စွေတာလဲရှိတယ်.. မျက်လုံးစွေခြင်းက အပြင်ပုံပန်းသဏ္ဍာအရကို ထင်ရှားစွာမြင်ရတယ်… မျက်လုံးစွေခြင်း (Squint) နဲ့ သူငယ်အိမ်စောင်းခြင်း (astigmatism) ကမတူဘူးလို့ ဖတ်ရတယ်… မျက်လုံးစွေတာကနေ ခေါင်းကိုက်တာ မျက်လုံးစွေစောင်းတာ ကြွက်သားကျုံ့လာတာတွေ ဖြစ်နိုင်တယ်…ရိုးရိုး မျက်လုံးစွေတာက သူငယ်အိမ်စောင်းခြင်းကို မဖြစ်နိုင်ဘူးတဲ့.. သူငယ်အိမ်စောင်းတာကကျတော့ အမြင်ဝေဝါးသွားတာ.. မျက်စိရဲ့ ပုံရိပ်ဖမ်းတဲ့ retina မှာ ဝင်တဲ့အလင်းက မစုနိုင်တော့တာ.. အလင်းဆုံချက်တွေကို မဆုံနိုင်တော့ပဲ ဝေဝါးတာ.. အနီးမှုန်၊ အဝေးမှုန်၊ ဆလင်ဒါ ဘာညာတွေက အဲ့ သူငယ်အိမ်စောင်းတာမျိုးတွေ.. သူငယ်အိမ်စောင်းတာ ပြင်းထန်သွားရင်တော့ မျက်လုံးစွေစောင်းခြင်းကို ဖြစ်စေနိုင်တယ်တဲ့… သူငယ်အိမ်စောင်းတာက မျက်မှန်တပ်လို့ရတယ်.. မျက်လုံးစွေတာက အရမ်းမပြင်းထန်ရင် မျက်မှန်တပ်ရပေမယ့် စောင်းတဲ့ ဒီကရီများသွားရင် ခွဲစိတ်မှပဲရတယ်.. ပြန်တည့်ပေးရတာပေါ့.. သူပြန်တည့်သွားရင် အနောက်က သူငယ်အိမ်စောင်းတာလည်း တိုးတက်လာနိုင်တယ်.. မျက်မှန်တော့ တပ်ရအုံးမယ်… ဒါပေမယ့် ပါဝါတွေ စလင်ဒါတွေ ပြောင်းသွားနိုင်တယ်… ဒါကတော့ ဖတ်မိသလောက်ပေါ့နော်..

@Facebook

ဆေးရုံမှာ လူနာအများစုက ခလေးတွေ.. ခွဲစိတ်မည့် ဘုတ်မှာရေးထားတာရဲ့ လူနာအများစုကလည်း squint eye ကြီးပဲ.. ဒါဆို ခလေးတွေ ဘာလို့မျက်လုံးစွေကြလဲ… မျက်လုံးစွေရာမှာ မွေးရာပါနဲ့ မွေးပြီးမှ ဖြစ်တာ နှစ်မျိုးရှိတယ်.. မွေးရာပါကတော့ မျိုးရိုးလိုက်တာ ဒါမှမဟုတ် အကြောင်းအမည်မသိပဲ ဖြစ်တတ်တယ် (ဖတ်ကြည့်တဲ့ ဝဘ်ဆိုဒ်တွေရေးတဲ့အတိုင်းပြောတာ… သူတို့လည်း အဖြေရှာမရဘူးနဲ့ တူပါတယ်)… တူလေးဆိုရင် မွေးရာပါ မဟုတ်ဘူး.. မွေးတုန်းက အကောင်း… မျက်လုံးကပြဿနာစသိတာ ရန်ကုန်ရောက်ပြီး ကျောင်းစနေမှ သိတာ.. ကျောင်းက ဆရာက အိမ်လာပို့လိုက်တယ်.. မျက်လုံးဆရာဝန်နဲ့ပြပါ..ဒီကလေး ဘုတ်ကို မမြင်ရဘူးဆိုပီး ပြောလို့မှသိတာ.. ဒါလည်း နိုင်ငံတကာကျောင်းမို့..အစိုးရမူလတန်းကျောင်းလိုဆို ဒီကိစ္စက ပေါ်အုံးမှာ မဟုတ်သေး.. ကိုယ်တွေ ငယ်ငယ်တုန်းကလို မမြင်ရရင် ရှေ့တိုးထိုင်ပေါ့…

