Sponsored

Oarlah ဆိုတဲ့ ၆ လ သမီးလေးခမျာ တကိုယ်လုံး ရေယုံတွေပေါက်လို့ သူ့အမေမှာ ဆေးရုံကို ပြေးလိုက်ရပါတယ်တဲ့။

သမီးလေးရဲ့ ကိုယ်လုံးအပြင်၊ မျက်နှာ၊ တခေါင်းလုံး၊ နောက်ဆုံး ဗယ်ဘက် မျက်လုံးထဲအထိ ရေယုံတွေပေါက်ပါသတဲ့။ အမေခမျာမှာ သမီးလေးမျက်စိကွယ်သွားမှာ အရမ်းကြေက်လန့်စိုးရိမ်နေပါတယ်တဲ့။

Credit: Hollie Cruickshanks

သမီးလေးအမေ Hollie Cruickshanks က သူ့သမီးကိုတောင် မွေးကတည်းက နဖူးလေးပဲနမ်းပြီး သူကိုယ်တိုင်က ဂရုတစိုက်ထားတာပါတဲ့။

Sponsored

ဆေးရုံကတော့ ကူးစက်တဲ့ရေယုံလို့ အတည်ပြုပါတယ်။ ကံကောင်းတော့ ကလေးရဲ့ မျက်လုံးကတော့ မထိခိုက်ပါဘူးတဲ့။

Credit: Hollie Cruickshanks

အခုတော့ Oarlah လေးဟာ ဆေးရုံမှာ drip သွင်းထားပြီး အရေပြားရောင်တာတွေ ၂၄ နာရီအကြာမှာ လျော့ကျလာပါတယ်တဲ့။

ရေယုံဟာ ကူးလွယ်ပြီးတော့ အသားနာတဲ့ အရည်ကြည်ဖုတွေ ဖြစ်စေပါတယ်။

Credit: Hollie Cruickshanks

တခါတရံမှာ direct skin-to-skin အရေပြားချင်းထိတာနဲ့ကူးတော့…. တချက်ကလေးနမ်းလိုက်တာနဲ့ ကလေးအသားနုနုလေးတွေကို ကူးသွားနိုင်ပါတယ်။

ဟိုတလောကပဲ Asia parents forum တစ်ခုမှာ ကလေးကိုအသားကုန်နမ်းတဲ့ ယောင်းမရယ်၊ ကလေးကိုနမ်းတာမကြိုက်တဲ့ အမေရယ်၊ ဘယ်သူမှန်လဲ အကြီးအကျယ် ငြင်းခုန်ကြပါသေးတယ်။

Credit: Hollie Cruickshanks

👉 ရေယုံပိုးဟာ လူအတော်များများက သယ်ဆောင်နိုင်တာမို့ ဆင်ခြင်ကြစေချင်ပါတယ်။

အထူးသဖြင့် အခုလို ကိုရိုနာဗိုင်းရပ်စ်ခေတ်ထနေတဲ့ အချိန်မှာ ကလေးငယ်လေးကို နမ်းတာမပြောနဲ့ လက်နဲ့ထိတာတောင်တာတောင် သတိထားကြပါလို့။

Source: Richard Myo Thant

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *