ျမ ဇာတ္ကားထဲက မုဒိမ္းေကာင္ဇာတ္႐ုပ္အတြက္ သ႐ုပ္ေဆာင္၃ေယာက္ ေ႐ြးခ်ယ္

@Facebook

‘’ျမ’’ ႐ုပ္ရွင္ဇာတ္ကားထဲမွာ မိန္းကေလး ျမျမ ကို မုဒိမ္းက်င့္မယ့္ သ႐ုပ္ေဆာင္သစ္ ၃ ေယာက္ကိုေတာ့ ေ႐ြးခ်ယ္လိုက္ၿပီျဖစ္ပါတယ္။ ေနာက္ဆုံးဆန္ခါတင္ လူအေယာက္ ၃၀ ထဲကေန ၃ ေယာက္ေ႐ြးခ်ယ္ခဲ့တာျဖစ္တယ္လို႔ ဒါ႐ိုက္တာ ညိဳမင္းလြင္က ေျပာပါတယ္။ ဒါ႐ိုက္တာညိဳမင္းလြင္႐ိုက္ကူးမယ့္ ‘’ျမ’’ ႐ုပ္ရွင္ဇာတ္ကားအတြက္ မုဒိမ္းသမား ၃ ေယာက္ေနရမွာ သ႐ုပ္ေဆာင္မယ့္ သ႐ုပ္ေဆာင္ အသစ္ေတြကိုေတာ့ ဒီေန႔မွာပဲ ေ႐ြးထုတ္လိုက္ၿပီျဖစ္ပါတယ္။ ဒီဇာတ္ကားနဲ႔ ပတ္သက္ၿပီး ေရွ႕ဆက္လုပ္ေဆာင္သြားမယ့္ အရာေတြကို ညိဳမင္းလြင္က မီဒီယာ အင္တာဗ်ဴးေတြကေနတဆင့္ ေျဖဆိုခဲ့ပါတယ္။

@Facebook

‘’ ဒီေန႔ အတြက္ကေတာ့ ေက်နပ္ပါတယ္။ လူအေယာက္ ရာေက်ာ္ လာေလွ်ာက္ၾကတယ္။ ဒီေန႔က ဆန္ခါတင္အေယာက္ ၃၀ ထဲကေန ၃ ေယာက္ ေ႐ြးခဲ့တာပါ။ လူအေဟာင္းေတြကိုရရင္လည္း ကြၽန္ေတာ္တို႔ လုပ္ထားတာေတြကို ဆင္ဆာျဖတ္မွာလား၊ ဘာလားဆိုတဲ့ အဲဒီေမးခြန္းေတြကို အမ်ားႀကီးရွင္းျပတာထက္စာရင္ အသစ္ အသစ္ေတြကို သင္လိုက္ရတာ ပိုေကာင္းပါတယ္’’ လို႔ သူကဆိုပါတယ္။

‘’ျမ’’ ဇာတ္ကားမွာ အဓိက သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္လာမယ့္ သင္ဇာဝင့္ေက်ာ္ကလည္း ျမျမ ကာ႐ိုက္တာကို ကိုယ္တိုင္စိတ္ဝင္စားလို႔လည္း ႐ိုက္ကူးဖို႔ လက္ခံလိုက္တယ္ဆိုတာကို စက္တင္ဘာလ ၈ ရက္ေန႔က မုဒိမ္းကာ႐ိုက္တာအတြက္ လူေ႐ြးပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

@Facebook

‘’ ျမျမ ကိစၥျဖစ္ၿပီးေတာ့ ကိုညိဳက ဒီဇာတ္ကားကို ႐ုပ္ရွင္႐ိုက္မယ္လို႔ ေၾကျငာၿပီးကတည္းက သင္ဇာ့ကို ဆက္သြယ္လာတယ္။ ျမျမ ကာ႐ိုက္တာကို သူ စဥ္းစားလိုက္တဲ့အခ်ိန္မွာ သင္ဇာ့ကို ပဲ ျမင္တယ္တဲ့။ သင္ဇာနဲ႔ပဲ ႐ိုက္ခ်င္တယ္လို႔ ေျပာတာနဲ႔ ကိုယ္ကိုယ္တိုင္ကလည္း စိတ္ဝင္စားခဲ့တယ္ေပါ့ေနာ္။ ျမျမအေၾကာင္းအျပင္ ကိုညိဳ စိတ္ကူးထားတာေလးနဲ႔ေပါင္းၿပီးေတာ့႐ိုက္မွာ’’ လို႔ ဆိုပါတယ္။

‘’ျမ’’ ဇာတ္ကားအတြက္ မုဒိမ္းေကာင္ ၃ ေယာက္အျဖစ္ပါဝင္လာမယ့္ သ႐ုပ္ေဆာင္ အသစ္ေတြကေတာ့ ရခိုင္ျပည္နယ္ကေန ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ ကိုလင္းေန ၊ မႏၲေလးၿမိဳ႕ကေန လာေရာက္ယွဥ္ၿပိဳင္တဲ့ ကိုမ်ိဳးလႈိင္ဝင္းနဲ႔ ကခ်င္ျပည္နယ္ကေန လာေရာက္ယွဥ္ၿပိဳင္တဲ့ ကိုစိုင္း တို႔ရဲ႕ ရင္ခုန္သံစကားကိုလည္း အခုလို ေျပာျပခဲ့ပါတယ္။

@Facebook

‘’ဒီသ႐ုပ္ေဆာင္ေ႐ြးပြဲမွာ ပါသြားတဲ့အတြက္ ကြၽန္ေတာ္တို႔ရဲ႕ အိပ္မက္ျဖစ္ခြင့္ရဖို႔ အခြင့္အေရးတစ္ခုေပါ့ေနာ္’’ လို႔ ဆိုပါတယ္။ အဲဒီေနာက္ ကိုမ်ိဳးလႈိင္ဝင္းကလည္း ‘’ ကြၽန္ေတာ္ကေတာ့ ေပ်ာ္ပါတယ္။ သင္ဇာဝင့္ေက်ာ္ကို တကယ္ထိေတြ႕ခြင့္ရေတာ့မွာဆိုေတာ့ ေပ်ာ္ပါတယ္’’လို႔ သူကေျပာပါတယ္။ ေနာက္ထပ္ပါဝင္လာတဲ့ ကိုစိုင္းကလည္း ‘’ ကြၽန္ေတာ္က ကခ်င္ျပည္နယ္က လာၿပိဳင္တာပါ။ ဒီဇာတ္ကားအတြက္ေတာ့ အဝင္းေျပာသလို စိတ္ခုန္ပါတယ္’’ ဆိုၿပီးေတာ့ ဆက္လက္ေျပာျပခဲ့ပါတယ္။

@Facebook

‘’ျမ’’႐ုပ္ရွင္ဇာတ္ကားႀကီးကိုေတာာ့ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလ အတြင္းမွာ႐ိုက္ကူးသြားမယ္လို႔ သိရပါတယ္။ ဒီဇာတ္ကားမွာေတာ့ မုဒိမ္းေကာင္ ၃ ေယာက္အျပင္ ေနာက္ထပ္ သ႐ုပ္ေဆာင္ ၂ ေယာက္လည္း ထပ္မံပါဝင္လာဦးမယ္လို႔ ဒါ႐ိုက္တာ ညိဳမင္းလြင္က ေျပာပါတယ္။ ဒီဇာတ္ကားကိုေတာ့ ျမျမ ဆိုတဲ့ မိန္းကေလးလို႔ လူသိခဲ့တဲ့ ေတာင္ဒဂုံစက္မႈဇုံမွာပဲ ႐ိုက္ကူးသြားမယ္လို႔ သိရပါတယ္။


#Unicode version

‘’မြ’’ ရုပ်ရှင်ဇာတ်ကားထဲမှာ မိန်းကလေး မြမြ ကို မုဒိမ်းကျင့်မယ့် သရုပ်ဆောင်သစ် ၃ ယောက်ကိုတော့ ရွေးချယ်လိုက်ပြီဖြစ်ပါတယ်။ နောက်ဆုံးဆန်ခါတင် လူအယောက် ၃၀ ထဲကနေ ၃ ယောက်ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဒါရိုက်တာ ညိုမင်းလွင်က ပြောပါတယ်။ဒါရိုက်တာညိုမင်းလွင်ရိုက်ကူးမယ့် ‘’မြ’’ ရုပ်ရှင်ဇာတ်ကားအတွက် မုဒိမ်းသမား ၃ ယောက်နေရမှာ သရုပ်ဆောင်မယ့် သရုပ်ဆောင် အသစ်တွေကိုတော့ ဒီနေ့မှာပဲ ရွေးထုတ်လိုက်ပြီဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ရှေ့ဆက်လုပ်ဆောင်သွားမယ့် အရာတွေကို ညိုမင်းလွင်က မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။

‘’ ဒီနေ့ အတွက်ကတော့ ကျေနပ်ပါတယ်။ လူအယောက် ရာကျော် လာလျှောက်ကြတယ်။ ဒီနေ့က ဆန်ခါတင်အယောက် ၃၀ ထဲကနေ ၃ ယောက် ရွေးခဲ့တာပါ။ လူအဟောင်းတွေကိုရရင်လည်း ကျွန်တော်တို့ လုပ်ထားတာတွေကို ဆင်ဆာဖြတ်မှာလား၊ ဘာလားဆိုတဲ့ အဲဒီမေးခွန်းတွေကို အများကြီးရှင်းပြတာထက်စာရင် အသစ် အသစ်တွေကို သင်လိုက်ရတာ ပိုကောင်းပါတယ်’’ လို့ သူကဆိုပါတယ်။

‘’မြ’’ ဇာတ်ကားမှာ အဓိက သရုပ်ဆောင်တစ်ယောက်ဖြစ်လာမယ့် သင်ဇာဝင့်ကျော်ကလည်း မြမြ ကာရိုက်တာကို ကိုယ်တိုင်စိတ်ဝင်စားလို့လည်း ရိုက်ကူးဖို့ လက်ခံလိုက်တယ်ဆိုတာကို စက်တင်ဘာလ ၈ ရက်နေ့က မုဒိမ်းကာရိုက်တာအတွက် လူရွေးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

‘’ မြမြ ကိစ္စဖြစ်ပြီးတော့ ကိုညိုက ဒီဇာတ်ကားကို ရုပ်ရှင်ရိုက်မယ်လို့ ကြေငြာပြီးကတည်းက သင်ဇာ့ကို ဆက်သွယ်လာတယ်။ မြမြ ကာရိုက်တာကို သူ စဉ်းစားလိုက်တဲ့အချိန်မှာ သင်ဇာ့ကို ပဲ မြင်တယ်တဲ့။ သင်ဇာနဲ့ပဲ ရိုက်ချင်တယ်လို့ ပြောတာနဲ့ ကိုယ်ကိုယ်တိုင်ကလည်း စိတ်ဝင်စားခဲ့တယ်ပေါ့နော်။ မြမြအကြောင်းအပြင် ကိုညို စိတ်ကူးထားတာလေးနဲ့ပေါင်းပြီးတော့ရိုက်မှာ’’ လို့ ဆိုပါတယ်။

‘’မြ’’ ဇာတ်ကားအတွက် မုဒိမ်းကောင် ၃ ယောက်အဖြစ်ပါဝင်လာမယ့် သရုပ်ဆောင် အသစ်တွေကတော့ ရခိုင်ပြည်နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုလင်းနေ ၊ မန္တလေးမြို့ကနေ လာရောက်ယှဉ်ပြိုင်တဲ့ ကိုမျိုးလှိုင်ဝင်းနဲ့ ကချင်ပြည်နယ်ကနေ လာရောက်ယှဉ်ပြိုင်တဲ့ ကိုစိုင်း တို့ရဲ့ ရင်ခုန်သံစကားကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

‘’ဒီသရုပ်ဆောင်ရွေးပွဲမှာ ပါသွားတဲ့အတွက် ကျွန်တော်တို့ရဲ့ အိပ်မက်ဖြစ်ခွင့်ရဖို့ အခွင့်အရေးတစ်ခုပေါ့နော်’’ လို့ ဆိုပါတယ်။ အဲဒီနောက် ကိုမျိုးလှိုင်ဝင်းကလည်း ‘’ ကျွန်တော်ကတော့ ပျော်ပါတယ်။ သင်ဇာဝင့်ကျော်ကို တကယ်ထိတွေ့ခွင့်ရတော့မှာဆိုတော့ ပျော်ပါတယ်’’လို့ သူကပြောပါတယ်။ နောက်ထပ်ပါဝင်လာတဲ့ ကိုစိုင်းကလည်း ‘’ ကျွန်တော်က ကချင်ပြည်နယ်က လာပြိုင်တာပါ။ ဒီဇာတ်ကားအတွက်တော့ အဝင်းပြောသလို စိတ်ခုန်ပါတယ်’’ ဆိုပြီးတော့ ဆက်လက်ပြောပြခဲ့ပါတယ်။

‘’မြ’’ရုပ်ရှင်ဇာတ်ကားကြီးကိုတောာ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ အတွင်းမှာရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမှာတော့ မုဒိမ်းကောင် ၃ ယောက်အပြင် နောက်ထပ် သရုပ်ဆောင် ၂ ယောက်လည်း ထပ်မံပါဝင်လာဦးမယ်လို့ ဒါရိုက်တာ ညိုမင်းလွင်က ပြောပါတယ်။ ဒီဇာတ်ကားကိုတော့ မြမြ ဆိုတဲ့ မိန်းကလေးလို့ လူသိခဲ့တဲ့ တောင်ဒဂုံစက်မှုဇုံမှာပဲ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။