ဒါနဲ့ ဆေးခန်းပြတော့ မျက်လုံးက မမြင်ရတာ အမှန်ပဲ.. ဆလင်ဒါရော ပါဝါရော ရှိတဲ့အပြင် သူက ပါဝါအနုတ်ဘက်တဲ့.. ၁၀၀ မှာ ၁-၂ လောက်ပဲ ပါတတ်တယ်တဲ့.. ဒါနဲ့ စစ်ဆေးပြီးတော့ မျက်မှန်လဲ စတပ်ရော မျက်လုံးက အလယ်ထောင့်ကပ်ပီးကို စွေသွားရော… မျက်မှန်ချွတ်လိုက်ရင် ပုံမှန်ပြန်ဖြစ်သွားတယ်… ဒီတော့ ဆရာဝန်တွေ ပြန်ပြ.. သူ့အမေလည်း ဒုက္ခခံရှာတယ်.. ရန်ကုန်မှာ အကုန်ပတ်ပြတယ်.. မကျေနပ်သေးတော့ မန်းလေးမှာပါ လိုက်ပြတယ်.. နောက်ဆုံး အဖြေက တစ်သံထဲထွက်တယ်.. ခွဲရမယ်.. ခွဲဖို့လည်း ဆရာဝန်တွေကိုယ်တိုင်ပြန်ညွန်းရတဲ့ ခလေးမျက်လုံး အဓိက ကုတဲ့ နာမည်ကြီးဆရာဝန်နဲ့ပဲ..

ခုတော့ ခွဲစိတ်ပြီးတော့ မျက်လုံးက ချက်ခြင်းတည့်သွားတယ်.. ခု ဆရာဝန်နဲ့ စကားပြောတော့လဆရာက နောက်ဆရာဝန်ကို ဒီကလေးကိစ္စ ရှင်းပြတယ်..record လုပ်ထားဖို့နဲ့ ထူးထူးဆန်းဆန်း အမှုဖြစ်ကြောင်းပေါ့… သာမာန်လူတွေက မျက်လုံးစောင်းလို့ မျက်မှန်တပ်ရင် တည့်သွားတယ်..မျက်မှန်ချွတ်ရင် ပြန်စောင်းတယိ.. တကယ်လို့ မျက်မှန်တပ်လို့ စောင်းရင်တောင် ချွတ်လိုက်ရင် ဆန့်ကျင်ဘက်ကို ပြန်စွေရမယ်.. ခုက မတပ်တဲ့အချိန်မှာ ပုံမှန်ပဲ.. ဆေးပညာစကားရပ်တွေနဲ့ သူတို့ အချင်းချင်းရှင်းပြ ပြောပြကြတယ်… ဆရာက သူရှာတာလဲ မတွေ့ဘူးတဲ့.. literature မှာ မရှိသလို အင်တာနက်ကနေ လိုက်ရှာတာလဲ မတွေ့ဘူးတဲ့.. သူတို့အတွက်တော့ ထူးဆန်းနေတယ်.. မခွဲလို့ကလဲ မရဘူး.. မျက်မှန်မတပ်ရင် မမြင်ရတော့ တပ်ပြန်ရော..တပ်တော့လဲ စောင်းနေတာကြောင့် ကြွက်သားတွေက ပိတ်နေပြန်ရော.. ခုတော့ မျှအောင် ခွဲစိတ်လိုက်ရတယ်ပေါ့…

@Facebook

ဘာကြောင့်ဖြစ်လဲဆိုတဲ့ အဖြေထဲ အဓိကပါတာတခုက အိုင်ပတ်နဲ့ ဖုန်းပဲ… အသက် ၆ လထဲကနေ device တွေကို ကြည့်တယ်… အဖေအမေက အလုပ်သွားတော့ ထားခဲ့ရတဲ့ အိမ်အကူကလည်း ကျန်းမာရေးအသိက အဲ့လောက်မရှိဘူး… ထမင်းစားတိုင်း အိုင်ပတ်၊ ဖုန်း.. နောက်တခါ ကြီးလာတော့လဲ ဒီ device တွေနဲ့ပဲ တအားကစားတယ်.. ဖွံ့ဖြိုးကာစ early childhood အဆင့်မှာ ကလေးတွေကို အရမ်းဂရုစိုက်ရတယ်… အဲ့ချိန်မှာ မှားယွင်းသွားရင် ဖွံ့ဖြိုးလာတဲ့ အစိတ်အပိုင်းတွေမှာ ထိခိုက်မှုတွေဖြစ်လာတယ်… လူကြီးတွေက ခလေးငြိမ်တယ်၊ မငိုဘူး အဆင်ပြေတယ်ဆိုပီး ပြပေမယ့် ခလေးက ဒီ device တွေကို ကြည့်တဲ့ angle တွေ၊ အနီးကပ်တာတွေ၊ အားစိုက်တာတွေ မတူကြဘူး… စောင်းပီးလည်းကြည့်ရင်ကြည့်မယ်.. စွေပီးလဲ ကြည့်ရင်ကြည့်မယ်… impact ကတော့ တော်တော်များတယ်… ခုလည်းဆရာဝန်က ဖုန်းလုံးဝ မပြဖို့ သေချာမှာလိုက်တယ်..

အိမ်မှာ တူမလေးရှိသေးတယ်… ခုဆို ၄ နှစ်ကျော်လာပီ… ဒီနှစ်စလောက်မှာ စကားပြောရင် မျက်တောင်အရမ်းခတ်တာ သတိထားမိတယ်… မျက်လုံးထောင့်တွေ အကြောဆွဲသလိုဖြစ်တယ်… သူလည်း ဖုန်းကို အသေကြည့်တယ်… ယူကျုတ့်ကနေ ကာတွန်း၊ သီချင်း ဖွင့်ပေးမှ ထမင်းစားတယ်.. ညအိပ်ရင် ပုခက်ထဲ tablet လဲ ဗိုက်ပေါ်တင်ကြည့်ရင်း အိပ်တယ်… သိသိချင်းပဲ ဆေးခန်းပြပီး အကြောအားဆေးတိုက်တယ်… အကုန်ဖြတ်ပစ်တယ်… ၃ လလောက်ကြာမှ မျက်တောင်ခတ်တာ ငြိမ်ပြီး ပြန်ကောင်းသွားတယ်… ခုထိကို ဖုန်း tablet လုံးဝ ဖျတ်လိုက်ပီ… ကာတွန်းကို တီဗီအကြီးမှာ ဟိုးအနောက်ကနေပဲ ကြည့်ခွင့်ပေးတယ်… ခုပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်…

ခလေးတွေဟာ early childhood ဘဝမှာ ဂရုစိုက်ဖို့ အရမ်းအရေးကြီးတယ်… ဒါက သူတို့ဘဝပဲ… ရှေ့လျှောက် အသက်ရှင်ရမယ့် သူတို့ ဘဝမှာ အားနည်းချက်တခု မဖြစ်သွားဖို့က လူကြီးတွေမှာ တာဝန်ရှိတယ်… တချို့ အင်တာနယ်ရှင်နယ် ကျောင်းတွေမှာ စာအုပ်အစား tablet နဲ့သင်တယ်… သူတို့မှာက နည်းစနစ်တော့ရှိတယ်.. ဘယ်လိုကြည့်ရမလဲ ဘယ်လောက်အချိန်ထိပဲ သုံးခွင့်ရှိတယ် စသဖြင့်ရှိတယ်… ဒါကိုလည်း မိဘတွေက ပညာရေးအချိန်ကလွဲရင် ကျန်အချိန်တွေမှာ ထိန်းပေးဖို့ လိုမယ်… အဆင်ပြေတာပဲ… ပညာရေးပဲဆိုပြီးလဲ လုံးဝ လွှတ်ထားလို့မရဘူး… အရာအားလုံးဟာ တန်ဆေး လွန်ဘေးပဲ… ကိုယ်တွေကတော့ ကိုယ်တိုင်လဲ မျက်မှန်တွေ တပ်ရသလို ခုလိုကိစ္စလဲ တူရော တူမရော တွေ့ဖူးလိုက်ပြီ… မိဘတွေ အနေနဲ့ ကလေးတွေကို ပြုစုပြိုးထောင်တဲ့နေရာမှာ ပိုပြီးသတိထားစေချင်လို့ လေ့လာမိသလောက် ရေးပေးလိုက်တာ… ခလေးတွေမှာ အနာဂတ်ရှိတယ်… ကိုယ့်ကြောင့် ကိုယ်ခလေးရဲ့ အနာဂတ်မှာ အားနည်းချက် မဖြစ်အောင် ဂရုစိုက်ကြစေချင်တယ်…

Mark